Pages

May 02, 2008

ပရိတ်ကြီး ၁၁ သုတ်

ခုရက်ပိုင်း စုစည်းနားထောင်ဖြစ်တဲ့ ပရိတ်ကြီး ၁၁ သုတ် audio ဖိုင်တွေပါ။

ပရိတ်ကြီး ၁၁ သုတ် အစ-အဆုံး - ဦးဝိစိတ္တသာရဘိဝံသ မင်းကွန်းဆရာတော်ကြီး (Download - 56.25 MB)
ပရိတ်ကြီး ၁၁ သုတ် နှင့် အနက် - သီရဂူဆရာတော် (Download - 4.3 MB)
ပရိတ်ကြီး ၁၁ သုတ် (Download - 15.48 MB)

ပရိတ်ကြီး ၁၁ သုတ် တစ်ပုဒ်ချင် ရယူလိုသူများအတွက် Other Related Links:
ပရိတ်ကြီး ဆယ့်တစ်သုတ် ရွတ်ဆိုရခြင်းရဲ့ အကျိုးများ - ခွန်မြလှိုင် (ainmat.com)
ပရိတ်ကြီး ၁၁ သုတ် - ပါဠိ - holyscripts
ပရိတ်ကြီး ၁၁ သုတ် - ပါဠိနှင့် မြန်မာလိုအသံထွက် - myanmardotcom
အင်တာနက်ပေါ်တွင် ပရိတ်ကြီး ၁၁ သုတ်နှင့် ပဌာန်းပါဠိတော် တရားနာယူနိုင်သော နေရာ - peterzawlinn

Credit to KhunMong, May11, Anatta (မူလ မျှဝေသူအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။)

April 30, 2008

Happy 31st Anniversary!!



Children do not realize
till childhood days are past
How deep their parents' love can be,
How long that love can last --
They do not fully understand
How helpful are their ways,
How kind and thoughtful are their deeds,
How busy are their days...

But as they grow, they come to know,
In one way or another,
The happiness and love and care
Bestowed by Mom and Dad,
And when a special day appears,
What they want most to do
Is to say, in all sincerity,
"Thank heaven for you two!"

Happy 31st Anniversary
with Love
from
Ye and Yu, Nay, Toe, Chon

April 29, 2008

New Cell Phone

ဒီရက်ပိုင်း ဖုန်းအသစ် ပြောင်းကိုင်ရင် ကောင်းမလား စဉ်းစားနေလို့  ဖုန်းတွေကို နည်းနည်း သတိထားကြည့်မိတယ်။ လက်ရှိသုံးနေတဲ့ ဖုန်း နဲ့  ဖုန်းလိုင်းက ၂ နှစ် စာချုပ်ပြည့်သွားတာ အတော်ကြာဆိုတော့ ဖုန်းလိုင်းကို renew လုပ်ရင်း ဖုန်းအသစ်ပြောင်းကိုင်လို့ ရနေပြီ။ ခုနောက်ပိုင်း ထွက်တဲ့ ဖုန်းတွေက ကောင်းသလို၊ ပါတဲ့ function တွေက အတော်များတော့ ဘယ်အမျိုးအစား၊ ဘယ်မော်ဒယ်ကို ၀ယ်ရမှန်းမသိ ဖြစ်နေတာတဲ့ အချိန်မှာ ဒီကာတွန်းဖတ်ပြီး အရမ်း သဘောကျသွားတယ်။

ကျွန်မရဲ့ သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ်။ သုံးလို့ ရတာ မရတာ အသာထား၊ အခု ဟန်းဖုန်းတွေမှာ ပါနိုင်သမျှ function တွေ အကုန်၊ ကိုယ်ကိုင်တဲ့ ဖုန်းမှာ အစုံပါစေချင်တယ်တဲ့။ ကာတွန်းဇာတ်ကောင်လဲ အဲဒီလိုပဲ function အစုံပါတဲ့ ဖုန်းမျိုး လိုက်ရှာရင်း လိုက်ရှာရင်း နောက်ဆုံးမှာ Ring ကလွဲရင် ကျန်တာ အကုန်ပါတဲ့ ဖုန်းမျိုး ၀ယ်ဖြစ်သွားတာ ဖြစ်မယ် ထင်တယ်...

April 28, 2008

27 April 2008 @ Myanmar Embassy

သံရုံးပို့ တယ် ဆိုတဲ့ မဲပေးဖို့  အကြောင်းကြားစာ မရခဲ့ပေမယ့် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ က မြန်မာသံရုံးကို အရောက်သွားလို့  Passport နဲ့  အခွန်ဆောင်ထားတဲ့ စာရွက်ပြပြီး မဲပေးဖြစ်အောင် ပေးခဲ့တယ်.. မနက် ၉း၃၀ ထ... ၁၀ နာရီကျော် အိမ်က ထွက်... ၁၁ နာရီ ကျော်လောက် မြန်မာ သံရုံးရှေ့ ကို ရောက်ခဲ့ပေမယ့်... တကယ် မဲမေးပြီးလို့  သံရုံးထဲက ပြန်ထွက်လာတဲ့ အချိန်မှာ ၃ နာရီခွဲကျော် ရှိနေပြီ...

