Pages

April 25, 2007

Junit Factory

JUnit - is a unit testing framework for the Java programming language.

JUnit ကို Java Programmer တိုင်းသိကြမှာပါ။ Java နဲ့ ရေးထားတဲ့ Application တွေ Unit Testing လုပ်ဖို့ ဆို JUnit ကို အများဆုံး သုံးလေ့ ရှိပါတယ်။

JUnit ကို အသုံးပြုရတဲ့ Java Programmer တွေ အတွက် ဒီ JunitFactory ဟာ အလွန်အသုံးဝင် နိုင်ပါတယ်။ JUnitFactory ကိုသုံးမယ်ဆိုရင် ကိုယ်တိုင် JUnit Code တွေ ရေးစရာမလိုတော့ပါဘူး။ JUnitFactory Site မှာ ကိုယ့်ရဲ့ Java Program တွေကို Upload လုပ်လိုက်မယ်ဆိုရင် အဲ့ဒီ Website ကနေပြီး JUnit Code တွေကို Auto Generate ပြန်ထုတ်ပေးပါတယ်။

JUnit Factory ကို အသုံးပြုမယ်ဆို နည်းလမ်း နှစ်မျိုးနဲ့ သုံးနိုင်တယ်။

1. The browser-based demo
ပထမနည်းက သူတို့ ရဲ့ Website မှာ ကိုယ့်ရဲ့ Program ကို Copy and Paste လုပ်ပေးတဲ့ နည်းပါ။ ဒီနည်းက Single ၊ Stand-alone Java Class တွေ အတွက်ပဲ သင့်တော်တယ်လို့  ပြောထားပါတယ်။ အဲ့ဒီ Demo Page မှာ ရေးပြီးသား Code တစ်ချို့ ကို တင်ပေးထားတာ ရှိတော့ လွယ်လွယ်ကူကူ စမ်းကြည့်လို့ ရပါတယ်။

2. The Eclipse plug-in
ဒုတိယနည်း ကတော့ Eclipse Plug-in ကို သုံးပြီး ကိုယ် JUnit Code ထုတ်ချင်တဲ့ Project/ Package/ Class ကို ရွေးပြီး သူတို့ Site ကို Upload လုပ်ပေးတဲ့ နည်းပါ။ ဒီနည်းသုံးဖို့ ဆို JUnitFactor ကနေ Plugin ကိုအရင် Download လုပ်ပြီး Install လုပ်ဖို့ တော့လိုတယ်။ Java IDE အနေနဲ့ Eclipse ကိုပဲ သုံးရပါမယ်။ အခု လက်ရှိ အချိန်ထိတော့ JUnitFactory က Eclipse IDE တစ်ခုတည်းကိုပဲ Support လုပ်ပါသေးတယ်။

ဒီနေရာမှာ တစ်ခု စဉ်းစားရမှာက အဲ့လို Upload လုပ်လိုက်ရင် ကိုယ့်ရဲ့ Project Code တွေ အားလုံး သူတို့ စီ ရောက်သွားမယ် ဆိုတာပါပဲ။ ကျွန်မ အလုပ်မှာဆို Code တွေက confidential တွေပါ။ အပြင်လူတွေကိုတောင် ပြခွင့်မရှိပါဘူး။ ဒီလိုအခြေအနေမျိုးဆိုရင်တော့ JUnitFactory ကို သုံးရတာ အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် JUnitFactory ကလည်း လူတိုင်းကို Free အဖြစ် သုံးခွင့်ပေးထားလို့ သာ ဒီအခြေအနေကို တာဝန်မယူတာပါ။ သူတို့ ရဲ့ တခြား Service ဖြစ်တဲ့ agitarone ကို ၀ယ်ပြီး သုံးလို့ ရကြောင်းကို FAQ မှာ ရေးထားတာတွေ့ ရတယ်။
AgitarOne အကြောင်းသိချင်ရင်တော့ ဒီမှာ ဖတ်ကြည့်လို့ ရပါတယ်။ ကျွန်မကတော့ သိရုံလောက်ပဲ သွားဖတ်ကြည့်လိုက်တယ်။ ကိုယ်က စမ်းကြည့်ရုံ၊ တချို့  File တွေအတွက်ပဲ သုံးမှာ၊ ၀ယ်သုံးဖို့ လည်း စိတ်ကူးမရှိသေးတော့ JUnitFactory နဲ့ တင် လုံလောက်ပါတယ်။ အင်း.... နောက်ပိုင်း ကိုယ်ပိုင် Software Company ထောင်နိုင်မှပဲ AgitarOne အကြောင်း အသေးစိတ်သိအောင် ထပ်သွားဖတ်တော့မယ်။

Source: JUnitFactory.com , Agita.com

2 comments:

Anon........ said...

There is also Cpp Unit which is good for C++ coders. For C programmers there is Cxx Unit Testing Framework.

Nay Nay Naing said...

Thanks for ur information..