Pages

July 24, 2008

Download files From IMEEM using FreeMusicZilla

သူငယ်ချင်းတစ်ယောက်က IMEEM က သီချင်းတွေ ဒေါင်းလုတ်လုပ်ချင်တာ ဘယ်လို လုပ်ရမလဲ လာမေးတာနဲ့  Google လုပ်ကြည့်ဖြစ်တယ်။ ဒေါင်းလုတ်လုပ်နည်း အတော်များများ ကို တွေ့ ရတဲ့ အထဲက ကျွန်မ Free ရတဲ့ FreeMusicZilla ကို သုံးပြီး စမ်းကြည့်တာ အဆင်ပြေပြေ ဒေါင်းလုတ် လုပ်လို့ ရတာ တွေ့ ရပါတယ်။ FreeMusicZilla ကို သုံးပြီး IMEEM ဆိုဒ်က တင်မကဘူး တခြား Music/Video Share လုပ်လေ့ရှိတဲ့ (Last.fm, Pandora, MySpace, eSnips, MOG, iJigg) က file တွေကိုလည်း download လုပ်လို့ ရတယ် သိရတယ်။

၁။ ပထမဆုံး FreeMusicZilla ကို Download လုပ်ပြီး install လုပ်ပါ။ FreeMusicZilla ရဲ့ Default Setting မှာ ကျွန်မတို့  အသုံးများတဲ့ IE နဲ့  Firefox ကို ရွေးပြီးသားဖြစ်နေတော့ ဒီနှစ်ခုကိုသာ သုံးမယ်ဆိုရင် ဘာမှ ထပ်ပြောင်းစရာမလိုပဲ Install လုပ်ပြီး တန်းသုံးလို့ ရပါပြီ။
Opera နဲ့  တခြား Browser တွေကို သုံးမယ် ဆိုရင်တော့ Tools --> Preferences ကိုသွားပြီး Monitoring Tap မှာ ကိုယ်အသုံးပြုမယ့် Browser ကို ရွေးပေးရပါမယ်။ How to monitor other browsers

၂။ နောက်တစ်ဆင့်အနေနဲ့  IMEEM ဆိုဒ်ကို သွားပြီး ကိုယ် ဒေါင်းလုတ်လုပ်ချင်တဲ့ သီချင်းကို ဖွင့်လိုက်ပါ။ ဒါဆို အဲ့ဒီ သီချင်းကို FreeMusicZilla ရဲ့ Window မှာ "Waiting for Download" ဆိုပြီး တွေ့ ရမှာပါ။ သီချင်းတွေ အများကြီး နားထောင်ထားရင် အဲ့ဒီ list မှာ အများကြီးတွေ့ ရမှာပါ။ List မှာရှိနေတဲ့ files တွေမှာ "Leach TimeOut" 0 မဖြစ်ခင်မှာ Download လုပ်ယူရမှာ ဖြစ်ပါတယ်။

၃။ ကိုယ် Download လုပ်ချင်တဲ့ file (music/video) ကို ရွေးပြီး အောက်ဆုံးမှာ တွေ့ ရတဲ့ Download Button ကို Click လုပ်လိုက်ရင် ကိုယ်ရွေးထားတဲ့ file ရဲ့ ဒေါင်းလုပ် လုပ်နေကြောင်း "Downloading" ဆိုပြီးတွေ့  ရပါမယ်။ Download လုပ်ပြီးသွားတဲ့ file တွေကို C:\Downloads\ မှာ ရှာလို့  ရပါတယ်။

ဒေါင်းလုတ်လုပ်ရင် ရမယ့် File အမျိုးအစားက FLV (Flash Video) files ပါ။ FLV files တွေကို ဖွင့်ဖို့ ဆို ကျွန်မ Goom Player ကို သုံးလေ့ရှိပါတယ်။ flv မလိုချင်လို့  mp3 လိုချင်တယ်ဆိုလည်း ပြောင်းလိုက်လို့ ရတာပဲလေ။

English လို ရှင်းထားတာ ဖတ်ချင်တယ်ဆို ဒီမှာ ကြည့်လို့ လည်း ရပါတယ်။ အဲ့ဒီမှာ ရေးထားတာတွေကို ဖတ်ပြီး နားမလည်စရာ မရှိဘူး။ အတော်လေး ရှင်းတယ်။ တကယ်ဆို မြန်မာလို ရှင်းမပြနေနဲ့  ဒီတိုင်း Link ပေးလိုက်လည်း ရပေမယ့် ပျင်းတာနဲ့  ရှင်းကြည့်တာ။ ရှင်းလိုက်မှ ပိုရှုပ်သွားကြလား မသိဘူး။ :">

5 comments:

mmhan said...

I think there's download limit in this software, ain't it?

Anonymous said...

ကျွန်တော် ဒေါင်းလုဒ်ကို seekmp3.info မှာလုပ်တယ် အခု zilla တော့မသုံးဘူးဘူး စမ်းကြည့်လိုက်ဦးမယ် ကျေးဇူးပါ

Nay Nay Naing said...

mmhan >> Limit ရှိတာ သတိမထားလိုက်မိဘူး။ ကွန်မန့် ဖတ်ပြီး ပြန်ကြည့်မှာ ၁ ရက်ကို ၁၀ ဖိုင်ပဲ ဒေါင်းလုတ်လုပ်လို့ ရတယ်ဆိုတာ သိလိုက်ရတယ်။ ခုလို သတင်းပေးတာ ကျေးဇူးပါပဲ။

Htoo Tay Zar >> ကျွန်မလည်း သီချင်းဒေါင်းလုတ်လုပ်ဖို့ ဆို skreemr, Mp3gle, SeekMP3 ကို သုံးဖြစ်တယ်။ တခြား Google Search ကို သုံးပြီးလဲရှာဖြစ် ပါတယ်။ တွေ့ တာများပေမယ့်၊ တချို့ ရှားတဲ့ သီချင်းတွေ၊ သီချင်းဟောင်းတွေကို အဲ့ဒါတွေနဲ့ ရှာရင် mp3 မတွေ့ တာတွေလည်း ရှိတယ်။

နောက်ပိုင်း Search Engine တွေနဲ့  သီချင်းရှာမရရင် Sharing Sites တွေက File တွေကို ဒေါင်းလုတ်ယူလို့ ရအောင် ကြိုးစားရင်း ဒါကို စမ်းဖြစ်သွားတာ။ ကျွန်မ အတွက် အတော်လေး အသုံးဝင်တယ်။ :)

Anonymous said...

How to convert to Mp3.

thanks

Nay Nay Naing said...

ကျွန်မ အလုပ်ရှုပ်နေတာနဲ့  reply ပြန်တာ နောက်ကျသွားတယ်။ sorry ပါပဲ။ FLV ကို MP3 ပြောင်းချင်တယ်ဆို ပြောင်းလို့ ရတဲ့ နည်းတွေ အများကြီးရှိပါတယ်။ ကျွန်မကတော့ ဒီဘလော့မှာ တစ်ခါရေးဖူးတဲ့ http://vixy.net/ ကို သုံးပြီး ပြောင်းပါတယ်။