မဲသွားပေးရင်း မြန်မာသံရုံးမှာ တွေ့ ကြုံခဲ့ရတာတွေကို ရေးထားတာ ရှိတယ်။ စိတ်ဝင်စားလို့ပဲဖြစ်ဖြစ် ၊ အချိန်တွေ ပိုနေလို့ ပဲ ဖြစ်ဖြစ်၊ ဘာကြောင့်ပဲ ဖြစ်ဖြစ် ဖတ်ကြည့်ချင်တယ်ဆို ဒီအောက်က လင့်ကို နှိပ်ပြီး ဖတ်ကြည့်နိုင်ပါတယ်။


Other Related Links:
♠ Conditional Referendum?? by TZA
“အောချာ့ဒ်က အနီရောင်လှိုင်းလုံး” By Ko Paw

April 25, 2008

ငယ်ချစ်ဦး - စိုင်းထီးဆိုင်

ငယ်ချစ်ဦး - စိုင်းထီးဆိုင်
တေးရေး - စိုင်းခမ်းလိတ်
စီးရီး - ချယ်ရီကိုသာပန်ပါကွယ်

ကြာပြီဆိုတော့ မေ့လောက်ပါပြီ စိတ်မှာယုံခဲ့တယ်
အချစ်ဦးမို့ ယနေ့ ထက်ထိတိုင် ကိုယ်မမေ့နိုင်သေးတယ်
ခုနေချိန်များ ပြန်တွေ့ ကြရင် အရင်တုန်းကလိုပဲ ရင်ခုန်အုံးမလား

တစ်ခါက မသိသေးတဲ့ အမှားအမှန်ကို မချင့်ချိန်နိုင်ခဲ့တယ်
အနိုင်အရှုံးလေးတစ်ခုအတွက် ကိုယ့်ကို သူလိုက်ရင်ပြေးတယ်
တစ်ယောက်ကိုတစ်ယောက် မခွဲချင်ပဲခွဲကာ
နောက်ဆုံးရလာတော့ ချစ်နောင်တပဲ

အမြဲလိုမဟုတ်ပေမယ့်လည်း သူနဲ့ ဆုံတွေ့ တဲ့မြေ
ပတ်သက်နေတဲ့ အကြောင်းတွေ
ရောက်ပြန်လေတိုင်း ပြန်ပြောတိုင်းမှာ
ပြန်သတိရလာဆဲ လွမ်းနေဆဲပါ

မတည်ငြိမ်နိုင်သေးတဲ့ နှလုံးကိုတော့ တတ်နိုင်သလောက်ထိန်းမယ်
ဟိုတုန်းကမှားတဲ့အမှားရယ် ဒီနေ့ ထပ်မမှားချင်
အချစ်ဒါဏ်ရာချက်တွေ များလွန်းပြီ
ပိုရင့်ကျက်လာဖို့ ပဲ ကျန်တော့တယ်

April 24, 2008

South Park Comedy Series : Watch Online Free

No Internet ဆိုတဲ့ ပိုစ့်မှာ တင်ထားတဲ့ YouTube က File မရှိတော့တာနဲ့  South Park Studio ကိုသွားပြီး Direct Link ပေးဖို့  ရှာရင်းကနေ တခြား Episodes တွေကို ကြည့်ဖြစ်သွားတယ်။ အဲ့ဒီ Comedy Series က US TV မှာ ပြတာ ဆိုတော့ ယူအက်စ်က လူတွေတော့ သိကြမယ်၊ ကြည့်ဖြစ်ကြမယ် ထင်တယ်။ ကျွန်မကတော့ Double Emmy Award Winner ဖြစ်တဲ့ ဒီစီရီးကို ဟိုတစ်နေ့ ကမှ ဒါလေး ကြည့်ပြီး သတိထားမိ သွားခဲ့တာ။ ဒီနေ့  ကြည့်ပြီးသမျှအရတော့ အဲ့ဒီ series ကို သဘောကျတယ်။

South Park Series ကို August 13,1997 က စတင်ပြသ ခဲ့တာဖြစ်ပြီး အခုဆို 12 Seasons နဲ့  174 espisodes ပြပြီးပြီလို့  သိရပါတယ်။

In March 2008, Comedy Central made all South Park episodes available for legal streaming on the South Park Studios website. However, legal issues prevent the episodes from being accessible in the UK, Australia and a few other territories outside US for now.

