Pages

July 30, 2008

Doubutsu Uranai - ဂျပန်ရိုးရာဗေဒင်

JulyDream မှာ တွေ့ တဲ့ doubutsu-uranai ဂျပန်ရိုးရာဗေဒင်လေး ကို စမ်းကြည့်ဖြစ်တယ်။ မွေးနေ့ ကို ထည့် လိုက်ရင် ကိုယ်နဲ့ သက်ဆိုင်တဲ့အကောင်နဲ့  အရောင်ကို ပြပေးတယ်။ အဲဒီမှာ တရုတ်ဗေဒင်လိုပဲ အကောင် ၁၂ ကောင် ပါတယ်။ ဒါပေမယ့် တရုတ်ဗေဒင်က အကောင်တွေနဲ့ မတူဘူး။ ကျွန်မကတော့ ဒီဂျပန် ဗေဒင်မှာ ပါတဲ့ အကောင် အမျိုးအစားတွေကို ပိုကြိုက်တယ်။ တရုတ်ဗေဒင်မှာက မွေးတဲ့ ခုနှစ်ပေါ်မူ တည်ပြီး အကောင်တွေ ကွဲတာ၊ ဂျပန်ဗေဒင်ကတော့ အကောင် အမျိုးအစားဟာ မွေးတဲ့နှစ် အပေါ်မမူတည်ဘူး။

What are the 12 animal characters?


ကြားဖူးတာလေး ထည့်ပြော ကြည့်တာ၊ တော်လောက်ပြီ။ ကျွန်မ ဗေဒင်လက္ခဏာ အကြောင်း သိပ်ပြီး မသိဘူး။ အကောင်လေးတွေ သဘောကျတာနဲ့  ကိုယ်ဘာကောင်လဲ သိချင်သွားပြီ ကျွန်မ မွေးနေ့ ကို ထည့်တွက် ကြည့်ဖြစ် ခဲ့တယ်။ ရလာတဲ့ အဖြေကိုကြည့်ပြီး အကြောင်းသိ တစ်ယောက်ကတော့ မဆိုးဘူး၊ မှန်သားပဲလို့  ကောက်ချက်ချတယ်။ ကျွန်မ ကောင်းကောင်းရင်းနှီးတဲ့ တခြားလူ ၄-၅ ယောက်ရဲ့ မွေးနေ့ တွေကို ထည့်ပြီး စမ်းကြည့်ဖြစ် သေးတယ်။ အဲဒီ လူတွေက result မှာ ပြောထားတဲ့ ပုံစံတွေတော့ ပေါ်သားပဲ။ ဒါပေမယ့် အကုန်တော့လည်း ဘယ်မှန်နိုင် မလဲလေ။ အလုပ်မှာ သူငယ်ချင်းတွေကို ဒီ Website ပြကြည့်တော့ သူ့ တို့  မွေးနေ့ တွေ ထည့်ကြည့်ကြပြီး "overall quite accuarate" လိုပြောကြတယ်။

ဒါနဲ့  ဒီ Doubutsu uranai မှာ ယောက်ျားနဲ့  မိန်းမ နှစ်မျိုး အတွက်ပဲ တွက်လို့ ရပါတယ်။ မွေးနေ့ တူ ထည့်ပြီး ယောက်ျား၊ မိန်းမ မတူအောင်ရွေးပြီး စမ်းကြည့်တာ အရောင် နဲ့  အကောင် တူတူပြပေမယ် အောက်မှာပါတဲ့ ကိုယ်ရေးကိုယ်သွေးကို ရှင်းလင်းပြတဲ့ အချက်တွေ အတော်လေး ကွဲလွဲတယ် ဆိုတာ တွေ့ ရပါတယ်။

Related Link: Dbutsu Uranai by JulyDream

2 comments:

JulyDream said...

မနေ.. ဘာကောင်လဲ... အဟိ
ဗေဒင်အရ ဘာအကောင်လဲလို့ မေးတာနော်.. အဟဲ

Nay Nay Naing said...

အဟား မပြောတော့ပါဘူး။ အစ်မ မွေးနေ့ သိတယ်ဆို ကိုယ့်ဘာသာကိုယ်သာ ထည့်တွက်ကြည့်ပါတော့။ မသိရင်လည်း မသိတဲ့ အတိုင်းသာ နေလိုက်လေ။ :P