Pages

December 21, 2008

Microsoft Baseline Security Analyzer

ဟိုတစ်ရက်က Microsoft Update အကြောင်း ရေးရင်း Microsoft Baseline Security Analyzer (MBSA) အကြောင်း ဆက်ရေးဖို့ ပါ စိတ်ကူးရသွားတယ်။

Microsoft က ထုတ်တဲ့ MBSA ကိုယ့်ကွန်ပြူတာရဲ့ လုံခြုံမှု့  ဘယ်လောက်ရှိလဲ သိလိုသူတွေ အတွက် အသုံးဝင်မယ့် tool တစ်ခုပါ။ လိုအပ်တာတွေ ရှိရင်လည်း ဘာတွေလုပ်သင့်တယ်ဆိုတာမျိုး အကြံဥာဏ်ပေး ပါတယ်။ ဒီလိုမျိုး Software တွေကို Vulnerability Scanners လို့ ခေါ်ပါတယ်။ Vulnerability Scanners မှာ MBSA က အကောင်းဆုံးမို့  ညွန်းတာ မဟုတ်ပါဘူး။ တခြား ဒီထက်ကောင်းတဲ့ security tools တွေ ရှိပါတယ်။ နာမည်အကြီးဆုံး ထိပ်ဆုံးမှာရှိနေတဲ့ Vulnerability Scanners ၁၀ ခုကို ဒီနေရာ မှာ ကြည့်နိုင် ပါတယ်။ အကောင်းဆုံးက nessus ပေါ့။ Microsoft က nessus ကို အတုခိုးပြီး BaseLine Analyzer ကို ထုတ်ထားတာ။
Window OS အတွက်ဆို MBSA က Microsoft က ထုတ်တာဆိုတော့ ပိုပြီး အဆင်ပြေမယ် ထင်တာရယ်၊ အိမ်သုံး ယူဇာတွေအတွက် အခြေခံလိုအပ်ချက်ကို လုံလောက်တယ် ထင်တာကြောင့် ကျွန်မ သုံးဖြစ် နေတာပါ။ MBSA ကို Microsoft ဆိုဒ်ကနေ Free Download လုပ်ယူလို့ ရတယ်။
ကျွန်မ အိမ်က ကွန်ပြူတာကို Scan လုပ်တဲ့ အခါ Scan a computer ကို ရွေး၊ ပြီးတော့ အောက်ဆုံးက Advanced Update Sercivies Options မှာ Scan using Microsoft Update Only ကိုရွေးပြီး Scan လုပ်ပါတယ်။
ပုံတွေကို click လုပ်ပြီး အကြီးချဲ့ ကြည့်လို့ ရပါတယ်။

Check Result
MBSA နဲ့  Test လုပ်ကြည့်တာ Pass ဖြစ်တယ်ဆိုတာဟာ ဘယ်သူမှ လာဖောက်လို့ မရတော့ဘူး၊ အရမ်းလုံခြုံ စိတ်ချနေရပြီလို့  ဆိုလိုခြင်း မဟုတ်တာ ကို သတိပြုစေချင်တယ်။ Baseline ဆိုတဲ့ အတိုင်း အခြေခံအားဖြင့် လုံခြုံစိတ်ချရမှု့ ရှိတယ်လို့  ပဲ ပြောလို့ ရပါတယ်။ သာမန်အိမ်သုံး ကွန်ပြူတာတွေမှာ အဲဒီလောက် စိတ်ချရတယ်ဆို လုံလောက်မယ်လို့  ထင်မိတယ်။ ကိုယ်နေ့ စဉ် အင်တာနက်ကို ချိတ်ဆက် အသုံးပြုနေတဲ့ ကွန်ပြူတာဟာ အနည်းဆုံးအနေနဲ့  အခြေခံအဆင့် လုံခြုံစိတ်ချရမှု့ ရှိနေဖို့  လိုတယ်လို့ လည်း ထင်ပါတယ်။

ဒီထက်ပိုပြီး ကိုယ့်ရဲ့ Window ကို hardening လုပ်ချင်တယ်ဆိုတဲ့ Advanced User တွေ Windows XP Security Checklist ကိုကြည့်နိုင်ပါတယ်။

Links :
Top 10 Vulnerability Scanners
Microsoft Baseline Security Analyzer
Windows XP Security Checklist
Microsoft Exchange Analyzers
SQL Server 2005 Best Practices Analyzer (August 2008)
Windows Small Business Server 2008 Best Practices Analyzer
Microsoft Best Practices Analyzer for Windows SharePoint Services 3.0 and the 2007 Microsoft Office System

5 comments:

khin oo may said...