Official Website ဖြစ်တဲ့ SouthParkStudios မှာ TV မှာ ပြပြီးသမျှ Espisodes တွေ အကုန်လုံး တင်ပေးထားတာ တွေ့ တယ်။ သူစီမှာ ရေးသားထားတာတွေ့ ရသလောက်တော့ တချို့ နိုင်ငံတွေကနေပြီး အဲ့ဒီဆိုဒ်ကို ကြည့်လို့ မရဘူး ထင်တယ်။ ဒီနိုင်ငံ ကတော့ ကြည့်လို့ ရပါတယ်။ အဲ့ဒီဆိုဒ်မှာ ကြည့်လို့  မရလည်း ကိစ္စ သိပ်မရှိပါဘူး။ Google လုပ်ကြည့်လိုက်ရင် အဲ့ဒီ Series ကြည့်လို့ ရတဲ့ တခြားနေရာတွေ အများကြီး ထွက်လာပါလိမ့်မယ်။

Related Links: South Park (Wiki)

April 23, 2008

Can anyone fix the bug in this code?


#include < stdio.h >
#define LAST 10

int main() {
int i, sum = 0;
for ( i = 1; i < = LAST; i++ ) {
sum += i;
}

/*-for-*/
printf("sum = %d\n", sum);
return 0;
}

ဒီအပေါ်က ဟာလေးကိုကြည့်ပြီး သဘောကျသွားတယ်။ ပထမတော့ အဲ့ဒီမှာ ရေးထားတဲ့ coding တွေကို ဖတ်ပြီး ဘာမှားနေတာလဲဆို စဉ်းစားမလို့ ပဲ ။ နောက် ကြည့်နေရင်းနဲ့ မှ ဘာကို ဆိုလိုသလဲ ဆိုတာ သဘောပေါက် သွားတော့တယ်။ ဒီမှာ အပေါ်က Bug ကို ရှင်းချင်တယ်ဆို ရှင်းလို့ ရတဲ့ နည်းလေး..


Source : http://aruljohn.com/fun/j/bug/

April 22, 2008

Geek and Poke : IT Cartoons

ဒီနေ့  အင်တာနက်ပေါ်မှာ လျှောက်ကြည့်ရင်း Cartoons Site တစ်ခုကို တွေ့ တယ်။ အဲ့ဒီမှာ ဖော်ပြထားတဲ့ ကာတွန်းတွေကို နှစ်သက်လို့  အချိန်တော်တော်ပေးပြီး ဖတ်ဖြစ်သွားတယ်။ IT နဲ့ ဆိုင်တဲ့ ကာတွန်းတွေဖြစ်လို့  အိုင်တီလောကသားတွေ ပိုပြီး သဘောကျမယ်ထင်တယ်။ ဒါပေမယ့် တချို့ ကာတွန်းတွေက လူတိုင်း နားလည်နိုင်ပါတယ်။

ကြိုက်တာတွေကတော့ အများကြီးပါပဲ။ ဖတ်ဖြစ်သွားတဲ့ ကာတွန်းတွေထဲက နှစ်သက်တာ တချို့ ကို မျှဝေလိုက်တယ်။ အချိန်ရတယ်၊ သဘောကျတယ်ဆို Geek and Poke မှာ ရှိတဲ့ တခြားကာတွန်းတွေကိုပါ သွားဖတ်ကြည့်သင့်ပါတယ်။

Hunger
"What do you do against the injustice in Tibet?"
"Business with China."
"That helps?"
"No, but it makes me money."

Why Men Like Online Community
ဒါလေးဖတ်ပြီး..... သူစိမ်းများကိုဆို မအားပါဘူးလို့  ပြောရမှာ အလွန်တရာ အားနာတတ်သူ တစ်ယောက်ကို သတိရသွားမိတယ်..
Big Book
စာလုံးရေ ၁၄၀ ဖတ်ပြီး တဲ့ အခါ ပင်ပန်းသွားတယ်တဲ့...

How to be a Good Manager
ကာတွန်းထဲကလို မန်နေဂျာမျိုးတွေနဲ့  အလုပ်လုပ်ရသူများရဲ့ ဘ၀.....

Software Developement
တခါတလေ ကိုယ်တိုင်ရေးထားတဲ့ Coding တွေ ကိုယ်ပြန်ဖတ်ကြည့်တဲ့ အခါ.. ကာတွန်းထဲကလိုပဲ ဖြစ်တတ်တယ်..

ကျွန်မတို့  ကြုံတွေ့ နေကျ ...

Follow Feed
နောက်ဆို ဒီလို ပြန်ပြောရင် ကောင်းမလား.. စဉ်းစားနေမိတယ် (လူမုန်းတော့ အတော်များမယ်ထင်တယ်)

Kids

Blogger

Busy Times
အလုပ်အရမ်း ရှုပ်တဲ့ အခါတွေမှာတောင်မှ...

April 21, 2008

No Internet

ဒါလေးကြည့်ပြီး သဘောကျသွားတယ်။ အင်တာနက်များ မရှိရင်.....

Update (23 April 2008): ဒီမှာ အရင်တင်ထားတဲ့ Youtube မှာ မရှိတော့တဲ့အတွက် Movie ကြည့်မယ်ဆို South Park Studios မှာ direct သွားကြည့်နိုင်ပါတယ်။

South Park : Over Logging
Episode 1206
(Original Air Date: 2008-04-16)

One day the citizens of South Park wake up and find the internet is gone. When Randy hears there may still be some internet out in California, he packs up his family and heads west.

