Pages

November 08, 2008

နိုဝင်ဘာ လက်ဆောင်

မနေ့ က နိုဝင်ဘာလအတွက် ပထမဆုံး လက်ဆောင် ရတယ်။

လူကြုံနဲ့  ထည့်ပေးလိုက်မယ် ဆိုတာကို စက်တင်ဘာလ ကုန်ပိုင်းက အီးမေး နဲ့  ပို့ ပြောတယ်။ အရမ်းကို အံ့သြ၀မ်းသာ သွားခဲ့တယ်။ အခုလို မမေ့ပဲ သတိရ၊ အမှတ်ရ နေမယ်လို့  မထင်ခဲ့ဘူးလေ။ ကျွန်မဆို လက်ဆောင်ပေးဖို့ ဘယ်တော့မှ သတိမရဘူး၊ နီးမှ၊ ဒါမှမဟုတ် အဲဒီရက်မှာ တစ်ယောက်ယောက်က သတိပေးမှသာ အီးမေးလေးပို့ ပြီး ဆုတောင်းလေး လုပ်တတ်တာ။ သတိပေးမယ့် သူမရှိရင် ရက်ကျော်သွား တတ်သေးတယ်။ သိတတ်မှု့ က အဲဒီလို ကွာတာလေ။ လူကြုံနဲ့ ဆိုတော့ ပစ္စည်း သေးသေးလေးပဲ ထည့်ပေးလို့ ရတယ်၊ တခြား လိုချင်တာရှိရင်ပြောပါ၊ ၀ယ်ပေးမယ်၊ ဒါမှမဟုတ် လိုချင်တာရှိရင် ၀ယ်လိုက်ပါ ပိုက်ဆံကိုပို့ ပေးမယ် ဆိုတဲ့ စာသားတွေ ဖတ်ပြီး အပြုံးတွေ လှိုင်နေခဲ့တာပေါ့။ လူကြုံရောက်ရင် ဖုန်းဆက် လိမ့်မယ်၊ လူကြုံက နိုဝင်ဘာ ပထမအပတ်ထဲ ရောက်မယ် ထင်တယ်ပြောလို့  မျှော်နေခဲ့တာ။ မနေ့ က ဖုန်းဆက်လာတာနဲ့  ချိန်းပြီး ထည့်ပေးလိုက်တဲ့ ပစ္စည်းကို သွားယူဖြစ်ခဲ့တယ်။ ကိုယ်အမြဲ သုံးလေ့ရှိတဲ့ ပစ္စည်မျိုးမဟုတ်ပေမယ့် ဒီပစ္စည်းလေးကိုတော့ ပေးတဲ့သူရဲ့ မေတ္တာတရားကြောင့် သုံးဖြစ်မယ် ထင်ပါတယ်။

အခု ဒီနေရာမှာသာ အမှတ်တရ အနေနဲ့ ရေးနေမိတာ။ ခုချိန်အထိ ထည့်ပေးလိုက်တဲ့ ပစ္စည်းရပြီဆိုတာကို ဖုန်းဆက် မပြောရသေးဘူး။ ကျေးဇူးတင်တယ်၊ ဘာညာဆိုတဲ့ စကားတွေ မပြောတောင် ပစ္စည်းလက်ခံရပြီးရင် ရတယ်ဆိုတာလေးကို အကြောင်းကြားသင့်တယ်ဆိုတာ သိပေမယ့် မလုပ်ဖြစ်ဘူး။ ကိစ္စတော့ မရှိပါဘူး ကျွန်မ စိတ်၊ ကျွန်မ ပုံစံ၊ ကျွန်မ အကျင့်တွေကို သိနေတယ်ဆိုတော့ ဘာမှ မပြောလဲ၊ ထုံးစံအတိုင်းပဲ ဆိုတာ သိပြီး ဘယ်လိုမှ နေမှာ မဟုတ်ပါဘူး။ နောက်ကြုံလို့  ဖုန်းဆက်ဖြစ်မှပဲ ပြောလိုက်တော့မယ်။

12 comments:

:P said...

လက်ဆောင်က ဘာနေးနဲ..ငှင်

khin oo may said...

ရေမွှေးက ဘာ နာမည်လဲဟင် သိချင်လို့

:P said...

kom: sin dan lar: N2 လက်ဆောင်ရတာ ရေမွေး လောင်းမလား။
မမကေအိုအမ်က လောင်းမလားတဲ့..ရေမွှေးဆ်ုတာ ဆွတ်ရတာဟုတ်ဘူးလား..လောင်းလိုက်ရင်ကုန်သွားမှာပေါ့:P

ကိုပေါ said...

ဆင်ဒဏ်လာနဲ့ မခင်ဦးမေ.....

