Pages

July 09, 2008

Opera 9.5 and Firefox 3

"Opera 9.5 and Firefox 3" လို့  ခေါင်းစဉ်တပ်ထားပြီး Opera နဲ့  Firefox ရဲ့ အားသာချက်၊ အားနည်းချက် တွေကို နည်းပညာပိုင်းဆိုင်ရာအရ အသေးစိတ် နှိုင်းယှဉ်ရေးသားမလို့  မဟုတ်ပါဘူး။ ခုရက်ပိုင်း ဒီ Browser နှစ်ခုလုံးကို အသုံးပြုဖြစ်နေတဲ့ အတွက် အခုလို နာမည်တတ်လိုက်တာပါ။ အသုံးပြုရင်း သတိထားမိတဲ့ အသေးအဖွဲလေးတွေကို ရေးမယ်လေ။ အခုဆို ကျွန်မရဲ့ ကွန်ပြူတာမှာ IE 7 , Firefox 3 နဲ့  Opera 9.5 ကို သွင်းထားပါတယ်။ အလုပ်မှာ သုံးတဲ့ ကွန်ပြူတာမှာဆို Safari 3.1 ပါ တောင်သွင်းထားပါတယ်။ ဒါပေမယ့် အရင်က အဓိက သုံးဖြစ်တာ Firefox နဲ့  IE ပါ။ အခုရက်ပိုင်းတော့ Opera ကို အတော်လေး သုံးဖြစ်တယ်။
ဘာကြောင့်လဲ ဆိုတော့ အခု အသစ်ထွက်လာတဲ့ Firefox 3 ကို သုံးတဲ့အခါ မှာ Airal font နဲ့ ရေးထားတဲ့ စာလုံးတွေဆို ခပ်ထူထူ စာလုံးကြီးကြီးနဲ့  ပြနေတဲ့အတွက် ကျွန်မ မျက်စိထဲမှာ တစ်မျိုးကြီးနဲ့  ကြည့်ရတာ လုံးဝ အဆင်မပြေ ဖြစ်နေပါတယ်။ (Default font ကို ဇော်ဂျီ ပြောင်းထားတာကြောင့် အဲလို ဖြစ်တာထင်တယ်။ အရင် Firefox 2 မှာ တုန်းကလည်း အဲဒီလို ပြောင်းထားပေမယ့် ခုလိုမဖြစ်ဘူး အားလုံး အဆင်ပြေတယ်။ ) တခြားသူတွေ ဇော်ဂျီကို default font ထားတဲ့သူတွေ အဲ့လို ဖြစ်မဖြစ် မသိဘူး။ ကျွန်မ အသုံးပြုတဲ့ ကွန်ပြူတာ တိုင်းမှာ အဲဒီလိုပဲ အမြဲဖြစ်နေတယ်။ ဖြစ်တာကလည်း Airal Font တစ်ခုတည်းပါ။ တခြား Font တွေကို စမ်းကြည့်တော့ အဆင်ပြေပြေ မြင်ရတယ်။ ဆိုးတာက Website တွေအတော်များများက Arial Font ပဲ သုံးကြတယ်လေ။