Source : www.seekaresexy.net

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ကတောင် ညဘက်ကြီး အင်တာနက် သုံးမရတော့လို့  အတော်လေး အဆင်မပြေ ဖြစ်သွားသေးတယ်။ ကိုယ့်ကွန်ပြူတာတစ်ခုပဲ အင်တာနက် မရတာလား စိုးရိမ်စိတ်နဲ့  အခန်းပြင် ထွက်ကြည့်လိုက်မှ မတွေ့ တာကြာပြီဖြစ်တဲ့ တစ်အိမ်ထဲနေသူ တစ်ယောက်ကို Router နားမှာ တွေ့ လိုက်တယ်။ ဒါနဲ့  Modem ကြောင့်လား၊ Wireless Router က ဖြစ်တာလား စမ်းလို့ ရသမျှ နည်းမျိုးစုံ စမ်းကြည့်ပြီး နောက်ဆုံး StarHub Line ကဖြစ်တာမှန်း သိလိုက်ရတဲ့ တစ်ခနမှာ အတော်လေး စိတ်ရှုပ်သွားသေးတယ်။ တစ်အိမ်ထဲနေတဲ့ တစ်ယောက်က သူအလုပ်လုပ်နေတာ ဖြစ်လို့  အရေးကြီးတယ်၊ အင်တာနက်ပြန်ရအောင် လုပ်ပေးပါတဲ့။ Line ကဖြစ်တာဆိုတော့ ကိုယ်လည်း ဘာမှ မတတ်နိုင်ကြောင်း၊ ဖုန်းဆက်ဖို့ ကြတော့လည်း ကိုယ့်နာမည်နဲ့ ယူထားတဲ့ service မဟုတ်တော့ account no တွေဘာတွေလည်း မရှိကြောင်း ရှင်းပြလိုက်ပြီး မနက်အထိ မရရင်တော့ အိမ်ရှင်ကို ဖုန်းဆက်ပြောပေးမယ် ပြောလိုက်ရတယ်။ ည ၂ နာရီလောက်ကြီး အင်တာနက်မရလို့  ဆိုပြီး အိမ်ရှင်ကို ဖုန်းဆက်နှိုးပြီးပြောလိုက်ရင် နောက်တစ်နေ့ မှာ နောက်လ အိမ်ပြောင်းဖို့  ရှာပါတော့ဆိုတဲ့ စကားမျိုး ကြားရနိုင်တယ်လေ...

အဲ့ဒီညက အင်တာနက်မလိုတဲ့ လုပ်လို့ ရတာလေးတွေ နည်းနည်းလုပ်ပြီး အိပ်ဖို့ ကြိုးစားပေမယ့် အိပ်လို့  မပျော်တာနဲ့  ၁၀ မိနစ်တစ်ခါလောက် ကွန်ပြူတာမှာ အင်တာနက်ပြန်ရပြီလား ကြည့်နေဖြစ်တယ်။ နောက်ဆုံး ၃နာရီ ကျော်လောက်မှာ အင်တာနက် ကွန်နက်ရှင်ပြန်ရနေမှန်း သိလိုက်ရမှပဲ စိတ်ချမ်းသာသွားပြီး အိပ်လို့ ရတော့တယ်....

ဒါ ကျွန်မရဲ့ အင်တာနက်ကွန်နက်ရှင် ၁ နာရီလောက်ပြတ်တောက်သွားခြင်း အတွေ့ အကြုံပါ....

April 20, 2008

အိပ်မရသော ညများစွာ သို့ .....

ဒီလို ညမျိုးတွေဟာ အများစု အတွက်ဆို ပျော်စရာ ကောင်းတဲ့ ညတွေဖြစ်မှာပါ။ ကျွန်မလည်း ဒီလိုညတွေမှာ ပျော်ရွှင်ခဲ့ဖူး ပါတယ်။ ဟိုး... အရင်ကပေါ့။ ဒီလို နေ့ ရဲ့ ညတွေမှာ အိပ်စက်ခြင်းတွေ ပျောက်ဆုံးခဲ့တာ အတော်လေး ကြာခဲ့ပြီ။ ဒီလိုနေ့ ရဲ့ ဒီလို ည.. ဒီလိုအချိန်တွေမှာ........
စနေည... အိပ်မရတဲ့ည... မုန်းတီးသော စနေနေ့ ရဲ့ ညများစွာ အတွက်...
အိပ်မရတဲ့ည
--ရေး/ဆို ခင်ဝမ်း--

မွန်းသိပ်ကျပ်တဲ့ အခုညမှာ
ထွက်ပေါက်မရှိ စိတ်ညစ်နေ
တစ်ခါတစ်ခါ လောကကို
ဘယ်လိုလုပ်ပြီး... ရင်ဆိုင်ရမလဲ
မတွေးတတ်သလိုပဲ... အားငယ်နေ
အမှောင်ထုအောက်မှာ .. အခုညတော့
စိတ်တေလေ။

