Pages

September 06, 2008

စာဖတ်သူတစ်ဦး ၏ မှတ်စု

၀၀စား၊
ဝေးဝေးနေ၊
ဝင်မရှုပ်နဲ့ ၊
ဝရုန်းသုန်းကားတွေ
ဖြစ်ကုန်မယ်။

မင်းသိင်္ခ

အခုအိမ်မှာ မင်းသိင်္ခ ၀တ္ထုတွေ တွေ့ တာနဲ့  လျှောက်ဖတ်ကြည့်ရင်း မြနန်းနွယ် ၀တ္ထုထဲမှာပါတဲ့ ဒီစာသားလေးကို သဘောကျ သွားတယ်။ အဲဒီ စာအုပ်မရတော့ စာရေးဆရာက ကိုယ်နဲ့  မဆိုင်တဲ့ ကိစ္စတွေမှာ ၀င်မရှုပ်ရဘူး ဆိုတဲ့ အကြောင်းကို အဓိကပြောချင်တာလို့  ထင်ပါတယ်။ ထိပ်ဆုံးက စာလုံး "၀၀စား" ဆိုတာကို ဖတ်ပြီး ဒီစာသားတွေကို သဘောကျသွားတယ်။ အခု ရက်ပိုင်း အစားအသောက်ကို အချိန်မှန်နဲ့  ၀၀ စားဖို့ လို နေတယ်။ မနက်၊ နေ့ လည်၊ ညစာ တစ်နေ့  အနည်းဆုံး ၃ ခါတော့ စားမှ ဖြစ်တော့တယ်။ စားတဲ့အခါလည်း အရင်ကလုပ်သလို လွယ်လွယ် ရှိတဲ့ မုန့် လေးလောက် စားလိုက်တာမျိုး၊ ဘာမှမရှိရင် မစားပဲ နေလိုက်တာမျိုးတွေ လုပ်လို့  မရတော့ဘူး။ တစ်ခုခု မစားပဲ နေလိုက်မိရင် အဲဒီ မစားဖြစ်တဲ့ အရှိန်နဲ့  နောက်အချိန်တွေမှာ ဆက်စားလို့ မရ နေလို့ မကောင်း၊ အစားအသောက် ပျက်တာတွေ ဆက်ဖြစ်ရော။ ဘာပဲဖြစ်ဖြစ် ဒီဟာလေးကို ဘဘောကျလို့  မှတ်ထားလိုက်တယ်..

7 comments:

khin oo may said...

၀၀စား၊
ဝေးဝေးနေ၊
ဝင်မရှုပ်နဲ့ ၊
ဝရုန်းသုန်းကားတွေ
ဖြစ်ကုန်မယ်။

i also like it.

Andy Myint said...

မလှုပ်
မရှုပ်
မပြုတ်…တဲ့
အဲဒါ ရုံဝန်းထမ်းတွေရဲ့ စကားလေ။

Soe Mya Nandar Thet Lwin (Borros Roxo) said...

ကြိုက်တယ်ကွာ။

Awesome Quote!!! Brilliant...

Thanks for sharing, Sis.
SMNTL

ThuHninSee said...

၀၀စားလွန်းလို့ အ၀တ်တွေမတော်တော့ဘူး :P

Nay Nay Naing said...

အစ်မခင်ဦးမေ နဲ့  ညီမ SMNTL

လာဖတ်ဖြစ်လို့  ကြိုက်တာလေးတွေ တွေ့ တိုင်း comment ချန်ထားပေးခဲ့တာ ကျေးဇူးတင်ပါတယ်။ :)

Nay Nay Naing said...

ကို Andy ရေးထားတဲ့ မလှုပ် နဲ့ ကို မလုပ်နဲ့ လို့  ဖတ်မိပြီး အလုပ်မှာ ဘာမှ မလုပ်ပဲနေရင်တော့ ပြုတ်မှာပဲ တွေးမိပြီး အူကြောင်ကြောင်ဖြစ်သွားတယ်။ :D နောက်တစ်ခေါက်ဖတ်မှ မလှုပ်၊ မရှုပ်၊ မပြုတ် ဆိုတာကို နားလည်သွားတော့မယ်။

Nay Nay Naing said...

မမွန် ဒီတိုင်း အ၀တ် သစ်တွေဝယ်ထာထက်စာရင် မတော်လို့  အသစ်ဝယ်တာဆိုပြီး ၀ယ်တော့ ပိုမကောင်းဘူးလားဟင် :P