Pages

November 01, 2008

အချစ်အတွက် တဖန်မွေးဖွားခဲ့ပြီ...


နေမင်းရဲ့ အလင်းရောင်ခြည်လည်း မနေ့ ကနဲ့  မတူ.. မနေ့ ကလို မပူတော့ပြီ..
အားသစ်အင်သစ်တွေ ဆောင်ကြည်းပေးခဲ့လို့  ငါသည်
အချစ်အတွက် တဖန်မွေးဖွားခဲ့ပြီ...

ငှက်ကျေးရဲ့ သီချင်းသံတွေလည်း မနေ့ ကနဲ့ မတူ မနေ့ ကလို မဆူတော့ပြီ
မတွေးသစ်အမြင်သစ်တွေ ဆောင်ကြဉ်းပေးခဲ့လို့  ငါသည်..
အချစ်အတွက် တဖန်မွေးဖွားခဲ့ပြီ...

မျှော်လင့်ချက်တွေ ရင်မှာ ပြန်ရှင်သန်လာ..
မာန်မာနတွေ ရင်မှာ ပြန်ခိုင်မာလာ..
ဒီဘ၀ကို အရှုံးမပေးတော့ဘူးလို့ ...

ငါ့နှလုံးသားတစ်ချက်ခုန်လိုက်တိုင်း မနေ့ ကနဲ့ ကွာ မနေ့ ကလို မနာတော့ပြီ
သူ့ မျက်နှာ ခဏမြင်လိုက်ကတည်းက စ ပြီး ငါသည်..
အချစ်အတွက် တဖန်မွေးဖွားခဲ့ပြီ...

4 comments:

ThuHninSee said...

မျက်နှာမြင်နေပြီလား။
:P

Anonymous said...

သူ့ မျက်နှာ ခဏမြင်လိုက်ကတည်းက စ ပြီး ငါသည်
အချစ်အတွက် တဖန်မွေးဖွားခဲ့ပြီ.

Nay Nay Naing said...

ThuHninSee >> မမွန် ရေးထားတာ ဖတ်ပြီး ဘာပြန်ပြောရမယ်မှန်း မသိဘူး ဖြစ်သွားတယ်.. မြန်မာစကားက အတော်လေး ခက်ပါလားနော်..

jurassic >> သီချင်းက ရင်ထဲ ထိသွားလို့ လား...

Nay Nay Naing said...

"သူ့ မျက်နှာ ခဏမြင်လိုက်ကတည်းက စ ပြီး ငါသည်.. အချစ်အတွက် တဖန်မွေးဖွားခဲ့ပြီ."
မိုက်တယ်နော်.. :D