ဒီည.. အိပ်မရတဲ့ည

စာဖတ်သူတစ်ဦး ၏ မှတ်စု

ကိုယ့်စိတ်ထဲ မတော်မှန်းသိတဲ့ အပြစ်တစ်ခုကို မကျူးလွန်းမိစေနဲ့ ။ မကျူးလွန်ဖြစ်အောင် ချုပ်တည်းလို့ ဖြစ်စေ၊ ရှောင်ရှားလို့  ဖြစ်စေ နေလိုက်ကြပါ။ မဟုတ်ရင် ကိုယ်လိပ်ပြာက ကိုယ့်ပြန်နှောက်ယှက်တာဟာ မူလ ကျူးလွန်မိရတာမျှမက အလွန် ၀န်လေး နေတတ်တယ်။

လူထုဒေါ်အမာ "လွမ်းသူ့ စာ" စာအုပ်မှ

အစ်ကိုကြီး ကိုအော်လံမောင်ရဲ့ စာဖတ်သူတစ်ဦး ၏ မှတ်စု တွေကို သဘောကျနှစ်သက်လို့  အမြဲသတိထား ဖတ်ဖြစ်နေရင်း ကျွန်မ ဖတ်မိတဲ့ စာအုပ်တွေထဲက နှစ်သက်တာလေးတွေ ရှိရင်လည်း မေ့မသွားအောင် မှတ်ထားဖို့  စဉ်းစားမိတယ်။

April 17, 2008

မြန်မာ နှစ်ဆန်း ၁ ရက်နေ့ 

မြန်မာသက္ကရာဇ် ၁၃၇၀ ပြည့်နှစ်
တန်ခူးလဆန် ၁၂ ရက်

မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော နှစ်သစ် ဖြစ်ပါစေ။

တစ်နှစ်ပတ်လုံး
ကိုယ်ရော စိတ်ပါ ရွှင်လန်းချမ်းမြေ့ကြပြီး
လိုအပ်ဆန္ဒဟူသမျှ ပြည့်ဝကာ
ကံကောင်းခြင်းများစွာကို
ပိုင်ဆိုင်နိုင်ကြပါစေ။

သံလွင်အိပ်မက် အတွဲ ၂၊ အမှတ် ၁

မက်ခွင့်မရတာကြာပြီဖြစ်တဲ့ အိပ်မက်တစ်ခု....
မြန်မာနှစ်သစ်နဲ့ အတူ
အိပ်မက် မက်ခွင့်ရလိုက်ပြီ....

သံလွင်အိပ်မက် အတွဲ(၂) အမှတ်(၁)

April 16, 2008

Collection of 2008 Thingyan Photos

အခုရက်ပိုင်း သင်္ကြန်နဲ့  ပတ်သက်တဲ့ ဓာတ်ပုံတွေကို လိုက်ရှာကြည့်ဖြစ်တယ်။ မြန်မာပြည် ပြန်ပြီး သင်္ကြန်ပွဲကို ကိုယ်တိုင်ပါဝင်ဆင်နွှဲခွင့် မရှိတဲ့ အခါကြတော့ သူများတွေ တင်ပေးထားတဲ့ သင်္ကြန်ဓာတ်ပုံတွေ ကြည့်ပြီးပဲ အလွမ်းဖြေရတာပေါ့။ ပုံတွေကြည့်ရင်း ကိုယ်တွေ ကြုံဖူးတဲ့ သင်္ကြန်တွေနဲ့  အခုခေတ်သင်္ကြန် ဘာတွေ ကွာသွားတယ်၊ ဘာတွေ ဘယ်လောက်တောင် ပြောင်းလဲသွားတယ် ဆိုတာကိုလည်း ခန့် မှန်းကြည့်နေမိတယ်...

ဖတ်ဖြစ်တဲ့ ဘလော့ပိုစ့်တွေထဲမှာ ကိုရဲလွင်ဦး ဘလော့မှာ ရေးထားတဲ့ သင်္ကြန်နဲ့ ပတ်သက်တဲ့ ပိုစ့်တွေနဲ့ ဓာတ်ပုံတွေကို သဘောကျ နှစ်သက်မိတယ်။ အလုပ်က နိုင်ငံခြားသား သူငယ်ချင်းတွေ မြန်မာနှစ်ကူးပွဲတော် အကြောင်းလာမေးတာနဲ့  အဲ့ဒီလင့်တွေကို ပေးပြီး ကြည့်ခိုင်းလိုက်တယ်။

[Home] YeLwinOo's PhotoBlog မှ သင်္ကြန် အကြောင်းပိုစ့်များ နှင့် ဓာတ်ပုံများ
[Home] Ko MyoThan ရဲ့ Picasa Web Album မှ ရန်ကုန် သင်္ကြန်ဓာတ်ပုံများ

