Pages

November 27, 2008

ပုရစ်ကြော်

ကိုယ်တိုင်ရိုက်ထားတဲ့ အစားအသောက်ပုံတွေမို့ လား၊ ကြိုက်တဲ့ အစားအသောက်တစ်ခုမို့  ရေးတာလားဆို တစ်ခုမှ မဟုတ်ဘူ။ တခါမှ မစားဖူးတဲ့ အစားအသောက်မို့  ရေးမှတ်ထားလိုက်တာ။

ပုရစ်ကြော်... ပုရစ်ကြော် ... အခု ပုရစ်ကြော် အကြောင်း စဉ်းစားနေတယ်....

အပြင်မှ ပုရစ်ကြော် ရောင်းတာတွေတော့ တွေ့ ဖူးတယ်။ စာအုပ်တွေထဲမှာ ဖတ်ဖူးတယ်။ တစ်ခါမှ မစားဖူးဘူး။ ကြောက်လို့ .. ရွံ့ လို့  မစားဖြစ် မဟုတ်ဘူး။ စားစရာ တစ်ခုအနေနဲ့  သတိမထားမိခဲ့တာပါ။ အိမ်မှာ ဘယ်သူမှ ပုရစ်ကြော် စားတယ်၊ စားမယ်လို့  ပြောတာမျိုး ကြားမှ မကြားဖူးတာ။ အဖေက တော့ ခြေလေးချောင်းသား မစားဘူး၊ ငါးဆို အကောင်ကြီးရင် မစားတဲ့ သူဆိုတော့ ဒီလို အစားအသောက်ကို တခါမှ စားဖူးတယ် မထင်။ အဖေက တွင်းပိုးတောင် မစားဘူး။ အမေက အစားအသောက် မရွေးဘူး၊ စားလို့  ကောင်းတာဆို အကုန်စားတဲ့ သူမျိုးဆိုတော့ စားဖူးလောက်တယ်။ ဒါပေမယ့် အမေက အဖေနဲ့ မတူဘူး.. အစားအသောက်ကို အလုပ်ရှုပ်ခံ စားဖို့ စဉ်းစားတဲ့ သူမဟုတ်ဘူး။ အမေ ဘာလေးစားချင်တာ ပြောတဲ့အသံမျိုး မကြားဖူးသလောက်ပဲ။ ရှိတာနဲ့  စားတယ်၊ ဘာမှ တမ်းတမ်းတတ ဖြစ်မနေတတ်တဲ့သူ။
စားပါဦး တော့ပစ်မှာ မောင်ဂူးဂူး တင်ထားတဲ့ပုံ

Original Photo by Gu Gu
ဘယ်က ဘယ်လို ပုရစ်ကြော် အကြောင်းစဉ်းစားမိသွားတာလဲဆို နေးတစ်မှာ သူများတွေ ပုရစ်ကြော် စားကြတယ်၊ စားချင်တယ် ရေးထားတာတွေတွေ့ နေလို့ ပါ။ အခုအချိန်က ပုရစ်ပေါ်တဲ့ အချိန်။ အစ်မကြီး တစ်ယောက်ရဲ့ အရေးအသားအရဆို ဒီအချိန်ပေါ်တဲ့ ပုရစ်က ပိုစားကောင်းတယ်တဲ့။ ဇန်န၀ါရီလလောက်မှာ ပေါ်တဲ့ ပုရစ်က အကောင်သေးလို့  စားမကောင်းဘူး။ ပုရစ်အထီးထက်စာရင် ဥပါတဲ့ ပုရစ်အစ်မက ပိုပြီး စားလို့ ကောင်းတယ်လို့  ဆိုထားတယ်။ လှည်းတန်းဈေးမှာ ပုရစ် အမ ၁၀ ကောင် ၇၀၀၊ အထီး ၁၀ ကောင်ကို ၅၀၀ ၊ အကောင်တစ်ရာလောက်ဝယ်တဲ့ အခါ အမကို ၁၀ ကောင် ၅၀၀ ဈေးနဲ့  ရခဲ့ကြောင်း ဖတ်လိုက်ရတယ်။ သူရေးထားတာ နိုဝင်ဘာလဆန်းက။ အခုအချိန် ၀ယ်လို့ ရသေးလား၊ ဘယ်ဈေးရှိလဲတော့ မသိ။ မမေးကြည့်မိဘူး။ တရုတ်တန်းမှာလည်း ၀ယ်လို့ ရတယ်ဆိုတဲ့ အကြောင်း ရေးထားတာဖတ်ရမှ ကျွန်မ မြင်ဖူးတဲ့ ပုရစ်ကြော်တွေ ရောင်းနေတဲ့ မြင်ကွင်းက တရုတ်တန်းမှာဖြစ်ကြောင်း သတိရတော့တယ်။