သင်တို့နှစ်ယောက်သည် မည်သည့်အခါမျှ စုံထောက်ကျော်များ ဖြစ်လာဘွယ်ရာမရှိ။

ကျွန်ုပ်အဖို့ကား N3 ရေးထားသော စာပိုဒ်မှတဆင့် သဲလွန်စ များကို လယ်ပြင်တွင် ဆင်သွားသကဲ့သို့ ထင်းထင်းကြီး မြင်နေရချေသည်တကား။

အလွန် ဒုန်းဝေးဟန်တူသော သင်တို့နှစ်ဦး နားလည်သဘောပေါက်စေရန် ကျွန်ုပ်ရှင်းပြပါအံ့။

ပထမအချက်....“လူကြုံနဲ့မို့ ပစ္စည်းသေးသေးလေးဘဲ ထည့်ပေးလိုက်တယ်ဆိုသောအချက်”ကို သတိပြုပါ။ ဤအချက်သည် ဤအမှုအတွက် အင်မတန် အရေးကြီးသည်။

ဒုတိယအချက်.....“ကိုယ်အမြဲသုံးလေ့ရှိတဲ့ ပစ္စည်းမျိုးမဟုတ်” ဆိုတာကို သတိပြုပါ။

တတိယအချက်....“ပေးပို့သူက ဖုန်းဆက်ပြောကြားခြင်းမဟုတ်ဘဲ အီးမေးလ်ကတဆင့် ပြောသည်ဆိုတော့” ပေးပို့သူသည် တယ်လီဖုန်းခကို နှမြောတတ်သူ (တနည်းအားဖြင့်) လက်ဆောင်ဝယ်ရာတွင် နည်းနည်း နှမြောတတ်သူဖြစ်ရချေမည်။

စတုတ္ထအချက်.....“လက်ဆောင်ရပြီး ချက်ခြင်း ပြန်ဖုန်းမဆက်သေးပုံထောက်တော့” N3 တယောက် မှန်းချက်နဲ့ နှမ်းထွက်မကိုက် ဖြစ်နေပုံလည်းရသည်။

ဤသို့သော သဲလွန်စများကို စုပေါင်း၍ ကောက်ချက်ဆွဲလိုက်သော အဆိုပါလက်ဆောင်သည် “နားဖာကလော်တံ” ဖြစ်ဘို့ ကျိန်းသေသလောက်ဖြစ်သွားချေပြီ။ ယနေ့မှစ၍ N3 တယောက် မှန်မှန်ကြီး နားကလော်တော့အံ့။ အကျိုးဆက်အဖြစ် အကြားအာရုံများ ပိုမိုထက်မြက်လာအံ့။

(အဟီး.....ကောက်ချက်မှားသွားခဲ့ရင်လည်း ဦးရှံစားရဲ့ လက်သုံးစကားဖြစ်တဲ့....“မှားတဲ့အခါလည်း မှားပေမပေါ့”.....ဆိုတဲ့ စကားနဲ့ တောင်းပန်လိုက်ပါတယ်။း-) )

Shinmin said...

သိနေတယ်နော် ဘာလက်ဆောင်လဲ ဆိုတာကို

.
.
.
.
စိပ်ပုတီး :P
hehe

Nay Nay Naing said...

ဆင်ဒဏ်လာ နှင့် အစ်မ ခင်ဦးမေ ... လုံးဝ ပြောမပြဘူး။ :D
ကိုပေါ ခန့် မှန်းတာ မမှန်၍ မှားပါသည်။ (ရေးထားသည်များကို ဖတ်ပြီး အလွန်သဘောကျမိပါကြောင်း..)
ရှင်းမင်း ပြောသော ပစ္စည်းမှာမူကား လက်ဆောင်ရရှိသော ပစ္စည်းနှင့် လုံးဝ နည်းစပ်မှု့ မရှိပါ။

P.S နောက်ရမယ့် ပစ္စည်းတွေများကို စာရင်းလုပ်၍ ဖော်ပြပါမည်။ :"> ကြွားချင်လွန်လွန်းလို့  မဟုတ်ပါ။ ဘာပစ္စည်များရသည် ဆိုသည့် အကြောင်းကို မှန်းသူတွေ အချိန်ကုန် ၊ မှန်းချက်များ လွဲလျှင် စိတ်မကောင်းဖြစ်ကုန်မည်ကို စိုးရိမ်သည့် စေတနာကြောင့်ရယ်ပါ။ ထိုပစ္စည်းများ ဘယ်တော့ လက်ခံရရှိမည် ဆိုသည်ကို ရက်အတိအကျ မသိရသေးပါ။ မကြာမီ လာမည် မျှော်.. ဆိုသကဲ့သို မကြာတော့မည့် အချိန်တစ်ခုကို နေ့ စဉ်နေတိုင်း မျှော်နေရပါသည်။

To SDL >> အရင်ရက်တွေက ဒီနာမည်ကို ဘယ်လို ခေါ်ရမယ်မှန်းမသိ ဖြစ်နေတာ ဒီနေ့  ကိုပေါ ရေးထားတာ ဖတ်ပြီးမှ ဆင်ဒဏ်လာ လို ခေါ်ရမယ်ဆိုတာ သိရတော့တယ်

:P said...

