Pages

November 06, 2008

05 November 2008

ဒီနေ့  ကြာသာပတေးဆိုတော့ မနက်ဖြန် သောကြာပေါ့။
ပြီးရင် စနေ၊တနင်္ဂနွေ ရောက်တော့မယ်။ ပျင်းတာ။ WeekEnd တွေကို မမျှော်တာ အတော်ကြာပြီ။
ဒါနဲ့ .. ခုရက်ပိုင်း အလုပ်မှာ အရင်ရက်တွေက ထက်စာရင် အလုပ် နည်းနည်းပို ရှုပ်နေတယ်။
ဟိုတနေ့ က လွန်ခဲ့တဲ့ ၁လ ကျော်ကျော်က ရိုက်ထားတဲ့ ဓာတ်ပုံတွေရတယ်။
မနေ့ က အမေရိကားမှာ သမ္မတရွေးကောက်ပွဲတဲ့၊ အိုဘားမား အနိုင်ရသွားတယ်ဆိုတာ ဖတ်လိုက်ရတယ်။
ချီကာဂိုမှာ မိန့် ခွန်းပြောမယ်ဆိုတာ သိလိုက်ရပြီး အဲဒီက အသံတွေကို ဖုန်းထဲက တစ်ဆင့် နားထောင်လိုက်ရတယ်။
သမ္မတအဖြစ်အရွေးခံရပြီး ပထမဆုံး မိန့် ခွန်း ပြောတဲ့ ပွဲဆိုတော့ အမှတ်တရပေါ့။
သူတို့ အားပေးတဲ့သူ အနိုင်ရတဲ့အတွက် ပျော်နေကြပုံပဲ၊ အသံတွေ ဆူညံနေတယ်။
အဲဒီအချိန်က ဒီမှာ မိုးတွေ သည်းကြီးမည်းကြီး ရွာနေတဲ့အချိန်လေ။
ထမင်းစားပြီပြန်အလာ TV ပေါ်မှာ အိုဘားမားက မိန့် ခွန်းပြောဖို့  စင်ပေါ်တက်လာတာကို မြင်လိုက်ရတာနဲ့  မိန့် ခွန်း အစအဆုံး နားထောင် ဖြစ်တယ်။ ဒါ ၄-၅ လအတွင်း ပထမဆုံးအကြိမ် TV ကြည့်ဖြစ်တာပဲ။
အခုရက်ပိုင်း စာကြည့်တိုက်မှာ စာသွားဖတ်မယ် စိတ်ကူးရှိပေမယ့် တစ်ခေါက်ပဲ ရောက်ဖြစ်သေးတယ်။
ကောင်းတာလုပ်ဖို့ ဆို စိတ်ရှိတောင် လူက လိုက်မလုပ်ဖြစ်ဘူး။
လူတွေက ဒီအတိုင်းပဲ.. ဒါဟာ လူ့ သဘာဝပဲ... ဒီလိုစကားတွေ ကဆင်ခြေတစ်ခုပဲဆိုတာ သိပေမယ့်
သြော်.. ဒါဟာလူ့ သဘာဝ.. လူ့ သဘာဝ... ဆိုပြီး ဖြေတွေးလေး တွေးနေမိတယ်။။
အခု....
ပုဇွန်ဟင်း နဲ့  ၀က်နံရိုးကြော် စားချင်တယ်။
.....

5 comments:

Anonymous said...

ဖုန်းထဲကနေ ဘယ်လိုနားထောင်လို့ ရလဲ မသိဘူး...

Nay Nay Naing said...

ဟိုဘက်က တစ်ယောက်က သူ့ ရဲ့ ဖုန်းမှာ နံပါတ်လေးတွေ နှိပ်ပြီး လှမ်းခေါ်တယ်လေ.. ဒီဘက်က ဖုန်းကိုင်လိုက်တဲ့ အခါ ဟိုဘက်က အသံတွေ ကြားနေရတာပေါ့။ မိန့် ခွန်း ဖုန်းထဲက နားထောင်တာ မဟုတ်ပါဘူး။ ရေးထားတာ မရှင်းဘူး ဖြစ်သွားတယ် ထင်တယ်။ သည်းခံပါရှင်၊ စိတ်ကူးတည့်ရာ ချရေးတတ်တဲ့ အကျင့်ရှိလို့ ပါ။ ပြောချင်တာက Chicago မှာ အိုဘားမား မိန့် ခွန်းပြောမယ် ဆိုတော့ သူ့ ကို ထောက်ခံသူတွေ စုဝေးနေတာ၊ အဲဒီက လူသံတွေ၊ သီချင်းဆိုတဲ့ အသံတွေ၊ ဘာသံညာသံတွေကို ဖုန်းက တစ်ဆင့် ကြားလိုက်ရတယ်လို့  ပြောချင်တာပါ။ အဲ့ဒါက ထမင်းမစားခင်နဲ့  ထမင်းစားနေတုန်း အချိန်။ ထမင်းစားပြီး ပြန်လာတော့ ကျွန်မ TV ရှေ့  အရောက် TV မှာ Chicago က အိုဘားမား မိန့် ခွန်းပြောတာကို တိုက်ရိုက်လွှင့်နေတာနဲ့  ကြုံလိုက်ရလို့  အစအဆုံး နားထောင်ဖြစ်ခဲ့တယ်။ ရှင်းလားမသိဘူး :D အင်း.... ဒီလို ဟိုတို့  ဒီတို့  Diary ပိုစ့်တွေဆို ကျွန်မ ပြန်ဖတ်ရင် နားလည်ရုံလောက်လေး ရေးတတ်တော့ ကိုယ့်ဟာကို ပြန်ဖတ်တဲ့အခါ ရှင်းနေပေမယ့်၊ တခြားသူတွေ ဖတ်တဲ့ အခါ ရှုပ်သွားမယ် ထင်တယ်။

ThuHninSee said...

ဒါဆို ဟိုဘက်က ဖုန်းခေါ်သူဟာလည်း အိုဘားမားကို အားပေးသူပေါ့နော်။

Anonymous said...

ဟုတ်ကဲ့  အခု နားလည်သွားပါပြီ..အဲဒီမိန့် ခွန်းပြောပွဲကိုရောက်နေတဲ့ လူတယာက်က အဲဒီအချိန်မှာ မနေနေနိုင်ကိုဖုန်းလှမ်းဆက်လိုက်တာကိုးးးးး...

သူတို့ကိုကြည့် ရတာအားကျဖို့ကောင်းတယ်နော်..yes we can တဲ့ ... ပြည်သူတွေကလည်းဝမ်းသာလွန်းလို့ မျက်ရည်တွေကျ...မက်ကိန်းကြီး သနားပါတယ် :D

Nay Nay Naing said...

မမွန် >> သူက အဲဒီ မိန့် ခွန်းပြောတဲ့နေရာကို တမင်သွားတာတော့ မဟုတ်ဘူး.. အိုဘားမားကို အားပေး မပေးဆိုတာ သိချင်တယ်ဆို မမွန်ကိုယ်တိုင် မေးကြည့်လိုက်ပါလားဟင်.. သူဘယ်သူလဲဆိုတာ မမွန် သိနေတာပဲဟာ

jurassic >> ဟုတ်တယ်.. လူအများ အားပေးတဲ့သူ အနိုင်ရပြီး သူတို့ ပျော်နေတာ ကြားရမြင်ရတာ အားကျစရာကြီးပါ။ ကျွန်မတို့  လည်း သူတို့ လို ဘယ်တော့မှ ပျော်ရမလဲ မသိဘူး...