ဝယ်လာတဲ့ ပုရစ်ကြော်ကို ဆီပူလေးထိုးစားကြတယ်။ အတောင်ချွတ် ဦးမျှင်နဲ့  ဆူးပါတဲ့ ခြေထောက်လေးတွေ ဖြုတ်ပြီး ကျန်တာ အကုန်စားတယ်။ အင်း.. ရေးထားတာ စုံနေတာပဲ။ နေးတစ်က အစားအသောက် တော့ပစ်တွေ ဖတ်ရတာ ဗဟုသုတတော့ အတော်လေးရတယ်။ ကိုယ်တစ်ခါမှ မစားဖူးတဲ့ အစားအသောက်တွေ အကြောင်းသိရတယ်။ ပုရစ်ကြော်က အမြည်းအနေနဲ့ လဲ အတော်ကောင်းဆိုပဲ။ နိုင်ငံခြားမှာလည်း ပုရစ်ကြော် စားချင်တယ်ဆို ၀ယ်လို့ ရတယ်တဲ့။ ကိုရွှေးရိုး သတင်းပေးထားတာ။ ယိုးဒယားက ဗူးနဲ့ လာတာ။ ယိုဒယား ဆိုင်တွေမှာ ရှာဝယ်လို့ ရတယ်ပြောတယ်။ ဟိုးဒယားလို ပုရစ်ကို Jing Leed လို့ ခေါ်သတဲ့။ စင်္ကာပူမှာ ၀ယ်လို့ ရမရမသိဘူး။ နောက်ကြုံမှ ထိုင်းဆိုင်တွေမှာ မေးကြည့်အုံးမယ်။ Thai Insert JingLeed
ပုရစ်ကြော် စားချင်တဲ့သူတွေ သွားရည်ယိုဖို့ အလို့ ငှါ နေးတစ်ဖိုရမ်မာ ကိုရွှေရိုး မျှဝေထားတဲ့ပုံ

Original Photo by ShweYoe
ဒီပိုစ့်ရေးရင် ချစ်သူကို မေးကြည့်လိုက်သေးတယ်။ ပုရစ်ကြော် ဆိုတာကြီး စားဖူးလားဆိုတော့ စားဖူးတယ်တဲ့။ ကြိုက်လားဆိုတော့ အရသာရှိအောင် ကြော်ထားတာဆို ကြိုက်တယ်တဲ့။ ရှင်းသွားတာပဲ။ သူပြောမှ စာအုပ်ထဲမှာ ဖတ်ဖူးတဲ့ ပုရစ်ကြော်ပုံကို နည်းနည်း သတိရတယ်။ အသေအချာတော့ မမှတ်မိတော့ဘူး။ ပုရစ်ဗိုက်ထဲ ကြက်သွန်ဖြူ၊ ဂျင်း စတာတွေ ထည့်ကြော်တယ်ဆိုလား မသိ။

တခြားအစားအသောက်တွေ အကြောင်းရေးရင် စားချင်စိတ်ပေါက်လာတာများတယ်။ အခု ပုရစ်ကြော်က ကိုယ်မစားဖူးတဲ့ အရာမို့ လားမသိဘူး စားချင်စိတ် မပေါ်ဘူး။ အင်း… ပုရစ်ကြော်ပုံတွေ ကြည့်ပြီး ဒီနိုင်ငံမှာ အတော်ပေါတဲ့ အကောင်တွေကို သတိရမြင်ရောင်သွားတယ်။ တူတော့ မတူဘူးပေါ့လေ…ဒါပေမယ့် ပုံစံ ဆင်တော့ ဆင်တယ်ပေါ့။ အဲဒီအကောင်ကို ကြည့်ပြီး ကြောက်တဲ့သူတွေ အခု ပုရစ်ကြော်ကိုတော့ စားကြ၊ ကြိုက်ကြလား မသိဘူး။

13 comments:

:P said...

ငယ်ငယ်ကတော့စားဖူးတယ်။ ကြီးတော့ မစားတာကြာတော့ အရသာလည်းမေ့...
စားလိုစိတ်လည်းမရှိတော့ဘူး ...
ဒါနဲ့ အင်တာဗျူးလိုက်တဲ့ ချစ်သူဆိုတာ ဘူရဲ...:P:P:P

ဟန်လင်းထွန်း said...

သိဘူး။ သရေ ကျသွားတာပဲ သိတယ်။

Taungoo said...

ပုရစ်ကြော်ကို ပင်နီဆူလာမှာတော့ ဟိုတစ်ပတ်က တွေ့ခဲ့တယ်။ အကောင်တော့သေးတယ်ဗျ။ ဖားကြော်တို့၊ လယ်ကြွက်ကြော်တို့ကော စားဖူးလားအမ။ လယ်ကြွက်က ငရုတ်သီးစပ်စပ်နဲ့ ကြွပ်နေအောင်ကြော်ထားရင် အရမ်းကောင်းတယ်။ ဖားလည်း တူတူပါပဲ။ ဒီက ဖားစိမ်းစိမ်းတွေတော့ ဘယ်တော့မှ မစားဘူး။

ThuHninSee said...

