Peace. It does not mean to be in a place where there is no noise, trouble or hard work. It means to be in the midst of those things and still
be calm in your heart.
(unknown)
မနှစ်က မွေးနေ့ မှာ လက်ဆောင်အနေနဲ့ ရခဲ့တဲ့ အထက်ဖော်ပြပါ စာသားတွေပါတဲ့ ခွက်ကလေးကို နှမျောတာနဲ့  ထုတ်မသုံးပဲ အမှတ်တရ အနေနဲ့  သိမ်းထားဖြစ်ခဲ့တယ်။ အရွယ်အစားက သာမန်ထက် နည်းနည်းပိုကြီးတယ်။ မသုံးဖြစ်တဲ့ အကြောင်းတွေထဲမှာ အရောင်က အဖြူလေးမို့  ခနလေး ညစ်ပေသွားမှာ စိုးရိမ်တာလဲ ပါတယ်။ ဒါပေမယ့် 07-07-2008 မှာ ဒီခွက်ကို အသုံးပြုတော့မယ် ဆုံးဖြတ်ပြီး စတင် အသုံးပြုဖြစ်သွားတယ်။ ပစ္စည်း တစ်ခုကို သိမ်းထားတာထက်စာရင် အသုံးပြုလိုက်တာက ပိုပြီး ကောင်းမှာပါ။ ပျက်ဆီးသွားတဲ့အခါလည်း ပျက်ချိန်တန်လို့  ပျက်သွားတယ် မှတ်လိုက်တာပေါ့။ စိတ်ကလေး ထားတတ်အောင် နေမှ။ အင်း... ဒီခွက်လေး သုံးဖြစ်နေတော့ ရေသောက်တိုင်း၊ အအေးသောက်တိုင်း အပေါ်မှာ ရေးထားတဲ့ စာသားတွေလဲ အမြဲ မြင်နေရာတာ တမျိုးကောင်းပါတယ်။ ခုရက်ပိုင်း ရာသီဥတုက ပူတော့ ရေတွေ၊ အအေးတွေ အမြဲ သောက်ဖြစ်နေတယ်...
I wish you PEACE....Today and Always!!
Other Links :
A Picture Of Peace - Story
3 comments:
Nice quote!
I always PEACE with you နော်...။(Especially when you are about to treat me something) :D
ဘာကြောင့်ပဲဖြစ်ပါစေ ... အိမ်ရှေ့ စံ ကိုယ်တော်ကြီးက PEACE လို့ ပြောတဲ့ အတွက် အထူးပင် ၀မ်းမြောက်ဝမ်းသာ ဖြစ်မိပါကြောင်း မှတ်တမ်းတင်အပ်ပါသည် :P ဒါနဲ့  ဖက်ထုတ်ကြော်လေး ၀ယ်ကျွေးဖို့ စိတ်ကူးမရှိဘူလား .. သင်္ဘောသီးထောင်းလေးဆိုလဲ ရပါတယ်:D
Post a Comment