ဒါဟာ တချိန်လုံး နီးပါး Google လုပ်နေတတ်တဲ့ ကျွန်မ အတွက် ပြဿနာကြီးတရပ်လို ဖြစ်သွားပါတယ်။ Google က Search Result တွေ ကြည့်ရတဲ့ အခါ လုံးဝ အဆင်မပြေတော့ဘူး။ ပုံမှန်ဆို Google Search Result မှာ ကိုယ်ရှာတဲ့ စာလုံးကို Bold နဲ့  ပြပါတယ်။ ဒါပေမယ့် အခုအခါတော့ အကုန်လုံးက Bold တွေလို ဖြစ်နေတဲ့ အတွက် ဘာရှာတာလဲ ဆိုတာ မမြင်ရတော့ဘူး။ အင်္ဂလိပ်လို ရေးထားတဲ့ စာလုံးတွေရှာတဲ့ အခါမှာ အတော်လေး စိတ်ပျက်ရတယ်။
Opera 9.5 and Firefox 3 ဆိုတဲ့စာလုံးတွေ ကို Firefox 3 ကို သုံးပြီး Google News မှာ ရှာတဲ့အခါ
Opera 9.5 and Firefox 3 ဆိုတဲ့စာလုံးတွေကို Opera 9.5 ကို သုံးပြီး Google News မှာ ရှာတဲ့အခါ
Firefox မှာ Google လုပ်ရတာ အဆင်မပြေတာနဲ့  တခြား ဘယ်ဘရောက်ဇာကို သုံးရင်ကောင်းမလဲ တွေးရတော့တာပေါ့။ IE 7 နဲ့  Safari ကို အဓိက Browser အနေနဲ့  မသုံးချင်တာနဲ့  Opera 9.5 ကို သုံးကြည့်ဖြစ်တယ်။ သူငယ်ချင်းတွေ ညွှန်းတာကြောင့်လည်း ပါတယ်။ သုံးရင်းနဲ့  အတော်လေး အဆင်ပြေတာကို တွေ့ ရတယ်။ အရင်က Opera ကို ကောင်းမှန်းသိပေမယ့် မသုံးဖြစ်တာက Opera မှာ မြန်မာစာတွေ မမြင်ရတာကြောင့်ပါ။ ကျွန်မ က မြန်မာစာ (ဇော်ဂျီ) နဲ့  ရေးထားတဲ့ ဆိုဒ်တွေကို အချိန်ရတိုင်း သွားဖတ်လေရှိတဲ့ အတွက် Opera ကို သုံးဖို့  အဆင်မပြေခဲ့ဘူး။ အခု အသစ်ထွက်လာတဲ့ Opera 9.5 က စလို့  ဇော်ဂျီမြန်မာ ယူနီကုတ်ကို မြင်ရပါပြီ။ ဒါကြောင့် အခုရက်ပိုင်း Opera ကို အလုပ်ကိစ္စ မဟုတ်ပဲ Personal Web Browsing လုပ်တဲ့ အခါ၊ Google လုပ်တဲ့အခါတွေမှာ အတော်လေး သုံးဖြစ်နေပါတယ်။ အလုပ်အတွက်ကတော့ IE ကို ပစ်ပယ်လို့  မရပြန်ဘူး။Opera 9.5 ကစပြီး ဇော်ဂျီနဲ့ ရေးထားတာတွေကို ဖတ်တာ အဆင်ပြေသွားပေမယ့်၊ ရေးတဲ့အခါမှာတော့ တခါတလေမှာ အဆင်မပြေဖြစ်တတ်တယ်။ အခုအချိန်အထိ ဇော်ဂျီ မြန်မာစာအတွက် အကောင်းဆုံး Browser ကို ပြောပါဆို Firefox လို့ ပဲ ပြောရအုံးမှာ ပါပဲ။ ကိုယ်ဘာလုပ်မယ် ဆိုတဲ့ အခြေအနေပေါ် မူတည်ပြီး Firefox 3 နဲ့  Opera 9.51 တစ်ခုခုကို အဓိက Browser အဖြစ် အသုံးပြုဖြစ်နေပါတယ်။
* အခုလက်ရှိ 3rd July မှာ ထွက်တဲ့ Opera 9.51 ကို အသုံးပြုနေပါတယ်။

Something about Firefox 3 and Opera 9.5 ..
Firefox 3 vs. Opera 9.5 - GeeksToGo
Security Features in FireFox 3 and Opera 9.5 - GeeksToGo
Opera 9.5 gives Firefox 3 a run for its money - Linux
Opera 9.5 is better than Firefox 3 - Riadocs
Browser war : Firefox 3 vs Opera 95
Firefox 3 and Opera 9.5: Isn’t choice fun?

12 comments:

MGLUAYE said...

