Pages

February 04, 2008

Busy Monday

ဒီရက်ပိုင်း ကျန်းမာရေး မကောင်းဘူး။
ဖျားတာတော့လည်း မဟုတ်ဘူး။ ဒီရက်ပိုင်းနေ့ တိုင်းနီးပါး ခေါင်းကိုက်တယ်။ နောက်ပြီး ချောင်းအရမ်း ဆိုးနေတယ်။
ခုအချိန်များ ဆေးခန်းသွားရင် ဆရာဝန်က ဆေးခွင့်ပေးမှာ သေချာတယ်။ ဒါပေမယ့် ခွင့်ယူလို့  မရဘူး။
အလုပ်မှာ တရုတ်နှစ်ကူး ပြည်တော်ပြန်ဖို့  ခွင့်ယူသူတွေများလို့  ကျန်တဲ့သူတွေကို ခွင့်မယူပါနဲ့ လို့  ပြောထားတယ်။
ဒီနေ့ အလုပ် အရမ်းများတယ်။ ၁၂ နာရီမှ စားနေကျ နေ့ လယ်စာတောင် ၂ နာရီလောက်မှ သွားစားရတယ်။
အားတဲ့အချိန်လေး စာဖတ်မယ် ဆိုတော့ သုံးနေကြ Proxy down နေလို့  အလုပ်က Proxy ကိုပဲသုံးလို့ ရတယ်။
အလုပ်က Proxy နဲ့ ဆို ဆိုဒ်တော်တော်များများကို ၀င်မရဘူး။ Logs တွေ အမြဲကြည့်နေတာမျိုးဆိုတော့ သုံးရတာ အဆင်မပြေဘူး။
ဒီရက်ပိုင်းတော့ Diary လိုလိုရေးတာတွေ ကလွဲရင် တခြားဟာတွေ ရေးနိုင်မယ် မထင်ဘူး။
၂ ရက် နဲ့  နေ့ တစ်ဝက်တော့ အောင့်အီးပြီး အလုပ်ကိုပဲ အာရုံစိုက် လုပ်လိုက်ပါအုံးမယ်။

1 comment:

Soe Moe said...

အလုပ်များတဲ့ N3 စာရေးနိုင်သေးတယ်နော်။ ကောင်းတယ်ကွာ။ ငါတို့မှာတော့ အလုပ်များပြီဆို ဘာဆိုဘာမှ မလုပ်နိုင်ပါဗျာ . . .