ဒီနံမည်တော်တော်မွှေတာပဲ...(ကိုယ့်ဘာသာပေးထားပြီးတော့ ..ဟိ)
နံမည်ရင်းကိုပြောင်းပြန်ပြန်ရေးထားတာပါ....:D

Anonymous said...

နာမည်ရင်းက ralnadnis လား.. လာဒန်ဆင်း.. ဆားဒလင်း ဟမ် ဖစ်နိုင်ပါဝူး.. ပိုင်ရှင် ကိုယ်တိုင် ရှင်းကာမှ ပိုရှုပ် ကုန်ပီ..

လုပ်ကြပါဦး ဒီတိုင်းကြည့်မနေ ပါနဲ့.. :P

Nay Nay Naing said...

sin dan lar >> နာမည်အရင်းက စန္ဒာလင်း.. နဲ့ တူတယ်.. ဟုတ်လား.. ကိုပေါကို အားကျလို့  ပေးထားတဲ့ သဲလွန်စကို အသုံးပြုပြီး ခန့် မှန်း ကြည့်လိုက်တာပါ.. မမှန်ရင်တော့ မှားလေ့မပေါ့. :P မှားတယ်ဆိုလည်း အမှန်ပြင်ပေးလို့ ရပါတယ်..

!i! >> ကျွန်မ ဒီအတိုင်းကြည့်မနေဘူးနော်။ ဖြစ်နိုင်မယ် ထင်တဲ့ နာမည်တစ်ခုကို ၀င်ပြီး ခန့် မှန်းလိုက်ပါတယ်။

ThuHninSee said...

ကဲ... လင်းဒန်စာ များလား။ အင်း..တစ်ယောက်ယောက်များ ပေါက်ကရတွေးမိရင် မခက်ပေလော။

လက်ဆောင်ကို cold caseမှ စုံထောက်Lillyအိုက်တင်နဲ့
စုံစမ်းပါမည်။
ကလစ်သို့ခေါင်းစည်းကြိုးလဲဖြစ်နိုင်ပါသည်။ သို့သော်
မေတ္တာနဲ့ပေးသော်ငြား..ဆံပင်စည်းလိမ့်မည်မထင်
ဒါကို ပယ်လိုက်ပါသည်။

နားဆွဲလဲ ဖြစ်နိုင်ပါသည်။ သို့သော် ပေးပို့သူသည်
"ကျွန်မ စိတ်၊ ကျွန်မ ပုံစံ၊ ကျွန်မ အကျင့်တွေကို သိနေတယ်ဆိုတော" ကိုထောက်ရှုခြင်းဖြင့် နေနေနှင့် နားဆွဲ အမြင်မတော် ဆင်တော်နဲ့ခလောက် ဖြစ်မယ်ကို သိမည်။ သို့ကြောင့် မဖြစ်နိုင်။

လက်ပတ် နာရီဖြစ်နိုင်ပါသည်။ သူနာရီပတ်သည်ကို ဘယ်တော့မှ မတွေ့ပါ။
မမှန်ပါက..ပေးသူအပြစ်သာ ဖြစ်ပါသည်။

ပုံ မမမွန် :P

:P said...

!i! နှင့် thuhninsee ရက်စက်လိုက်ကြတာ..ခွီခွီ..ခန့်မှန်းထားတဲ့နံမည်တွေဖတ်ပြီး အူတက်နေပါသည်။
အာရပ်နံမည်လိုပဲ....
N3 မှန်ပါတယ်..မာတာနဲ့ပီတုပေးထားတဲ့ နံမည်ပါ..
sin dan lae က ကိုယ့်ဘာသာလျှာရှည်ထားတာပါ။

Nay Nay Naing said...

စုံထောက်ကြီး မမမွန် >> မမမွန်ပြောတဲ့ အပေါ်ကအချက်တွေ အကုန်မှန်ပြီး အောက်ဆုံးခန့် မှန်းတာလေးမှ လွဲသွားပါတယ်..

SDL >> Blog အတော်များများမှာ ကွန်မန့် ရေးတာတွေ့ မိသလိုပဲ... ဖတ်ပဲ ဖတ်တာလား မရေးဘူးလား..