အလို..အသည်းယားပါတယ်။ မစားဘူး..မစားရဲဘူး။

Nay Nay Naing said...

sin dan lar >> ဒီလိုအစားအသောက်တွေက စားကျင့်ရှိတဲ့ လူတွေမှာ စားချင်စိတ်ပေါ်မယ် ထင်တယ်.. တချို့ ကိစ္စတွေက ကလေးတွေ မသိတာကောင်းတယ်.. :-B

ဟန်လင်းထွန်း >> ဘယ်နိုင်ငံကလည်းမသိဘူး.. စလုံးမှာဆို မြန်မာဆိုင်တွေမှာ ၀ယ်လို့ ရတယ် ပြောတယ်.. တခြားနိုင်ငံကဆို ယိုးဒယားဆိုင်တွေမှာ သွားမေးကြည့်။

Taungoo >> ဖားကြော် ကို ဒီရောက်မှ စားဖူးတာ။ ကြိုက်တယ်။ ဟင်းချက်တာတော့ မကြိုက်ဘူး။ လယ်ကြွယ်ကြော် စားချင်တယ်။ အမေက ပြောဖူးတယ်။ လယ်ကြွက်ကြော်က စားလို့ ကောင်းတယ်တဲ့။ နောက်တခါ အိမ်ပြန်ရင် ဆောင်းတွင်းပြန်မယ် စိတ်ကူးတယ်။ ဒါမှ ခရီးထွက်ပြီး နယ်က အမျိုးတွေရှိတဲ့ နေရာသွားမှ မစားဖူးတာတွေ စားလို့ ရမှာ. ရန်ကုန်မှာဆို အမေက ဘာမှ ထူးထူးခြားခြားတွေ စားခိုင်းမှာ မဟုတ်ဘူး။

မမွန် >> မစားရဲတာ သိတယ်။ ဟိုအကောင်နဲ့ တူတယ်နော် :D

Steve Evergreen said...

Oh God! I can't eat it any more I think. Yes I tried long ago.

မီယာ said...

ပုရစ်ကြော်ကြိုက်တယ်။ အရင်ကဖရေဇာမှာနို့ဆီဗူးနဲ့ ရောင်းတယ်။ စင်ကာပူထိတောင်ဈေးကွက်က ပြန့်လာပြီကိုး။

Nay Nay Naing said...

Peninsula က မြန်မာဆိုင်တွေမှာ ရောင်းတာတွေ့ တယ် ပြောကြတာပဲ။ ကိုယ်တိုင်တော့ မတွေ့ ဖူးဘူး။ မြန်မာပြည်ကဆို ဒီကို ပစ္စည်းပို့ ရလွယ်သလို၊ လူကြုံတွေကလည်း များတော့ ကြိုက်တဲ့သူတွေက အသေအချာ အိမ်က မှာစားလို့ ရကြတယ်လေ..

khin oo may said...

သူ့မှာ ချစ်သူရှိတယ်လို့ ပြောချင်တာကိုး. နုစံနဲ့ တူလိုက်တာနော်. နုစံလည်း အရုပ်တွေ ကြိုက်တယ် ဆိုပြီး တီဗွီ အကြီးကြီးကို တို့တွေကိုပြတယ်။းP

ThuHninSee said...

တီဗီပဲပြပြ၊ ပုရစ်ပဲပြပြ..နောက်တစ်ခါဆို receiptပါ တွဲတင်ရမယ် ဒါပဲ။
း)

Nay Nay Naing said...

အစ်မခင်ဦးမေ..
ချစ်သူရှိတာ တော်တော်များများ သိကြပါတယ်။ ဒီဘလော့စရေးကတည်းက သူ့ အကြောင်း မကြာမကြာ ရေးခဲ့တာပဲလေ။ အခုမှ ထူးပြီး ထပ်ကြွားနေစရာ မလိုတော့ပါဘူး အစ်မရဲ့။ နောက်ပြီး ဒီနေရာမှာ အခုလောက် မှန်မှန် ရေးဖြစ်နေတာဟာလည်း ချစ်သူရဲ့ တိုက်တွန်းအားပေးမှု့ ကြောင့်ပဲလေ။ အစ်မ မသိဘူးလား .. :">

မမွန်...
receipt ထည့်မရေးပေးနိုင်တာကို ခွင့်လွတ်ပါနော်။ :P ဘယ်လိုချက်ရမယ်ဆိုတာ သိမှ မသိတာ။ ဒါပေမယ့် ဘယ်မှာ ၀ယ်လို့ ရတယ် ဆိုတဲ့ လိပ်စာလေးတွေ ထည့်ရေးပေးတယ်လေ။ ကျေနပ်နိုင်မယ် ထင်ပါတယ်။ :D

Unknown said...

အစ်မရေ ပုရစ်ကြော်က ဟိုအကောင်နဲ့မတူပါဘူး။ ဟိုအကောင်းက နံတယ်လေ။ အတောင်ပျံမဖြုတ်ထားရင် ဟိုအကောင်နဲ့ နဲနဲတယ်တယ်။ ပုရစ်က စားကောင်းပါတယ်ဗျ။ ဟိုအကောင်ကြီနဲ့တော့ မနှိုင်းပါနဲ့ဗျာ။ ဟီးး ပုရစ်ကြော် ကြိုက်ပေမယ့် ဟိုအကောင်တော့ ကြောက်တယ်။

Anonymous said...

I feel pity to them... Seem they are fried in hot oil b4 they died... I think it's called hell... :(