Pages

April 12, 2007

ကြောက်ရွံ့ ခြင်းမှ လွတ်ကင်းရေး - အောင်ဆန်းစုကြည်

ပြီးခဲ့တဲ့ Easter အားလပ်ရက်က ဖတ်ဖြစ်တဲ့ စာအုပ်လေးပါ။ ဒေါ်အောင်ဆန်းစုကြည် English လိုရေးတဲ့ "Freedom from fear and other writings" ဆိုတဲ့ စာအုပ်ကို မြန်မာလို ဘာသာပြန်ထားတာပါ။

မကြောက်အရွံ့ နှင့်
လွတ်လပ်မှန်ကန်စွာ
ရေးသားပြောဆိုခွင့်ရစေမည့်
နိုင်ငံရေးစနစ်ကို
တောင်းတနေသူ
မြန်မာတိုင်းရင်းသားအပေါင်းအား
ရည်ညွှန်းပါသည် ..


ဆိုထားတဲ့ ဒီစာအုပ်လေးကို တော်တော်များများဖတ်ဖူးကြမှာပါ။ မဖတ်ဖူးသေးသူများ ဖတ်နိုင်အောင် မျှဝေလိုက်ပါတယ်။ ဖတ်ဖြစ်အောင် ဖတ်ကြည့်ကြပါ။

ကျွန်မကတော့ ဒီစာအုပ်ကို စာအုပ်နာမည်ကအစ သဘောကျနှစ်သက်မိတယ်။ စာအုပ်ထဲမှာ ဘာတွေပါလဲ ဆိုတာ သိရအောင် မာတိကာကို ရေးပေးလိုက်ပါတယ်။

စာရေးသူ၏ အမှာစာ (ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှာစာ)
စာတည်း၏ အမှာစာ (ဒေါက်တာ အောင်ခင်ရဲ့ အမှာစာ)
ဗားစလဗ်ဟာဗဲလ်၏ စကားဦး
ဒေါ်သန်းအေးရေးသားသော "စု" နှင့် မိတ်ဆက်ခြင်း
နော်ဝေးနိုင်ငံ နိုဘဲလ်ကော်မတီ ဥက္ကဌမိန့် ခွန်း

အပိုင်း(က)
၁၉၈၄ ခုနှစ် - ၁၉၉၃ ခုနှစ်အတွင်းရေးသား စာတမ်းများနှင့် အထွေထွေမိန့် ခွန်းများ

၁။ အောင်ဆန်း
၂။ ဒီမိုကရေစီရှာပုံတော်
၃။ ကြောက်ရွံ့ ခြင်းမှ လွတ်ကင်းရေး
၎။ " ဗိုလ် " ၏ အဓိပ္ပါယ် အစစ်အမှန်
၅။ ရည်မှန်းချက်များ
၆။ တော်လှန်ရေး၏ အလယ်ဗဟိုတွင်
၇။ ကုလသမဂ္ဂလူ့ အခွင့်အရေးကော်မရှင်သို့  အိတ်ဖွင့်ပေးစာ
၈။ ပြည်သူလူထုက လွတ်လပ်ရေးကိုလိုချင်သည်
၉။ နိုဘဲလ်ဆုရှင်ကိုယ်စားပြောသောမိန့် ခွန်း
၁၀။ နိုဘဲလ်ကောင်မတီသို့ ပေးစာ
၁၁။ လူ့ အခွင့်အရေးဥပဒေအဖွဲ့ မှ ပေးသောဆုအတွက် မိန့် ခွန်း
၁၂။ စပိန်အိုလံပစ်မိန့် ခွန်း
၁၃။ စစ်မှန်သော လုံခြုံရေးသို့ 

အပိုင်း(ခ)
၁၉၈၈ခုနှစ်သြဂုတ်လမှ ၁၉၈၉ခုနှစ် ဇူလိုင် အထိ ပြောကြားခဲ့သော မိန့် ခွန်းနှင့် သတင်းစာရှင်းလင်းပွဲများ

၁၄။ ရွှေတိဂုံစေတီတော် အနောက်မုခ်လူထုစည်းဝေးပွဲ
၁၅။ ဒီမိုကရေစီရရှိရေးနှင့် ပြည်သူများ၏ အခန်းကဏ္ဍ
၁၆။ သတင်းစာရှင်းလင်းပွဲအမှတ် - ၃
၁၇။ တိုင်းရင်သားစည်းလုံးညီညွတ်ရေး
၁၈။ ဒီမိုကရေစီအင်အားစုများညီညွတ်ရေး
၁၉။ ဇူလိုင်ခုနှစ်ရက်နေ့ 
၂၀။ တပ်မတော်ဟာ ဘယ်သူ့ အတွက်လည်း
၂၁။ န၀တ နှင့် ရင်ဆိုင်ဆွေးနွေးရေး
၂၂။ သတင်းစာရှင်းလင်းပွဲအမှတ် - ၆
၂၃။ ပြည်သူလိုချင်တာအောင်ဆန်းလမ်းစဉ်
၂၄။ မိန့် ခွန်းကောက်နှုတ်ချက်များ

ဒီမှာကတော့ အဲ့ဒီစာအုပ်ထဲမှာပါတဲ့ " ဒေါ်သန်းအေးရေးသားသော "စု" နှင့် မိတ်ဆက်ခြင်း " ပါ။ မိုးမခကနေ ရရှိတာ ဖြစ်ပါတယ်။ စာအုပ်တစ်အုပ်လုံး Download တာ ကြာနေရင် ဒီဟာလေးကို အရင် ဖတ်ကြည့်ကြပါ။ အောက်ကပုံတွေကတော့ အဲ့ဒီစာပိုဒ်( မိုးမခ) က ကျွန်မ သဘောကျလို့  ဖြတ်ယူထားတဲ့ ပုံလေးတွေ ပါ။


6 comments:

Anonymous said...

မနေနေနိုင် မင်္ဂလာနှစ်သစ်ပါ ပျော်ရွှင်မှုများ ကြုံတွေ့ပါစေလို့၊ ညလေးလင့်ခ်ထားမယ်နော်

Chan Mya Soe said...

စာအုပ်တွေအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ
မင်္ဂလာရှိသော နှစ်သစ်မှာ ပျော်ရွှင်ပါစေခင်ဗျာ :)

Nay Nay Naing said...

မင်္ဂလာနှစ်သစ်ပါ ညလေး နဲ့  CMS ရေ.. ခုလို လာပြီး တကူးတက ဆုတောင်းပေးတာ ကျေးဇူးတင်ပါတယ်။

Anonymous said...

မနေရေ...
မီဒီယာဖိုင်းယားက လင့်ခ်က မရှိတော့ဘူး။ ပြန်တင်ပေးမလားဟင်။

Nay Nay Naing said...

PDF File ပြန်တင်ပေးလိုက်တယ်.. :)

kmt11 said...

I cannot download / open .rar file
maungthaw@hotmail.com
Download : ဒေါ်အောင်ဆန်းစုကြည် - ကြောက်ရွံ့ ခြင်းမှ လွတ်ကင်းရေး