Pages

December 17, 2008

Cartoons : IT Security Awareness - Power Down

ဒီနေ့ ရတဲ့ ကာတွန်းလေးကြည့်ပြီး အရမ်း သဘောကျသွားတယ်။ အိမ်က မိဘတွေကိုလည်း သတိရသွားတယ်။ သူတို့  လည်း အဲဒီလိုပဲ ပြောမှာ သေချာတယ်။ မြန်မာပြည်မှာတော့ မီတာခ မဟုတ်ဘူး၊ မီးစက်မောင်းရတဲ့ အတွက် ဓာတ်ဆီဖိုး။ ကျွန်မ ရန်ကုန် ပြန်တဲ့ အချိန်ဆို ရန်ကုန်မှာရှိနေသမျှ ညဘက်ဆို အင်တာနက်သုံးဖို့  မီးစက်မောင်း ပေးရတယ်လေ..



Infocomm (IDA) က ဖြန့် တဲ့ အခုလို Security နဲ့  ပတ်သက်တဲ့  Cartoons တွေကို အလုပ်က IT Security Department ကနေပြီး Staff တွေအားလုံးစီကို ပို့ ပေးလေ့ရှိတယ်။ တခါလဲ ဒီမှာ တင်ဖူးပါတယ်။ သူတို့  အဓိက ပေးချင်တဲ့ message က Operation System ကို အမြဲ update-to-date ဖြစ်အောင် လုပ်ဖို့ ပါ။ ကိုယ့်ကွန်ပြူတာရဲ့ Window Update Setting ကို Automatic Updates ရွေးထား သင့်တယ်။

9 comments:

Anonymous said...

ဝင်းဒိုး အပ်ဒိတ် လုပ်တာနဲ့ မီတာခ ဘယ်လိုပက်သက်သလဲ ဆိုတာ စဉ်းစားလို့မရဘူးး
အိုင်တီ ဗဟုသုတနည်းနည်းဝေးလို့ပါ :D

khin oo may said...

မီးတူး။

Ko Boyz said...

ဝေးတာကွာ...။ ၀င်းဒိုးကို အပ်ပ်ဒိတ်မလုပ်တော့ စီကျူရတီ ဟာကွက်တွေကို ဟက်ကာတွေက တွေ့တော့ ကိုယ့်ကွန်ပြူတာကို ၀င်နှောက်နိုင်တယ်။ သုံးလို့ မရအောင် ဖျက်ဆီးနိုင်တယ်။ သုံးမရတော့ မိဘတွေအတွက် မီတာခ သက်သာတာပေါ့အေ့...။

strike said...

me 3...

မီယာ said...

နားမလည်တော့ ကြောက်ရကောင်းမှန်းမသိဘူး။ သိတဲ့လူတွေကို ဆရာလုပ်ပြီး စစ်ခိုင်းလိုက်ဦးမှ :P
မမျှော်လင့်ဘဲ လာလည်သွားတာ ၀မ်းသာလိုက်တာ။

Anonymous said...

And need extra electricity charges for repairing computer. It's not saving in the end :P.

Anonymous said...

ကျေးဇူးပါ ကိုဘွိုဇ်....အခုမှပဲသဘောပေါက်တော့တယ်..
အဲဒါကိုသိချင်လို့ လာစောင့်ဖတ်နေတာ..
အိုင်တီကြောင့်မဟုတ်ဘူး..ကိုမိုးဆန်း ဝေးနေတာပဲ..:D

Anonymous said...

yes, ur right anonymous!
the parents have to pay of electricity charges for repairing computer.they cant save at the end.

Nay Nay Naing said...

အမ်.. ..jurassic ရဲ့ comment ၀င်လာတာတွေ့ လို့  လာဖတ်တာ. အခုနကတင် reply ပြန်တဲ့ comment အရှည်ကြီးရေးတင်တာ ဘယ်ရောက်သွားလဲ မသိဘူး.. publish မနှိပ်ပဲ preview နှိပ်ပြီး ပိတ်လိုက်မိတယ် ထင်တယ်။ မှားပါတယ်။

မေးတဲ့ သူတွေကလည်း မေးထားတယ်၊ မနေနိုင်တဲ့ သူကလည်း ၀င်းရှင်းပြတယ်။ ခုတော့ နည်းနည်း ဝေးတယ်ဆိုတဲ့ ကို jurassic၊ မီတူးဆိုတဲ့ မခင်ဦးမေ နဲ့  me 3 ဆိုတဲ့ ကို strike တို့  ရှင်းလောက်ပြီးထင်ပါတယ်။ ကျွန်မ အလုပ်ကနေ comment ပြန်ရတာ အဆင်မပြေသလို၊ အိမ်ရောက်တော့လည်း ရှုပ်နေတာနဲ့  reply နောက်ကျနေတတ်ပါတယ်။

မမီယာ လည်း Window OS သုံးတယ်ဆိုရင် Window Update ကို Automatic Updates လုပ်ထားပါ။ Microsoft ကနေ Security Update တွေ အမြဲ ထုတ်လေ့ရှိပါတယ်။ မမီယာရဲ့ ဘလော့ကို ဖတ်လေ့ရှိပါတယ်။ စာတွေလိုက်ဖတ်တာ မပျင်းပေမယ့် comment ရေးရာမှာ ပျင်းတတ်အတွက် ကျွန်မ အရင်က comment မချန်ခဲ့တာပါ။ ဒီက comment တွေတောင် reply ပြန်ဖို့  အတော်လေး အားယူနေရတယ်။

အမည်မသိ >> ကျွန်မ အမြင်အရ ကွန်ပြူတာ ပြင်ဖို့ ဆိုပြီး extra electricity charges ကုန်စရာ မရှိပါဘူး။ ဒီအချိန်မှာ စက်မပျက်လည်း ကွန်ပြူတာ ဖွင့်သုံးနေမှာပဲမို့  တူတူပါပဲ။ ကိုယ်တိုင်ပြင်ချင်မှ ပြင်မှာလေ။ နိုင်ငံခြားမှာက laptop အသုံးများပြီး တစ်ခုခုဆို ဆိုင်ပို့ ပြင်ခိုင်းတာများတာယ်။ တချို့  ကိစ္စတွေမှာ ကိုယ်တိုင်ပြင်မယ်ဆိုတာင် ဒီတိုင်းပြင်လို့ မရ ပစ္စည်းပြန်ဝယ်ထည့်ရမှာ တွေကလည်း ရှိသေးတယ်။ ၀ယ်ဖို့ အချိန်ယူရမယ်။ သူ့ ပိုက်ဆံနဲ့ သူ ပြင်မှာလား၊ မိဘ ပိုက်ဆံထုတ်ပေးမှ ပြင်နိုင်မှာလား။ ဒါတွေက ရှိသေးတယ်။ ကျွန်မသာ မိဘနေရာမှာဆိုရင် အလကား အကျိုးမရှိတာတွေအတွက် ကွန်ပြူတာတချိန်လုံး သုံးနေတယ်ဆို ပြင်ဖို့  ပစ္စည်းဝယ်ဖို့  ပိုက်ဆံချက်ချင်း ထုတ်ပေးဖြစ်မှာ မဟုတ်ဘူး။ ကွန်မန့် ဖတ်ပြီး တွေးမိတာလေးတွေပါ။