ဗဟုသုတအနေနဲ့ဖတ်သွားတယ်။ :P
ဆိုလိုတာက လိုက်လုပ်မှာ မဟုတ်ဘူး လို့ အဓ်ပပါယ် ရပါတယ်။

Nay Nay Naing said...

ဗဟုသုတတစ်ခု တိုးသွားတယ်ဆိုတော့ ကောင်းတာပေါ့။

Anonymous said...

မေးရတာအားနာတယ်..reply ပြန်ဖို့ မအားဘူးဆိုလို့ 
ကျနော်က vista home basic သုံးတာပါ..အရင်ကwindows update auto လုပ်ထားတယ်....တရက်ကျတော့ဘယ်လိုဖြစ်တယ်မသိဘူးး...update လုပ်ပြီးတိုင်း ပြန်ပြီးပေါ်နေတယ်...ပြန်လုပ်လည်းပြန်ပေါ်တယ်..၀င်းဒိုးကလုပ်ခိုင်းတဲ့ အပ်ဒိတ် အကုန်လုပ်လိုက်တယ်..အားလုံးပြီးသွားတယ်..ဒါပေမယ့် အပ်ဒိတ်က တစ်ခုကျန်နေတုန်းပဲ...အဲဒါနဲ့ ဆက်တင်တွေအကုန်လိုက်ချိန်ကြည့်တယ်....မရဘူးး
အပ်ဒိတ် လုပ်ခိုင်းနေတုန်းပဲ...အမြဲအဲလိုဖြစ်နေလို့ အာရုံနောက်တာနဲ့  အပ်ဒိတ် ပိတ်လိုက်တယ်....အခုလည်းဒီ MBSA ကိုယူပြီးလုပ်ကြည့်တော့  incomplete scan ဆိုပြီးပြတယ်.ဘာဖြစ်လို့ လဲမသိဘူး ၀င်းဒိုးအပ်ဒိတ်ကိုပြန်ဖွင့်ပြီးမှ လုပ်၇မှာလားမသိဘူးးး
ကျနော့်အတွက်တော့ သိပ်အရေးမကြီးပါဘူးး
ဘာပဲဖြစ်ဖြစ်ကျေးဇူးတင်ပါတယ်...
..

Nay Nay Naing said...

Ko jurassic >> အလုပ်မှာဆို Comment ရေးရတာ အဆင်မပြေလို့  မပြန်ဖြစ်တာများနေတာ။ အိမ်ရောက်တော့လည်း တခြားဟာတွေလုပ်နေတာနဲ့  မေ့နေရော။

ုမေးထားတာကို အတိအကျ မပြောတတ်ပေးမယ့် ထင်တာလေး ပြောကြည့်မယ်။ Window Update မှာ Item တစ်ခု Install လုပ်တာ အဆင်မပြေပဲ ကျန်နေလို့ များလား.... Vista မှာပါတဲ့ Widnow Update နဲ့  ရှာမတွေ့ ရင်၊ Window Updates Website မှာသွားပြီး တချက်စစ် ကြည့်ပါလား။ ကျန်နေတဲ့ item ပြမလားလို့ ။ တစ်ခုခု update မရဘူးဆို အဲဒါကို နောက်ထပ် update မလုပ်အောင် hide ထားလိုက်လို့ ရတယ်။ ကျွန်မ လက်ရှိသုံးနေတဲ့ XP မှာ Office update တစ်ခု သွင်းမရတာ ဖြစ်ဖူးတယ်။ အမြဲ update လုပ်ဖို့  လာလာမေးနေတာနဲ့  အဲဒီ item ကို hide လုပ်ထားလိုက်တယ်။ Vista မှာ Window Update မှာ မသွင်းချင်းတဲ့ item ကို hide လုပ်ပုံလုပ်နည်း ဒီမှာ ကြည့်လို့ ရတယ်။ http://www.vista4beginners.com/Windows-Update

အဆင်ပြေပါစေ။

Anonymous said...

ဟုတ်ကဲ့ အခု အဲဒါကို hide ပေးလိုက်ပါတယ်...အဆင်ပြေသွားပြီလို့ ထင်ပါတယ်..
ကျေးဇူးအများကြီးတင်ပါတယ်..