ဟုတ်တယ်ဗျို့... ဘာဖြစ်မှန်း မသိဘူး.. ကျွန်တော့် ရုံးက စက်မှာလည်း Firefox 3 မှာ ဖောင့်တွေ Bold တွေ ဖြစ်နေတယ်။ Firefox 3 ကြောင့် ဖြစ်တာလားဆိုပြီး Firefox 3 ကို Uninstall လုပ်တယ်။ အယင် အဟောင်းလေးပဲ ပြန် Install လည်း ထူးမခြားနားပဲ။ စက်တိုင်း ဖြစ်လားဆိုတော့လည်း မဟုတ်ပြန်ဘူး။ အိမ်ကစက်ကျတော့ ဖြစ်ဘူးဗျ။

Opera နဲ့တော့ Try ကြည့်ဦးမယ်။

Share လုပ်တာ ကျေးဇူးပါ။

Ko Boyz said...

အော်ပရာ မကြိုက်ဘူး.. ခုထိ ဇော်ဂျီဖောင့်တွေကို ချက်မှာ ကဘောက်တိ ကဘောက်ချာ ပြနေလို့...။ ဥပမာ - အောက်ကမြစ်ကို ယရစ်ဝဆွဲဆိုပြီး ပြနေတာတို့...။ န ကို ဥ ဆိုပြီး ပြနေတာတို့... ဘယ်လိုမှ ပြင်လို့ မရဘူး...။ ကယ်လ်ဗင်ကတော့ Dun blame opera for yr stupidity ဆိုပြီး ချီးကျူး ထောပနာ ပြုသွားလေရဲ့...။ (သူက အော်ပရာ ချစ်သူကိုး...။)
နောက်တစ်ချက်က နေးတစ်ကို အော်ပရာနဲ့ မြန်မာစာရေးရင် အဆင်မပြေဘူး...။
အဲဒါနဲ့ ခုထိ အော်ပရာကို မကြိုက်သေးဘူး...။
င်္FireFox မှာတော့ နေနေ ပြောသလို စာလုံးတွေ အကုန် ဘိုးလ်ဖြစ်တာတော့ မကြုံသေးဘူး...။ ဟိုတဟ်လောက် ရိုက်ကလစ် နှိပ်လို့ မရတာက Adds On တွေကြောင့် ဖြစ်တာ...။ Adds On တွေ ဖြုတ်ချလိုက်တော့ အကုန် အဆင်ပြေနေတယ်...။

Anonymous said...

I don't see bold text in FF.
Something wrong in your FF config?

p.s: I know browsing with Opera is faster than FF. Cool!

Anonymous said...

It could be your Arial font in your machine. Try downloading Arial font file from here.

http://prdownloads.sourceforge.net/corefonts/arial32.exe?download

this link comes from

http://en.wikipedia.org/wiki/Arial

under External Links section.

I hope it solves :)

Nay Nay Naing said...

ကိုလူအေး >> ကျွန်မ စီမှာတော့ အလုပ်မှာသုံးတဲ့ ကွန်ပြူတာရော၊ အိမ်က ကွန်ပြူတာပါ နှစ်ခုလို အဲဒီပြဿနာတတ်တယ်။ ကိုလူအေး ကွန်ပြူတာမှ အဲ့ဒီ Bold ဖြစ်နေတဲ့ ပြဿနာ ရှင်းလို့ ရသွားတဲ့ အခါ သတင်းပေးပါအုံး။ :) ကျွန်မကတော့ ခုတလော အလုပ်ရှုပ်ချင်၊ အချိန်လည်း မရတာကြောင့် လွယ်တာ၊ ရတာပဲ ပြောင်းသုံးနေလိုက်တယ်။