[Home] MMThingyan.com မှ သင်္ကြန် ဓာတ်ပုံများ
[Home] ThaKhinGyi.com မှ သင်္ကြန် ဓာတ်ပုံများ
[Home] NativeMyanmar Forum မှ BaganNat မျှဝေသော မန္တလေးသင်္ကြန်ဓာတ်ပုံများ
  • Mandalay News & Gossip ( ဓာတ်ပုံတွေကို နေ့ စဉ် တင်ပေးနေပြီး ၀င်ကြည့်မယ်ဆို Member ၀င်ဖို့  လိုပါတယ်)
[Home] BaganNat ရဲ့ ဘလော့မှာ တင်ပေးထားတဲ့ မန္တလေးသင်္ကြန်ပုံတွေ (နေးတစ်ဖိုရမ်မှာ တင်ပေးတဲ့ ပုံတွေနဲ့ အတူတူပါပဲ။ ဘလော့မှာကြတော့ တစ်စုတစ်စည်းထဲ ကြည့်ရတာ ပိုလွယ်တယ်။) ***New***[Home] Picasa မှာ တင်ထားတဲ့ သင်္ကြန်နဲ့ ပတ်သက်တဲ့ Album တစ်ခု (တောင်ကြီးမှာရိုက်ထားတာ နဲ့ တူတယ်)
[Home] တောင်ကြီးချယ်ရီမြေ မှ တောင်ကြီး သင်္ကြန်

[Home] အေးစေ မာတီပလိုင်းမှ သင်္ကြန်ဓာတ်ပုံများ ***New*** Credit to mmhan

MediafaxFoto မှ သင်္ကြန် ဓာတ်ပုံများ ***New*** Credit to mmhan
[Home] Tayzar ရဲ့ Picasa Web Album မှ ရန်ကုန် သင်္ကြန်ဓာတ်ပုံများ ***New*** Credit to mmhan
[Home] StevenAlexand's Blog မှ စင်ကာပူ သင်္ကြန်ပုံများ ***New*** Credit to Steven

[Home] ပေါ်ပြူလာ ဂျာနယ်မှ သင်္ကြန် ဓာတ်ပုံများ
ကျွန်မ ကြည့်ဖြစ်ခဲ့တဲ့ ၂၀၀၈ သင်္ကြန်ပွဲတော်နဲ့  ဓာတ်ပုံတွေ အကုန်ပါပဲ။ နောက်ထပ် ဓာတ်ပုံတွေ Links အသစ်တွေ တွေ့ ရင် Update လုပ်ပါအုံးမယ်။ တခြား သိတာများရှိရင်လည်း မျှဝေဖို့ တောင်းဆိုပါတယ်။ Links တွေ ပို့ ပေးတဲ့ သူငယ်ချင်းများ အားလုံးနဲ့  ဓာတ်ပုံတွေကို မျှဝေသူများ အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း....

April 15, 2008

SeaFood @ Pasir Panjang Hawker Centre

ပြီးခဲ့တဲ့ စနေညနေက Pasir Panjang မှာ Cold Crab သွားစားဖြစ်တယ်။ အဲ့ဒီနေ့ က City Hall ဘူတာမှာ လူစောင့်ရတာ မိနစ် ၂၀ ကျော်၊ Bus စောင့်ရတာ မိနစ် ၂၀ လောက် နဲ့  Bus Stop မှားဆင်းတဲ့ အတွက် Bus Stop ကနေပြီး အဲ့ဒီ ရောက်ဖို့  မိနစ် ၂၀ တိတိ လမ်းလျှောက် လိုက်ရတာကလွဲရင် စားလို့  ကောင်း၊ သောက်လို့ ကောင်း၊ အားလုံး အစဉ်ပြေပါတယ်။

ကျွန်မကတော့ အကောင်းမကြိုက်ဘူးပဲ ပြောမလား၊ Cold Crab ကို လက်မ တစ်ခုပဲ မြည်းတယ်ဆိုရုံ စားကြည့်ပြီ၊ ဆာတေးနဲ့  တခြားဟင်းတွေသာ အဓိကစားဖြစ်ခဲ့တယ်။ Cold Crab က အေးအေးကြီးနဲ့  တမျိုးကြီးပဲ စားရတာ၊ ပေါ့ရွှတ်ရွှတ်ကြီးလို့  ခံစားရတယ်၊ စားနေကျ မဟုတ်လို့ လား မသိဘူး မစားတတ်ဘူး။ စားရတာ Chili Crab စားသလို အရမ်းတော့ ရုပ်မပျက်ဘူး။ ဒါပေမယ့် Cold Crab နဲ့ စာရင် Chili Crab ကို ပိုကြိုက်တယ်။ သူငယ်ချင်း တစ်ယောက်ကတော့ ပြောပါတယ်။ ပထမအကြိမ် စားတာဆို ColdCrab ကို ကြိုက်မှာ မဟုတ်ဘူးတဲ့။ ၂ ခါ ၃ ခါလောက်စားပြီးရင်တော့ ကြိုက်သွားမယ် ပြောတယ်။ Cold Crab ကို ကောင်းကောင်း ကြိုက် သွားအောင်၊ စားတတ်သွားအောင် နောက် ၂ ခါလောက် လိုက်ကျွေးမယ့်သူ ရှိရင် ကောင်းမယ်။ အဲ့ဒီ ဆိုင်မှာမှ မဟုတ်ပါဘူး၊ တခြား Cold Crab ကောင်းတယ် ဆိုတဲ့ ဆိုင်တွေမှာ လိုက်ကျွေးလဲ ရပါတယ်။ အခု Cold Crab မကြိုက်သေးတော့ ကိုယ်ဟာကို ၀ယ်မစားချင်သေးလို့ ပါ. :D
SeaFood @ Pasir Panjang Hawker Centre











