Pages

February 22, 2007

လူရှိန်အောင် ဘယ်လို လုပ်မလဲ

ယောက်ျားမရှိတဲ့ မိန်းမဟာ၊ မိဘ မောင်ဘွား တစ်ကျိတ်ပင် ရှိသော်ငြားလည်း မတင့်တယ်ဘူးလို့  ရှေးရှေးတုန်းက ပြောကြတာ ကြားဖူးတယ်။ ဒီခေတ်မှာရော ဒီလိုပဲလား။ ဟုတ်တယ်လို့ လည်း မထောက်ခံရဲ ပါဘူး။ အဲ့လိုသာ ထောက်ခံမိရင် အပျိုကြီးတွေလာ တိုက်ခိုက်ကြမှာကို ကြောက်ပါတယ်လေ :D ... သိတဲ့အတိုင်း ခုခေတ်က အပျိုကြီးတွေ များတယ် မဟုတ်လား (ကျွန်မကိုတောင် အဲ့ဒီ စာရင်းထဲ သွင်းလို့  ရနေပါပြီ)။

ဒါပေမယ့် အဲ့ဒီစကားကို ခုခေတ်နဲ့ ကိုက်ညီအောင် နည်းနည်း ပြောင်းပြီးပြောပြမယ်.. "ကိုယ်ပိုင် Domain name မရှိတဲ့ သူဟာ၊ အီးမေးတွေ ဘလောခ့်တွေ တစ်ကျိတ်ပင် ရှိသော်ငြား မတင့်တယ်ဘူး" ...

အင်း.. ဒီတော့ အားလုံးပဲ တင့်တင့်တယ်တယ် ဖြစ်သွားကြရအောင် ခုချိန်မှာ ဈေးလျှော့ပေးနေတဲ့ Yahoo ကနေ Domain Name တွေ ၀ယ်လိုက်ကြပါလား။ ဟင်း.. ခုမှပဲ လိုရင်းရောက်တော့တယ်။ ဘာမှ မဟုတ်ပါဘူး Yahoo က Domain Name ကို တစ်နှစ်ကို $9.95 နဲ့  ရောင်းနေရာကနေ ခုဆို ပထမဆုံးတစ်နှစ်စာကို $1.95 နဲ့  ဈေးလျှော့ပြီး ရောင်းနေပါတယ်လို့  ပြောမလို့ ပါ။


တစ်ခါတည်း ဈေးသက်သက်သာသာ နဲ့  Domain Name ၀ယ်လို့ ရတဲ့ နောက် Website တစ်ခုကိုပါ ပြောပြချင် ပါတယ်။ 1and1.com ဆိုတဲ့ Site ပါ။ Domain ရော Hosting ပါ ၀ယ်ချင်တယ်ဆိုရင် ဈေး အတော် သက်သာ ပါတယ်။

ကိုယ်ပိုင် Domain Name ၀ယ်ဖို့ စိတ်ဝင်စားသူများ သွားရောက် ကြည့်ရှု့  ၀ယ်ယူနိုင်အောင် ကြော်ငြာခ တပြားမှ မရပဲ သတင်းပေးခြင်းဖြစ် ပါတယ်။ ( ဒါပေမယ့် ဒီပိုစ့်လေးကို ဖတ်မိတဲ့ လုပ်ငန်းရှင်များ ဒီဘလောခ့်မှာ ကြော်ငြာထည့်ချင်စိတ်တွေ ပေါ်လာရင်တော့ ကျွန်မကို တိုက်ရိုက်ဆက်သွယ်နိုင် ပါတယ်။ :P )

Domain Name ရှိတယ်ဆို WebSite တွေ၊ တခြားဟာတွေ မလုပ်တတ်တောင် ရှိနေတဲ့ ရှိနေတဲ့ ဘလောခ့်လေးတွေကို Redirect လုပ်ပေးပြီး သူငယ်ချင်းတွေကို Blog Address ပေးမယ့် အစား၊ http://www.YourName.com ဆိုတဲ့ ကိုယ်ပိုင် လင့်လေးတွေ ပေးနိုင်ကြတာပေါ့။ ဘာပဲပြောပြော ကိုယ့်ပိုင် WebAddress လေးနဲ့ ဆို လူရှိန်တာပေါ့နော်။

