Pages

September 25, 2008

Soya Sauce Chicken Rice

ဟိုနေ့ က နေ့ လယ်စား စားချိန်မှာ စားလေ့ရှိတဲ့ Prawn Noodle အကြောင်းကို ပုံနဲ့ တကွ ဒီမှာ ရေးဖြစ်တယ်။ အခု နောက်တမျိုးအကြောင်း ရေးမယ်။ Soya Sauce Chicken Rice အကြောင်းပါ။ နေ့ လယ်စာ အတူ သွားစားလေ့ရှိတဲ့ သူတွေထဲက တစ်ယောက်က အဲဒီ Chicken Rice ကို အရမ်းကြိုက်တဲ့အတွက် တစ်ပတ် ၁ ရက်တော့ အမြဲသွားစားဖြစ်တယ်။ အများအားဖြင့် အင်္ဂါနေ့ ။ ဒါကြောင့် ကျွန်မတို့  အလုပ်က သူငယ်ချင်းတွေကြားမှာ အင်္ဂါနေ့ ကို လူမသိအောင်ပြောမယ်ဆို လျှို့ ဝှက်ကုဒ်ကို သုံးပြီး Chicken Rice Day လို့ ပြောလေ့ရှိတယ်။

Chicken Rice တစ်ပွဲချင်းမှာ ရင်တော့ အအေး မပါ၊ ထမင်း/ခေါက်ဆွဲ နဲ့ ကြက်သား တပွဲကို S$3 ပဲရှိတယ်။ ဈေးသက်သာ တယ်လို့  ထင်ပါတယ်။ ဒါပေမယ့် အသားနည်းတယ်။ ကျွန်မတို့ က အသားများများစားချင်တော့ တစ်ယောက် တစ်ပွဲမမှာပဲ အားလုံးစုမှာပြီး စားလေ့ရှိတယ်။ ထမင်း နဲ့  ခေါက်ဆွဲကတော့ ကိုယ်ကြိုက်တာ ကိုယ် မှာလေ့ရှိတယ်။ ကြက်သားတစ်ပွဲ နဲ့  အရွက်တစ်ပွဲ အမြဲမှာစားတယ်။ အအေးတစ်ယောက်တစ်ခွက် လည်းမှာတယ်။ တချို့ သူတွေက ထမင်အပိုယူလေ့ရှိတယ်။ လူအရေအတွက်အလိုက် ဈေးက နည်းနည်း ပြောင်းလဲတယ်။ အဲလို ရှယ်ယာလုပ်စားတာ စားမယ်ဆို တစ်ယောက်ကို S$ 5-6 ပေးရပါတယ်။

Chiew Kee Chicken Noodle House
32 Upper Cross Street
Phone : 62213531
8 am to 7 pm
Alt Wednesday off





Upper Cross Street မှာ Soya Sauce Chicken ဆိုင်က နှစ်ဆိုင်တောင်ရှိတယ်။ Chiew Kee နဲ့  Chew Kee လို့ ခေါ်တယ်။ အဲဒီဆိုင်နှစ်ဆိုင်ရဲ့ နောက်မှာ ဇာတ်လမ်းရှိတယ်။ အရင်က Upper Cross Street ရဲ့ Coffee Shop တစ်ဆိုင်မှာ မောင်နှမ (Big Sis and Bro) တွေ အတူတကွ Soya Sauce Chicken Rice နဲ့  Soya Sauce Chicken Noodle ဆိုပြီး ရောင်းတယ် လို့ သိရတယ်။ နောက်ပိုင်း ပြဿနာတစ်ခု တတ်ပြီး ဆိုင်နှစ်ဆိုင် သီးခြားဖွင့်ဖို့  ဆုံးဖြတ်လိုက်ကြတယ်တဲ့။ ဘယ်သူက မူလနာမည်နဲ့  ဆိုင်ကို ရမလဲ ဆုံးဖြတ်ရမှာ အစ်မကြီးက အနိုင်ရသွားပြီး၊ မူလနေရာမှာ မူလနာမည်နဲ့  ဆိုင်ဆက်ဖွင့်တယ်။ မောင်အငယ်ကတော့ မလှမ်းမကန်း Upper Cross Street ပေါ်မှာပဲ တခြားနာမည်နဲ့  ဆိုင် ဖွင့်ခဲ့တယ်လို့ သိရတယ်။