Ko Boyz >> Opera မှာ ဇော်ဂျီမြန်မာစာတွေ အကုန်အမှန် ပေါ်ပါတယ်။ တခြား သူငယ်ချင်းတွေ စီမှာလည်း ကောင်းကောင်းမြင်ရတယ် ပြောတယ်။ အခုသုံးနေတဲ့ Opera 9.51 နဲ့  အရင် 9.5 မှာ ဘာမှ မပြောင်းထားဘူး။ သူ့ ရဲ့ Default အတိုင်း သုံးနေတာပါ။ ကိုဘွိုင်ဇ်စီမှာ ဘာလို့  ပြဿနာတတ်နေတာလဲတော့ မသိဘူး။ Firefox က ကိုဘွိုင်ဇ်မှာလဲ ပြဿနာမတတ်၊ မျိုးကျော်ထွန်းစီမှလည်း ဘာမှမဖြစ် နေနေ့ ကွန်ပြူတာနဲ့  ကိုလူအေး ကွန်ပြူတာတွေမှာမှ ထူးခြားနေသလို Opera ကလည်း ကိုဘွိုင်ဇ် တစ်ယောက်တည်းမှာမှ ထူးထူးခြား ဖြစ်နေတာများလား :D

Firefox 3 မှာ အရင် Firefox 2 မှာရတဲ့ Addon တချို့ မရတော့တာတော့ သိတယ်။ ဒါပေမယ့် Firefox Addon တွေကို အရင်ကလည်း သိပ်ပြီးသုံးလေ့ မရှိဘူး။

Myo Kyaw Htun>>
မျိုးကျော်ထွန်းစီမှာ ဘာမှမဖြစ်ဘူးဆိုတော့ သွင်းထားတဲ့ Zawgyi Unicode မတူလို့ လား။ Font နဲ့ ပတ်သက်ပြီး ထူးထူးခြားခြား စက်မှာ သွင်းထားတာဆိုလို့  ဒါပဲရှိတယ်။ အဲ့ဒီ Zawgyi Unicode ကလည်း ဘာမှန်းမသိဘူး။ သွင်းလိုက်ရင် ဘာတွေ သွားချိန်းမှ မသိဘူး။ အတော်လေး စိတ်ပျက်ရတယ်။

Firefox မှာလည်း Default Font ကို ZawGyi-One - Size 16 ပြောင်းထားတာပဲ ရှိတယ်။ တခြား ဘာမှ မပြောင်းထားဘူး။ Firefox ရဲ့ Default Font - Arial - 13 ပြန်ပြောင်းစမ်းကြည့်လည်း Bold ဖြစ်တာ ပျောက်မသွားဘူး။

ဒီနေ့  ကွန်ပြူတာမှာ Comment မှာပေးထားတဲ့လင့်က Arial Font ကို ဒေါင်းလုပ်လုပ်ပြီး အင်စတောလုပ်၊ Computer restart လုပ်ပြီး ပြန်စမ်းကြည့်တယ်။ အဆင်မပြေဘူး။ Bold ဖြစ်နေတုန်းပဲ။ အိမ်ပြန်ရောက်ရင် အိမ်က ကွန်ပြူတာမှ ထပ်စမ်းကြည့်အုံးမယ်။ ထူးခြားရင် ပြောမယ်။ ကျေးဇူးပဲ။ :)

Ko Boyz said...

အခု အော်ပရာကို ၉.၅၁ ဗားရှင်း အပ်ပ်ဂရိတ်လုပ်လိုက်တော့ ဇော်ဂျီတွေ ကောင်းကောင်းပေါ်နေပြီ ဖြစ်ကြောင်း လက်တို့လိုက်ပါတယ်...။ ဘာဆက်တင်မှ မချိန်းပဲ ဒီအတိုင်း အပ်ပ်ဂရိတ် လုပ်တာပါ...။ အရင်ဗားရှင်းမှာတုန်းက ကောင်းကောင်းမပေါ်ခဲ့တဲ့ “န” အက္ခရာ၊ “ဥ” လို့လဲ ပေါ်ပေါ်ရာကနေ... အခု နိုင်ငံတော်ဆိုတာကို ရိုက်ရင် “ဥိုင်ငံတော်” လို့ မပေါ်တော့ပဲ “နိုင်ငံတော်” လို့ အမှန်အကန် ပေါ်နေကြောင်း ၀မ်းမြောက်ဝမ်းသာ သတင်းပေးလိုက်ရပါတယ်...။ :D

Anonymous said...

Don't blame FF on ur stupidity. I don't have that bold problem in my FF

Nay Nay Naing said...