တကယ်စားခဲ့တယ်ဆိုတာ ယုံအောင်လို့  စားပြီး သောက်ပြီး ပုံတွေပါ တင်ပေးထားတယ်။ ဆိတ်သား၊ ကြက်သား ဆာတေး နဲ့  ကြက်တောင်ပံကင်က နှစ်ပွဲစီမှာစားခဲ့ ကြပေမယ် ပထမပွဲတွေက ဓာတ်ပုံရိုက်ဖို့  အချိန် မမှီလိုက်လို့  မရိုက်လိုက်နိုင်ဘူး။

ဈေနှုန်းကလည်း ဆာတေးတွေ မပါပဲ ကျန်တဲ့ ဟင်းအကုန်လုံးအတွက် S$ 92 ပေးရတယ် ဆိုတော့ မဆိုးဘူးလို့ ပြောရမယ်။ အဲ့ဒီနေ့ က ကျွန်မတို့  သွားစားကြတာက အားလုံးပေါင်း ၆ယောက်။ သူငယ်ချင်း တစ်ယောက်က မွေးနေ့ အထိမ်းအမှတ် အနေနဲ့  ကျွန်မတို့ တွေကို ကျွေးတာပါ။ မွေးနေ့ က ရက်ကျော်သွားတာ ၂ ပတ် လောက်တော့ ရှိနေပြီ။ မွေးနေ့ ရှင် သူငယ်ချင်းကြီး နောက်နှစ်တွေမှာလဲ သူငယ်ချင်းတွေကို ဒီထက်ပိုပြီး ကျွေးမွေးပြုစုနိုင်ပါစေ၊ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ချစ်သူချောချောလေး မြန်မြန်ရပါစေလို့  ဆုမွန်ကောင်းတောင်း လိုက်ပါတယ်။

မိုးတိမ်တွေအကြောင်း



Source: HtooEainThin.com

April 11, 2008

Sales Sales Sales!!

ထုံစံအတိုင်း ကျွန်းနိုင်ငံလေးမှာ အမြဲ ရှိနေတဲ့ Sales တွေရှိနေတာပါပဲ။ စိတ်ဝင်စားသူတွေ သွားလို့ ရအောင် သတင်းပေးတာပါ။
WARE HOUSE SALE!
MANGO, VICTORIA SECRET, GAP, LEVIS , CK, BILLABONG, QUICKSILVER
- Up To 90% DISCOUNT (Prices from $10-29. only!!!)
Address: 621 ALJUNIED ROAD # 06-06 LIPO BUILDING .
FROM: 10-13 APRIL 10AM-10PM
WITH free circular coach from Aljunied MRT!

Levi's Warehouse Sale @ Suntec
- Up To 80% OFF
FROM : 10-13 April 2008 11 AM - 9 PM
Suntec City Convention Center
Level 3, Room 325-326


Charles & Keith's Warehouse SALE
From : 10 - 13 April 2008 10 AM - 8 PM
21, Tai Seng Street ,
Charles & Keith Building
Singapore 534166

အလုပ်မှာ ဖိလစ်ပင်းနို နဲ့  ဗိယက်နမ် သူငယ်ချင်းတွေက sales နဲ့ ပတ်သက်တဲ့ သတင်းတွေကို အမြဲ forward လုပ်ပေးလေ့ရှိတယ်။ ဒီနေ့  သူတို့ ကို ၀ယ်ဖို့ ပိုက်ဆံမရှိဘူး၊ သွားဖြစ်မယ် မထင်ဘူးလို့  ပြောလိုက်တာကို.. စင်္ကာပူ Sales က ပစ္စည်းတွေကို ၀ယ်ပြီး ဖိလစ်ပိုင်၊ ဗီယက်နမ် နဲ့  မြန်မာနိုင်ငံတွေမှာ ပြန်ရောင်းကြရင် မကောင်းဘူးလားလို့  အကြံပေးလေရဲ့...

Relaxing Day!

