Pages

July 10, 2006

ComfortDelGro Makes Taxi Fare Adjustments

ခုလေးတင် အစ်ကိုတစ်ယောက်နဲ့  chatting လုပ်ရင်း ဒီနေ့ ကစပြီး Taxi ခတွေ ဈေးတက်ပြီလို့  သူက သတင်းပေးပါတယ်။ စိတ်ကြီးရယ် ညစ်ပါရဲ့။ သူကပြောသေးတယ် မကြာမှီ MRT ခတွေ၊ Bus ခတွေပါ တက်ဦးမှာတဲ့ရှင်။ ဒီမှာလည်း အရာရာဟာ ဈေးတက်နေပါလား။ အိပ်ရာထနောက်ကျလို့  မဖြစ်တော့ဘူး။ အရင်ကဆို အိပ်ရာထနောက်ကျလည်း ဘာအရေးလဲ။ Taxi လေး ဖုန်းဆက်ခေါ်ပြီး အလုပ်မှီအောင် သွားလို့ ရသေးတယ်။ အလုပ်နဲ့ ခုနေတဲ့အိမ်ကဝေးတော့ အရင်ဈေးနဲ့ တောင် အနည်းဆုံး ၁၂၊ ၁၃ လောက်ပေးရတာ။ ခုဈေးနဲ့ သာဆို အလုပ်ကို Taxi နဲ့ သွားတဲ့နေ့  ဘာမှမစားပဲနေရမလိုဖြစ်နေမယ်။ စောစောအိပ်ပြီး၊ စောစောထနိုင်အောင်ပြန်ကျင့်မှ ဖြစ်တော့မယ်။ နောက်ပြီး ဘယ်သွားသွား အိမ်က အချိန်နီးမှ ကပ်ထွက်ပြီး Taxi နဲ့ သွားလေ့ရှိတဲ့ အကျင့်ကိုလည်း ပြင်မှ ဖြစ်တော့မယ်။ ဒါမှမဟုတ် ကုန်းဈေးနှုန်းတက်တာနဲ့  အပြိုင် ဝင်ငွေတိုးလာအောင်ပဲလုပ်ရင် ကောင်းမလား။ ငွေကို ရှိတိုင်းသုံးပြစ်တတ်တဲ့ အကျင့်ဆိုးတွေကိုလည်းပြင်၊ ဝင်ငွေလည်းတိုးအောင်လုပ်၊ နှစ်ခုလုံးလုပ်မှ ဝင်ငွေနဲ့  ထွက်ငွေ မျှတရုံလောက်ဖြစ်မှာ။

ဟိုနေ့ ကတင် အလုပ်မှာ Manager ကတောင်ငြီးနေတယ်။ မီတာခ တွေတက်လို့ တဲ့လေ။ အကုန် တက်နေတာပဲ၊ ခုအာဏာရနေတဲ့ အစိုးရကို မကြိုက်ဘူးတဲ့။ ဈေးတွေတက်လို့ တဲ့လေ။ ပြီးတော့ မေးသေးတယ် နင်တို့ တိုင်းပြည်မှာရော ဒီလိုပဲ ဈေးတွေတက်လား။ နင်တို့ ရော နင်တို့ ရဲ့လက်ရှိအစိုးရကိုကြိုက်လား တဲ့။ ဟီးးးးးး.... ဘယ်လိုပြန်ဖြေရမလည်း မသိဘူးဖြစ်သွားသေးတယ်။ သူကဆက်ပြောပါတယ် ဘယ်နိုင်ငံက ဘယ်လူမျိုးကမှ လက်ရှိအာဏာရနေတဲ့ အစိုးရတွေကိုကြိုက်မှာ မဟုတ်ဘူးလို့  သူထင်ပါတယ်တဲ့။ သူဟာသူမေး သူဟာသူဖြေသွားတော့ ကို ဖြေစရာ မလိုတော့ဘူပေါ့။ ဒါပဲကောင်းပါတယ်။

