Pages

December 19, 2008

Microsoft Update

Microsoft ကနေပြီး Internet Explorer အတွက် Update ထွက်တယ်။ ပြီးခဲ့တဲ့ ရက်တွေကတင် IE browsers တွေကို အလွယ်တကူ ဖောက်လို့ ရတယ်၊ လုံခြုံမှု့ မရှိဘူး ဆိုတဲ့ အကြောင်း သိခဲ့ရပြီးနောက် အဲဒီပြဿနာကို ဖြေရှင်းဖို့ အတွက် အခုလို့  Microsoft ကနေ IE အတွက် Update တွေကို ထုတ်တာပါ။ Automatic Update လုပ်မထားဘူးဆို အဲဒီ IE နဲ့ ပတ်သက်တဲ့ Updates တွေကို Window Update မှာ သွားလုပ်လို့ ရပါတယ်။

Make Sure You Have The Latest Microsoft Updates

Microsoft က အဲလိုပါပဲ။ တခြား Microsoft Product တွေအတွက်လည်း Update တွေ အမြဲ ထုတ်တယ်။ တစ်ခုခု ထွက်ပြီး သိပ် မကြာဘူး၊ Security အတွက်၊ ဘာအတွက် ညာအတွက်ဆို Update တွေ အမြဲထွက်လာလေ့ ရှိတယ်။ ရှာတဲ့သူတွေက ရှာ၊ ဖောက်တဲ့သူတွေက ဖောက်၊ ပိတ်တဲ့သူက လိုက်ပိတ်ပေါ့။ ထုံးစံပါပဲ။ Window Update setting ဘယ်လို ပြောင်းရမယ်မှန်း မသိတဲ့သူတွေ အောက်က လင့်တွေမှာ သွားကြည့်လို့ ရပါတယ်။


Window Automatic Update Setting ရွေးရာမှာ ပုံမှန် ကွန်ပြူတာ သုံးသူတွေက Automatice Update ကို ရွေးချယ်ထားသင့်တယ်လို့  ထင်ပါတယ်။ ကျွန်မ အိမ်က ကွန်ပြူတာမှာတော့ Download updates for me , but let me choose when to install them. ဆိုတဲ့ setting ထားတယ်။ တချို့  update တွေက ကွန်ပြူတာက restart လုပ်ဖို့ လိုတယ်။ ကျွန်မက ကွန်ပြူတာကို အမြဲဖွင့်ထားတတ်တော့ တစ်ခုခုဆို auto restart အလိုလို လုပ်သွားမှာစိုးလို့  အဲဒီ setting ထားတာပါ။ ကွန်ပြူတာ ရှေ့ မှာရှိနေလို့  ဒီအောက်ကပုံမျိုးလေး ပေါ်လာရင် မဖြစ်မနေ update လုပ်တတ်တဲ့ အကျင့်တော့ ကျွန်မမှာရှိပါတယ်။ ဒီ setting က Server တွေမှာ ထားလေ့ရှိတဲ့ setting မျိုးပါ။

Operation System ကို Microsoft က ထုတ်တဲ့ Window OS တင်မကဘူး Microsoft ရဲ့ တခြား Product တွေ သုံးသေးတယ်ဆိုရင်တော့ Window Update အပြင် Microsoft Automatic Update ပါလုပ်သင့်ပါတယ်။ Window Update က OS အတွက်ပါ။ Microsoft Update မှာတော့ Window Update + Other Microsoft Products Updates တွေပါတယ်။

5 comments:

chocothazin said...

Microsoft update လူပ်လိုက်ပါပြီ
ကျေးဇူးတင်ပါတယ်

khin oo may said...

ဟင့်အင်း။ ကြောက်တယ်။ ရှိတာလေးနဲ့ဘဲ နေမယ်။

khin oo may said...

kom: kom: kom: ဤ အိမ်ပေါ်သို့ကောင်းချီး မင်္ဂလာရောက်စေသောဝ်... မင်္ဂလာရောက်စေသောဝ်...

GreenGirl said...

မမရေ... အစိမ်းရောင်ကြိုက်တဲ့ ညီမလေး တစ်နှစ်ပြည့်ပြီ... :)

Nay Nay Naing said...

Choco Thazin >> Update လုပ်တာ အားလုံး အဆင်ပြေမယ် ထင်ပါတယ်။

မခင်ဦးမေ >> ဆုတောင်းပေးတာ ကျေးဇူးပါ အစ်မ။ ဒီလို ဆုတောင်းသံတွေ မကြားရတာတောင် အတော်ကြာပြီ။

GreenGirl >> Comment တွေ့ တွေ့ ချင်း သွားကြည့် ဖြစ်တယ်။ ဒီမှာတော့ အခုမှပဲ reply လုပ်ဖြစ်တော့တယ်။