အခုရက်ပိုင်း အတော် ရှုပ်နေတယ်။ ပြီးခဲ့တဲ့ အားလပ်ရက်ထဲက စရှုပ်နေခဲ့တာပါ။ လူ၊ အလုပ်၊ စိတ် .. ရှုပ်လို့ ရတာ အကုန်များရှုပ် လိုက်ရှုပ်နေမိသလားတောင် မသိပါဘူး။ မနေ့ ကဆို လုပ်စရာလေးတွေရှိတာနဲ့  အလုပ် မသွားဖြစ်ခဲ့ဘူး။ ဒီမနက်လည်း အိပ်ရာနိုးတော့ မိုးတွေ အရမ်းရွာနေတာနဲ့  MC ယူရင် ကောင်းမလား စဉ်းစားမိလိုက်သေးတယ်။ လူက စိတ်ပင်ပန်း၊ လူပင်ပန်း၊ အိပ်ရေးမ၀ တာတွေနဲ့  နေလို့  မကောင်း၊ ချောင်းလေးကလည်း တဟွတ်ဟွတ်ဆိုတော့ ဆေးခန်းသွားလိုက်ရင် ဘာမှ အထွေအထူးပြောစရာမလိုပဲ MC ရမှာ သေချာနေတယ်။ ဒါပေမယ့် MC မယူဖြစ်ခဲ့ပါဘူး။ လာမယ့် စနေ၊ တနင်္ဂနွေမှာလည်း လုပ်စရာလေးတွေရှိတယ်။ သိပ်ပြီး အားမယ် မထင်ဘူး။ စင်္ကာပူထုံးစံ မိုးရွာလို့  MC ယူတယ်လည်း မဖြစ်ချင်၊ အိမ်မှာ နေရင်လည်း ဟိုရှုပ်ဒီရှုပ် ရှုပ်နေအုံးမယ့် ကိုယ့်အကြောင်းကိုယ် သိနေတဲ့အတွက် အလုပ်ပဲ ရောက်အောင် လာဖြစ်လိုက်တယ်။

ကျွန်မ သူငယ်ချင်း တစ်ယောက်က ပြောဖူးတယ်။ သူ့ မှာ တစ်ပတ်တစ်ပတ် စနေ၊တနင်္ဂနွေ အားလပ်ရက်တွေဆို လုံးဝ မအားရ၊ မနားရပါဘူး။ ( သူ ဘာတွေနဲ့ ရှုပ်နေလဲတော့ ကာယကံရှင်ကိုသာ မေးကြည့်ပါ၊ ကျွန်မ ပြောလို့ မဖြစ်ဘူး :P ) တနင်္ဂလာနေ့  ရောက်လို့  အလုပ်ကို ပြန်ရောက်တဲ့ အချိန်ကြမှပဲ အေးအေးဆေးဆေး အနားရပါတော့တယ်တဲ့။ အခု ကျွန်မ အဖြစ်ကလည်း သူပြောသလို ဖြစ်နေပြီ ထင်ပါတယ်။ ဒီတစ်ပတ်လုံး အလုပ်မှာ မဟုတ်တဲ့ အချိန်တွေ အတော်များများမှာ အလုပ်တွေ ရှုပ်နေခဲ့ပြီး ဒီနေ့  အလုပ်ကို ရောက်တဲ့အချိန်မှပဲ လုပ်စရာရှိတာလေး နည်းနည်းလုပ်ရင်း အေးအေးဆေးဆေး အနားယူနေရပါတော့တယ်။ :D

April 07, 2008

2nd Present for year 2008

07-April-2008

1st Present for Year 2008

Server room ...

Server room ထဲ ရေတွေဝင်တာ၊ ရေမြုပ်တာ မြင်ဖူးတယ်ရှိအောင် ဆိုပြီး လင့်တစ်ခု ပေးလာတာနဲ့ ကြည့်ဖြစ်သွားတယ်။ သီချင်းနောက်ခံလေးနဲ့ ဆိုတော့ ကြည့်လို့ တော့ အကောင်းသား။ :D ကျွန်မ အနေနဲ့  အခုမှ မြင်ဖူးပေမယ့် အဲ့ဒီ movie ကို Google မှာ တင်ထားတာကတော့ ၂၀၀၆ နှစ်လည်ပိုင်းလောက်ထဲကပဲ။ ဘာကြောင့် server တွေကို အဲ့လို နေရာ သွားထာတယ် မသိဘူး။ ဘယ်နေရာမှာ ဖြစ်တာလဲဆိုတာ လိုက်ရှာကြည့်တာတော့ ရှာလို့ မတွေ့ ဘူး။ တကယ်ဆို ဒါမျိုး အပြင်မှာ ကိုယ်တိုင်ကြုံရဖို့ ဆိုတာ မလွယ်ဘူး။ ကြုံလည်း မကြုံချင်ပါဘူး။ ကိုယ်မှ မဟုတ်ပါဘူး၊ ဘယ်သူမှလဲ ဒီလိုမျိုး အဖြစ်ခံချင်မယ် မထင်ဘူး။ တတ်လိုက်မယ့် ပြဿနာတွေ၊ စိတ်ကူးနဲ့  တွေးကြည့်တာတောင် ရူးချင်သွားတယ်။
Credit to THKZ