ဒါတွေထားပါတော့လေ။ ကိုယ်အကြောင်းကိုယ်တွေးရရင်
၁။ စောစောအိပ်၊ စောစောထ၊ အလုပ်ကို Taxi နဲ့  မသွားရအောင်ကြိုးစားမှ
၂။ ချိန်းထားတာရှိလို့  အပြင်သွားရမယ်ဆို၊ စောစောစီးစီး ပြင်ဆင်မှ
၃။ အလုပ်သွားရင် အိမ်မှာ မီ်း၊ Aircon ကိုသေသေချာချာ ဂရုတစိုက် ပိတ်မှ
၎။ အိမ်ကို HandPhone ကနေ့  တိုက်ရိုက်ဖုန်းမခေါ်မိအောင်နေရမယ်။ ဖုန်းကတ်နဲ့ ဆို ရန်ကုန်ကိုဖုန်းခေါ်ရတာ တော်တော်နဲ့ မရတော့ စိတ်ကမရှည်ဖြစ်လာပြီး တိုက်ရိုက်ပဲ ခေါ်မိနေတယ်။ ခုတော့ စိတ်ရှည်မှဖြစ်တော့မယ်
နောက်ဘာတွေချွေတာရဦမလဲ မသိဘူး။ ဟင်းးးးးး အတတ်နိုင်ဆုံး အထက်ကအချက်တွေတော့ ကြိုးစားလုပ်မှဖြစ်မယ်။ မဟုတ်ရင်တော့ ရသမျှလခ ဘာမှမသုံးလိုက်ရပဲ ကုန်သွားနိုင်တယ်။

Source : CityCub

The flag down fare of ComfortDelGro's fleet of taxis - Comfort, CityCab and Yellow-Top - will be raised by 10 cents to $2.50 with effect from 6am, 10 July 2006.

5 comments:

ko ye said...

သူများတွေလို ကားဝယ်စီးပေါ့ဟ :P

Nay Nay Naing said...

ချမ်းသာတဲ့ ဟိုအစ်ကိုကြီးလို လူတွေသာ ကားဝယ်စီးနိုင်တာ။ ကျွှန်တော့်မှာ လခမရသေးလို့  စိတ်ညစ်နေတာကို၊ ကားလာဝယ်စီးခိုင်းနေတယ်။ ခုတော့ ကိုယ်ပိုက်ဆံနဲ့  ကိုယ် ကားဝယ်မစီးနိုင်သေးဘူးဗျို့ ။ လခမှန်မှန်ရနေတဲ့ သူတွေဝယ်ပေးရင်တော့ စီးမယ်။ ကားဝယ်ပေးမလား ။ :P

ko ye said...

ဘယ်သူ့ကို ပြောတာလဲဟင် :)

MgAlbert said...

အခုလိုတက်နေတဲ့ ခေတ်ကြီးမှာကျွန်တော် တို့ လဲအမှီလိုက်တက်ဖို့ လိုပါတယ်။ ဆေးရုံတော့မဟုတ်ဘူးနော်။ လူလဲမတက်သွားနဲ့ အုံး။ လူတိုးတက်ဖို့ ။ လူနေမှုစနစ်တိုးတက်ဖို့ ။ လစာတိုးတက်ဖို့ ကိုပြောတာနော်။ ဟီး။ ရေးထားကလေးကတော့ ကောင်းတယ်။ လုပ်နိုင်အောင်သာ ကြိုးစားပါ။ အားပေးတယ်။။။

Nay Nay Naing said...

ဟုတ်။ ကြိုးစားနေတယ်။ ဟီးးး ။ အဲ့ဒီပိုစ့်တင်ပြီးနောက်တစ်ရက်ပဲ အလုပ်ကို ကာငှါးသွားလိုက်ရသေးတယ်။ :">

ကိုရဲ.. ကျွန်တော် ကားဝယ်စီးနိုင်တဲ့ ဟိုအစ်ကိုကြီးကိုပြောတာလေ... ။ မသိရင် နောက်ကြုံမှပြမယ်။