Pages

April 07, 2007

Easter Holiday

ံHoliday မှာ ဘာတွေ လုပ်နေလဲဆိုတော့ ရန်ကုန်က ၀ယ်လာတဲ့ စာအုပ်တွေဖတ်လိုက်၊ အင်တာနက်က ရုပ်ရှင်တွေ ကြည့်လိုက် လုပ်နေပါတယ်။ စာအုပ်တွေ အကြောင်းတော့ နောက်မှ ပြောတော့မယ်။ ကျွန်မ ဒီရက်ပိုင်း မြန်မာကားတော်တော်များများ ကြည့်ဖြစ်သွားပါတယ်။ မြန်မာ ရုပ်ရှင်တွေ၊ movies တွေတင်ပေးတဲ့ site တွေကိုတော့ တော်တော်များများ သိပြီးသားဖြစ်မှာပါ။ ဒီတစ်ခါ ကျွန်မ ကြည့်တာ အဲ့ဒီ Site တွေက မဟုတ်ပဲ YouTube မှာ jojudi ဆိုတဲ့ သူတစ်ယောက် တင်ပေးထားတာတွေကို ကြည့်ဖြစ်တာပါ။ ခုလက်ရှိကြည့်နေတာကတော့ ထွန်းထွန်း သရုပ်ဆောင်တဲ့ အသည်းကွဲလူရွှင်တော် ဆိုတဲ့ ကားပါ။

Holiday မှာ ကျွန်မလိုပဲ သွားစရာမရှိ ကွန်ပြူတာရှေ့ မှာ ထိုင်ပြီး အချိန်ကုန်မယ့်သူများ ကြည့်လို့ ရအောင် သတင်းပေးတာပါ။ ဒီအောက်က Link မှာ သွားကြည့်လို့ ရပါတယ်။ အဲ့ဒီမှာ မြန်မာ ဇာတ်ကားတွေ၊ သီချင်းတွေ အများကြီးရှိပါတယ်။


ဒီမှာကတော့ စိုင်းစိုင်း သရုပ်ဆောင်တဲ့ သကြားမင်းဒေါ့ကွန်း ဆိုတဲ့ ကားပါ။ ကျွန်မ ကြည့်ပြီးသွားပြီ .. ကြိုက်သလားဆို မကြိုက်ပါဘူးလို့  ဖြေရပါလိမ့်မယ်.။ သကြားမင်းဒေါ့ကွန်ဆိုလို့  ဘာများလည်းဆိုပြီး သိချင်စိတ်နဲ့  ကြည့်လိုက်တာ၊ တကယ့်ကို ပေါတောတောနိုင်တဲ့ သာမန် ရုပ်ရှင် ကားတစ်ကား ပါပဲ။ ဇာတ်ကား နာမည်နဲ့  တကယ် သက်ဆိုင်တာလည်း ဘာမှ မပါ ပါဘူး။ လူစိတ်ဝင်စားအောင် တမင် ဒီနာမည် ပေးထားတယ် ထင်ပါတယ်။ တကယ့်ကို အဖြစ်သဘောရိုက်ထားတဲ့ ကားပါလို့  ထင်ပါတယ်။ အဲ့ဒီကား ကြည့်ဖူးချင်သူများ ဒီ သကြားမင်းဒေါ့ကွန်း မှာ သွားကြည့်ကြပါ။

Enjoy Your Holiday!!

2 comments:

Anonymous said...

မနေ
မြန်မာကားလင့် ပေးတဲ့ အတွက်ကျေးဇူးပဲနော်။ :)

Nay Nay Naing said...

ညီမလေး.. ဘလောခ့် update မလုပ်တာကြာပြီ.. အလုပ်တွေရှုပ်နေတယ် ထင်တယ်.. မအားတဲ့ ကြားကနေ လာဖတ်တာ ကျေးဇူးပဲ.. :)