ကိုယ်ပိုင် Domain Name မရွေးခင် ဒါလေးကို ဖတ်ကြည့်သင့်တယ်။

How do I choose a domain name?
Keep these tips in mind as you select your domain name.
* Your domain name should reflect your business name or the topic your site will cover.
* It should be a unique and concise name that is easy to say, remember, and spell.
* You can use only letters, numbers, and hyphens in your domain name. Spaces or other symbols are not allowed.
* If your first choice isn't available, try rearranging the word order, adding hyphens, or using abbreviations or locations to come up with a unique alternative.

Other Related Post - How To Choose Your Site Name. (November 2006)

9 comments:

Anonymous said...

မနေ
သတင်းပေးတာ ကောင်းသားပဲ။ သိတောင် မသိဘူး။ ဒါနဲ့ how to choose a web hosting ကိုပါ ရေးပေးရင် ကောင်းမယ်။ အဟီး။ နောက်ပြီး သူတို့ ပြောတဲ့ features တွေမှာ ဘယ် feature ကတော့ဖြင့် အရေးကြီးတယ်။ ပါမပါကြည့်သင့်တယ်ဆိုတာမျိုးပေါ့။ သိန်းဦး ပျိုပျိုမနေ။

Angel Thitsa said...

what a scary ad... means like i need to buy my own domain asap!

Anonymous said...

nga paw!




peace peace.......;D

Nay Nay Naing said...

p_sprit >> Hosting အကြောင်း သိပ်မသိဘူး။ အချိန်ရရင် လိုက်ဖတ်ကြည့်ပြီး ရေးကြည့်ဦးမယ်. ဒါနဲ့  သိန်ဦးက ဘယ်က ပါလာတာလဲ :P ပျိုပျို လည်း ဒီမှာ မနေတော့ဘူး ပြန်သွားပြီ.

thanda >> ဟားဟား.. ခု thanda က ကျွန်မနဲ့  ရင်းနှီးတဲ့ သန္တာ ဟုတ် မဟုတ်တော့ မသိဘူး။ ဘာပဲဖြစ်ဖြစ် domain ၀ယ်ဖြစ်တယ်ဆို ဘာနာမည်ဝယ်ဖြစ်တယ်ဆိုတာလဲ ပြောပြပါဦး။

စိုးဇေယျထွန်း said...

အင်းကောင်တယ်ဗှာ
ောက်ာငြာခရတယ်ဟုတ် တစ်ဝက်ခွဲပေး ဘယ်သူကိုမှ ပြန်မပြာဘူး :P

mgthantzin said...

1and1 က U.S Billing Address နဲ့မှလို့ ကြားဖူးတာပဲ။ ဈေးအရမ်း နည်းတာတော့ အမှန်ပဲ။

mgthantzin said...

အစ်မရေ... ထူးတော့ ထူးဆန်းတယ်။ Yahoo! က ကျွန်တော့်ဆီမှာ ၉.၉၅ ပဲ ဖြစ်နေသေးတယ်... =( ခွဲခြားခွဲခြားနဲ့...

Nay Nay Naing said...

ခုဝင်ကြည့်တာတော့ 9.95 ပဲ ပြနေတယ်.. promotion ပြီးသွားပြီလားမသိဘူး.. ကြည့်လိုက်ဦးမယ်

MYO HAN HTUN said...

Domian နဲ့ ပတ်သက်လို့ကတော့ ခံထားရဖူးတာကြောင့် ဈေးပေါတိုင်းလည်း မသွားရဲဖူး .. ဈေးများတိုင်းလည်း မယုံရဲဘူး .. Service ကောင်းကောင်းပေးတယ်ပြောလည်း တကယ်လားလို့ တွေဝေနေမိပါရဲ့ ..