Pages

November 15, 2008

ဖတ်မိသော ကဗျာတစ်ပုဒ်

ရေခဲတောင်တွေက
နေကို
ဆီးကြိုနေချိန်မှာ
သဲကန္တာရကား
နေအား
ထွက်ရန်နှင်ထုတ်နေ၏။

ကန္တာပင်တွေက
ရေကို
လိုလားတောင်းတနေချိန်မှာ
ကမ်းနာသစ်ပင်ကား
ရေအား
ခါးသီးစွာမုန်းတီးနေ၏။

မီးပုံပျံတွေက
လေကို
မျက်နှာချိုသွေးနေချိန်မှာ
ဖယောင်းတိုင်မီးများက
လေအား
ကြုံးဝါးမာန်ဖီနေ၏။

ဒါပေမဲ့
စစ်မြေမှာ၊ ငါ နဲ့  ရန်သူ
တူသော ဆန္ဒ ရှိကြ၏။

ဒီကဗျာ ကို ရေးသားသူက "မောင်ချစ်မြတ်" ဖြစ်ပြီး ကဗျာနာမည်က "ငြိမ်းချမ်းရေး" ဖြစ်ပါတယ်။

1 comment:

GreenGirl said...

ကဗျာလေး ကောင်းတယ်။
စစ်မြေမှာ၊ ငါ နဲ့  ရန်သူ
တူသော ဆန္ဒ ရှိကြ၏။


:)