Pages

April 04, 2007

Online FLV Converter

Computer ထဲမှာ Application တွေ အများကြီး မသွင်းချင်၊ Setting တွေ၊ Plugin တွေနဲ့  အလုပ် မရှုပ်ချင်တဲ့ ကျွန်မ့ အတွက် အသုံးဝင်တဲ့ OpenSource Online Application တစ်ခု ထပ်တွေ့ ပါတယ်...

ပုံမှန်ဆို ကျွန်မ့ အင်တာနက်က Movie Chips တွေ Download လုပ်ဖို့  စိတ်သိပ်မရှည်တတ်၊ ဟို File Format ဒီ File Format ပြောင်းဖို့ ကိစ္စတွေကို အပိုအရှုပ်တွေထင်ပြီး လုပ်လေ့မရှိပါဘူး။ ဒါပေမယ့် ကျွန်မမှာ ကျွန်မနဲ့  ဆန့် ကျင်ဘက်၊ အဲ့ဒါတွေကို စိတ်ဝင်စားတဲ့ သူငယ်ချင်းတချို့ ရှိနေပါတယ်။ အဲ့ဒီ သူငယ်ချင်းတွေက သူတို့  တစ်ခုခု Download လုပ်ချင်၊ File Format တစ်ခုခုပြောင်းချင်ပြီး လုပ်မရ ဖြစ်နေတိုင်း စိတ်ရှည်လက်ရှည်နဲ့  ပြောင်းနည်းတွေကို လိုက်ရှာဖို့ စိတ်မ၀င်စားပဲ (အချိန်ကုန်မခံချင်ပဲ) တစ်စုံတစ်ယောက်ကိုသာ ဒါလိုချင်တယ် ဒါရအောင်နည်းရှာပြီး လုပ်ပေးဆိုပြီး လေပြေလေးနဲ့  အကူအညီတောင်းတတ် (စကားလှအောင် သုံးရတာပါ) ကြပါတယ်။ အရင်ကဆို သူတို့  အကူအညီ တောင်းသူဟာ ကျွန်မသာ ဖြစ်နေခဲ့တယ်ဆို ဟိုရှာဒီရှာလုပ်ရ၊ ရှာတွေ့ တဲ့ Software တွေ၊ Plugin တွေ Install လုပ်ကြည့် စမ်းကြည့်နဲ့ အလုပ်ရှုပ်ရ ပါတယ်။ :D

ဒါပေမယ့် ခုနောက်ပိုင်းပေါ်လာတဲ့ Online Application တွေကြောင့် အဲ့ဒီလို အလုပ်ရှုပ်စရတွေ တော်တော်လေး လျှော့နည်းလာပြီး ပြောရမယ်။ ခုထပ်တွေ့ တဲ့ Online Application သုံးပြီးဆို Flash Vedio File တွေ FLV File တွေကို AVI , MOV , MP4 , 3GP , MP3 တွေ လွယ်လွယ်ကူကူ ပြောင်းလို့ ရပါတယ်။

AVI for Windows (Divx + Mp3)
MOV for Mac (MPEG4 + Mp3)
MP4 for iPod/PSP (MPEG4+AAC)
3GP for Mobile (MPEG4+AAC)
MP3 (audio only)

သုံးရတာ အရမ်းလွယ်ပါတယ်။ ကိုယ်ပြောင်းချင်တဲ့ File ရှိတဲ့ လင့် (URL)ကို ထည့်ပေးလိုက်ရုံပါပဲ။ Convert လုပ်နေတုန်းမှာ ဘယ်လောက် % ပြောင်းပြီးပြီဆိုတာကို Bar နဲ့  ပြပေးသလို၊ ပြောင်းပြီးတာနဲ့  Converted File ကို Download လုပ်ဖို့  Link လေးပေးပါတယ်။ ကျွန်မ YouCube က File တွေကို AVI နဲ့  Mp3 စမ်းပြောင်းကြည့်တာတော့ တော်တော် မြန်တာတွေ့ ရတယ်။

ဒါကလည်း Japanese တစ်ယောက်ဦးဆောင်တဲ့ OpenSource Project ဖြစ်လို့  စိတ်ဝင်စားသူတွေ ပါဝင်လို့ ရတယ်။ C Language ကိုသုံးပြီး ရေးထားတယ်လို့  သိရတယ်။

Related Source : vixy.net

3 comments:

Anonymous said...

Thanks for this post..!!

Min Htet said...

Thanks Ma Nay Nay Naing for this Open Source application. I got troubles about downloading from Youtube in past.But now I can solve it :) .I appreciate your good will to share knowledge.

Anonymous said...

A useful guide