ကျွန်မတို့  အမြဲသွားစားလေ့ရှိတဲ့ ဆိုင်နာမည်က Chiew Kee (Little Brother) ရဲ့ ဆိုင်ပါ။ သွားစားမယ်ဆို နာမည်မမှားပါနဲ့ ။ Chew Kee က Big Sister ရဲ့ဆိုင်။ Chew Kee (Big Sis) မှာလည်း စားဖူးတယ်။ သိပ်မကြိုက်ဘူး။ အဲဒီ ဆိုင်နှစ်ဆိုင်က ကြက်သားက တူသလိုလို နဲ့  မတူဘူး။ ထမင်းကိုတော့ သတိမထားမိဘူး၊ ခေါက်ဆွဲ အရောင် နဲ့  ကြက်သာအရောင်၊ အရသာကတော့ တစ်ဆိုင်နဲ့ တစ်ဆိုင် အတော်လေးကွဲတယ်။ ကျွန်မတို့ စားလေ့ရှိတဲ့ Little Brother ရဲ့ ဆိုင်က ကြက်သားက အရောင်နည်းနည်းဖျော့ပြီး ပိုနူးညံ့ပြီး ပိုစားကောင်းတယ်။ ခေါက်ဆွဲကလည်း နည်းနည်း အလုံး ပိုသေးတယ်။ ပိုလည်း သန့် ရှင်းတယ်။ နေ့ လယ်ဆိုရင် 12 PM နဲ့  2 PM အကြား သွားစားမယ်ဆို အပေါ်ထပ်က အခန်းကို ဖွင့်ပေးထားတဲ့အတွက် အပေါ်မှာ စားလို့  ရတယ်။ အောက်မှာ ထိုင်စားမယ်ဆိုရင် လူသွားလူလာများပြီး ရှုပ်တယ်။ ဒါပေမယ့် လူ ၄ ယောက်အထပ်မှ အပေါ်ခန်းမှာ စားလို့ ရပါတယ်။ လူများတယ်ဆို ကြိုပြီး ဖုန်းဆက်ပြီး မှာထားလို့ ရတယ်။ ပုံတွေကြည့်ပြီး စားချင်စိတ်ပေါ်သွားတယ်ဆို အပေါ်မှာ လိပ်စာပါ အတိအကျပေးထားပါတယ်။ သွာပြီး မြည်းစမ်းကြည့်ကြပါ။

Chiew Kee - Bro (left) and Chew Kee - Sis (Right)
ဒါက အင်တာနက်ပေါ်မှာ လိုက်ရှာထားတာ။ အဲဒီ ဆိုင်နှစ်ဆိုင်က Soya Sauce Chicken Noodle ကို ယှဉ်ပြ ထားတာပါ။ နှိုင်းယှဉ်စားကြည့်ချင်တယ်ဆို ကြည့်လို့ ရအောင် ဒီပုံနဲ့ အတူ လိပ်စာနှစ်ခုကိုပါ ရေးပေး လိုက်ပါတယ်။
























Chiew Kee Chicken Noodle House
(little bro)
Chew Kee Eating House (big sis)
32 Upper Cross Street8 Upper Cross Street
Ph: 62213531 Ph: 62220507
8am to 7pm9am - 7pm
Alt Wednesday offClosed every Friday except on Public Holiday

5 comments:

Anonymous said...

ငတ်ကြီးကျလိုက်ဦး မယ်အနော်လဲ ကြိုက်တယ်

Anonymous said...

n^3

i also same with u, prefer little bro. In china town i have 3 favorite shps. 1 myanmar dan poke shps, little bro chicken rice sop and porridge shop in front of ppl prk.

Nay Nay Naing said...

မြန်မာဒန်ပေါက်ကိုလည်း သွားစားကြည့်မယ်... PPK ကို လည်း ထမင်းသွားစားဖြစ်တယ်...ဆန်ပြုတ်ကို မကြိုက်ဘူး..ကြုံရင်တော့ စားကြည့်ပါအုံးမယ်.

Life is for Success said...

go and try it. in sg nothing only eating n sleeping. very boring. If something intresting going place pls share with me.

Nay Nay Naing said...

ဟုတ်တယ်.. ဒီမှာက အားလပ်ရက်ဆို ဘာမှလုပ်စရာမရှိ။ ပျင်းဖို့ အတော်ကောင်းတယ်။ ဒါနဲ့  ကွန်ပြူတာရှည့်မှာပဲ အချိန်ကုန်နေဖြစ်တယ်။...
နောက် တစ်ပတ်ထဲတော့ အဲဒီ ဒန်ပေါက်သွားစားအုံးမယ်.. တခြား ဆိုင်ကောင်းတွေသိရင် ပြောပြပါအုံး။ ကျွန်မ အစားအသောက်ဆိုင် ကောင်းကောင်းလေးတွေ သွားစားဖြစ်တယ်ဆိုရင်လည်း သတင်းပေးပါမယ်။ :-)