Pages

July 25, 2008

SysAdmin Day (Last Friday of July)

Today is the 9th annual System Administration Day!!!
If you’re able to read this post, THANK your System Administrator!!!


System Administrator Appreciation Day
ကျွန်မလည်း အိုင်တီလောကမှာ အလုပ်လုပ်နေတဲ့ သူတစ်ယောက်ဆိုတော့ System Adminstraor တွေရဲ့ အရေးပါပုံ၊ အလုပ်များပုံ နဲ့  System/Network မှာ တစ်ခုခု အဆင်မပြေ ဖြစ်တာနဲ့  သူတို့ အရင်ပြဿနာ ရှာခံရပုံတွေကို သိနေတယ်။ ကျွန်မတို့  Appliction Developement ပိုင်းကလို ပြဿနာကို ဘယ်တော့ ရှင်းပေးမယ် ဆိုတာမျိုး သူတို့ လုပ်လို့ မရဘူး။ ပြဿနာ တစ်ခုခု တတ်ပြီ ဆိုရင် အချိန်ဆိုင်းလို့  မရဘူး၊ ချက်ချင်းရအောင် ရှင်းပဲ။ ဒီတော့ SysAdmin တွေဟာ လိုအပ်ရင် လိုအပ်သလို 24/7 အလုပ်လုပ်ကြရတယ်။ အတော်လေး စိတ်ပင်ပန်းတဲ့ အလုပ်တစ်ခုပဲ။

SysAdmin Day ကို 2000 က စပြီးကျင်းပခဲ့တာ ဆိုတော့ အခုနှစ်ဆို ၉ နှစ်ရှိနေပြီ။ အခုဆို ကမ္ဘာနိုင်ငံ အတော်များများက လူတွေ အသိအမှတ်ပြုနေပြီ။ Official Holiday တော့ မဟုတ်ဘူး။ ဒီနေ့ မှာ ကုမ္ပဏီတွေမှာ SysAdmin တွေ ပင်ပန်းမှု့၊ အရေးပါမှု့ တွေကို သတိတရနဲ့  ကျေးဇူးတင်ကြောင်း ပြော၊ လက်ဆောင်တွေပေး လုပ်တယ်လို့  သိရတယ်။ အသိအမှတ်ပြုတဲ့ သဘောပေါ့။ အိုင်တီ၊ အင်တာနက် ဆိုတာ ခုခေတ်မှာ လူတိုင်း၊ ကုမ္ပဏီတိုင်း ကင်းကွာလို့ ရတဲ့ အရာမှ မဟုတ်တာ။ ဒီအောက်မှာတော့ နားထောင်ပြီး သဘောကျမိတဲ့ SysAdmin Day အကြောင်း သီချင်းတစ်ပုဒ်ကို ရှယ်ယာလုပ်လိုက်တယ်။

သီချင်းရဲ့ စာသားတွေ နဲ့  SysAdmin Day ဘယ်လို စတင်ပေါ်ပေါက်လာခဲ့တယ် ဆိုတာတွေ သိချင်တယ်ဆို System Administrator Appreciation Day မှာ ဖတ်ကြည့်လို့  ရပါတယ်။

2 comments:

Thinzar said...

အင်း..ဟုတ်တယ်နော် အစ်မ.. ရုံးမှာ အားအကိုးရဆုံးက sysAdmin ဘဲ။ ကိုယ်က programming သာ ရတာ။ configuration လုပ်လို့ မရတော့ရင်လည်း သူတို့ကိုဘဲ မေးရတာ။ virus ၀င်ရင်လည်း သူတို့ဆီဘဲ။ BSOD ဆိုရင်လည်း sysAdmin တွေ ရှိပေလို့။ တော်တော်တော့ စိတ်ညစ်ကြရှာမယ် =)

Nay Nay Naing said...

ဟုတ်တယ်။ ပင်ပန်းတယ်။ ၀ါသနာလည်း မပါလို့ လားမသိဘူး IT အလုပ်တွေထဲမှာဆို SYSAdmin အလုပ်ကို လုံးဝ မလုပ်ချင်ဘူး။