Ko Boyz>> Opera 9.51 ကိုအသုံးပြု၍ အမှန်အကန် စာလုံးများကို မြင်ရပြီဖြစ်ကြောင်း သိရှိရသည့်အတွက် အထူးပင်ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါကြောင်း။

Maung Yin Nga Tay >> Firefox ကို Blame လုပ်တာ မဟုတ်ပါဘူး။ ရေးထားတဲ့ အရေးအသားကို အသေအချာ ဖတ်ကြည့်ရင် သိပါလိမ့်မယ်။ တကယ်လို့ သာ Firefox 3 နဲ့  Original Airal Font သုံးရတာ အဆင်မပြေဘူးဆိုတာမျိုး ရှိနေရင် အင်တာနက်ပေါ်မှာ ဒီသတင်းက အတော်ကြီးကို နာမည်ကြီးနေမှာ။ Firefox ကလည်း ဒါမျိုးအဖြစ်ခံမှာ မဟုတ်ပါဘူး။ ကျွန်မ ကွန်ပြူတာမှာ ဖြစ်တာ ကျွန်မတို့ သုံးတဲ့ Zawgyi Unicode ကြောင့်( ဒါကပဲ Arial Font ကိုပြောင်းတာလေ) တစ်ခုခု အဆင်မပြေလို့  ဖြစ်တယ် ဆိုတာ သိသာပါတယ်။ ဒီလိုမျိုး တခြားသူတွေလဲ ဖြစ်မဖြစ် (ZawGyi Unicode သုံးသူတိုင်း ) သိချင်တာရယ်၊ Opera နဲ့  ဇော်ဂျီဖွန့် ကို မြင်နေရပြီဆိုတာ သိသာစေချင်တာရယ်၊ အဲ.. အဓိက အချက်ကတော့ ကျွန်မ ရေးချင်စိတ်ပေါက် သွားတာကြောင့် ဒီပိုစ့်ကို ရေးထားတာပါ။ တစ်ယောက်ယောက်များ ဒါမျိုးဖြစ်လို့  ဘယ်လိုရှင်းတယ်ဆိုတာ နည်းပေးမလားဆိုပြီး အလွယ်လမ်းလိုက်တာလဲ ပါတာပေါ့လေ။

ကွန်မန့် တွေကြောင့် တချို့ လည်း ကျွန်မလို ဖြစ်ကြတယ်၊ တချို့ လည်း မဖြစ်ဘူးဆိုတာ သိသွားပြီး ဘာကြောင့်ဖြစ်နိုင်တယ်ဆိုတာ ပိုမှန်းလို့ ရသွားပါတယ်။ ဘာပဲဖြစ်ဖြစ် "ကိုမောင်ရင်ငတေ" ရဲ့ ကွန်ပြူတာမှ ဘာမှ မဖြစ်ဘူးဆိုတာကို သတင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Burmese Mind said...

ကျတော့မှာလဲအဲဒီပြသာနာရှိလို့ ဘယ်လို fix လုပ်ရမလဲသိရင်ပြောပြပေးပါလား

Nay Nay Naing said...

ကျွန်မ ဘယ်လိုရှင်းလဲ ဆိုတာကို
ဒီမှာ ပိုစ့်အသစ်ရေး ထားပါတယ်။ အဆင်ပြေပါစေ။

Anonymous said...

Format your machine and install Firefox first. :P

ဖောင့်တွေကြောင့်ပဲနေမှာ၊ အစ်မ။ FF နဲ့တော့ ဘာမှ မဆိုင်လောက်ဘူး။

Nay Nay Naing said...

ဟုတ်တယ် firefox ကြောင့် မဟုတ်တာ သေချာပါတယ်။ ကျွန်မ အသုံးပြုနေတဲ့ ဇော်ဂျီယူနီကုတ် နဲ့  ပြဿနာဖြစ်တာပါ။ ဟိုတစ်နေ့ ကပဲ စက်ထဲမှာရှိနေတဲ့ ယူနီကုတ်ကို remove လုပ်ပြီး အသစ်ပြန်သွင်းလိုက်တာ အဆင်ပြေသွားပါပြီ။ :-)