Pages

April 24, 2008

South Park Comedy Series : Watch Online Free

No Internet ဆိုတဲ့ ပိုစ့်မှာ တင်ထားတဲ့ YouTube က File မရှိတော့တာနဲ့  South Park Studio ကိုသွားပြီး Direct Link ပေးဖို့  ရှာရင်းကနေ တခြား Episodes တွေကို ကြည့်ဖြစ်သွားတယ်။ အဲ့ဒီ Comedy Series က US TV မှာ ပြတာ ဆိုတော့ ယူအက်စ်က လူတွေတော့ သိကြမယ်၊ ကြည့်ဖြစ်ကြမယ် ထင်တယ်။ ကျွန်မကတော့ Double Emmy Award Winner ဖြစ်တဲ့ ဒီစီရီးကို ဟိုတစ်နေ့ ကမှ ဒါလေး ကြည့်ပြီး သတိထားမိ သွားခဲ့တာ။ ဒီနေ့  ကြည့်ပြီးသမျှအရတော့ အဲ့ဒီ series ကို သဘောကျတယ်။

South Park Series ကို August 13,1997 က စတင်ပြသ ခဲ့တာဖြစ်ပြီး အခုဆို 12 Seasons နဲ့  174 espisodes ပြပြီးပြီလို့  သိရပါတယ်။

In March 2008, Comedy Central made all South Park episodes available for legal streaming on the South Park Studios website. However, legal issues prevent the episodes from being accessible in the UK, Australia and a few other territories outside US for now.

Official Website ဖြစ်တဲ့ SouthParkStudios မှာ TV မှာ ပြပြီးသမျှ Espisodes တွေ အကုန်လုံး တင်ပေးထားတာ တွေ့ တယ်။ သူစီမှာ ရေးသားထားတာတွေ့ ရသလောက်တော့ တချို့ နိုင်ငံတွေကနေပြီး အဲ့ဒီဆိုဒ်ကို ကြည့်လို့ မရဘူး ထင်တယ်။ ဒီနိုင်ငံ ကတော့ ကြည့်လို့ ရပါတယ်။ အဲ့ဒီဆိုဒ်မှာ ကြည့်လို့  မရလည်း ကိစ္စ သိပ်မရှိပါဘူး။ Google လုပ်ကြည့်လိုက်ရင် အဲ့ဒီ Series ကြည့်လို့ ရတဲ့ တခြားနေရာတွေ အများကြီး ထွက်လာပါလိမ့်မယ်။

Related Links: South Park (Wiki)

2 comments:

AungKyawThein said...

One of my favorites series ..
among with the Simpsons, Happy Tree and Friends, Family Guy!!
Cheers!

Nay Nay Naing said...

Simpsons ကိုကြိုက်တယ်။ Friends ကိုတော့ မကြိုက်လို့  မကြည့်ဖြစ်ဘူး။ Family Guy နဲ့  Happy Tree ကိုတော့ နည်းနည်းပဲကြည့်ဖူးလို့ ကြိုက်တယ် မကြိုက်တယ် ပြောလို့ မရဘူးဖြစ်နေတယ်။