Pages

April 21, 2008

No Internet

ဒါလေးကြည့်ပြီး သဘောကျသွားတယ်။ အင်တာနက်များ မရှိရင်.....

Update (23 April 2008): ဒီမှာ အရင်တင်ထားတဲ့ Youtube မှာ မရှိတော့တဲ့အတွက် Movie ကြည့်မယ်ဆို South Park Studios မှာ direct သွားကြည့်နိုင်ပါတယ်။

South Park : Over Logging
Episode 1206
(Original Air Date: 2008-04-16)

One day the citizens of South Park wake up and find the internet is gone. When Randy hears there may still be some internet out in California, he packs up his family and heads west.

Source : www.seekaresexy.net

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ကတောင် ညဘက်ကြီး အင်တာနက် သုံးမရတော့လို့  အတော်လေး အဆင်မပြေ ဖြစ်သွားသေးတယ်။ ကိုယ့်ကွန်ပြူတာတစ်ခုပဲ အင်တာနက် မရတာလား စိုးရိမ်စိတ်နဲ့  အခန်းပြင် ထွက်ကြည့်လိုက်မှ မတွေ့ တာကြာပြီဖြစ်တဲ့ တစ်အိမ်ထဲနေသူ တစ်ယောက်ကို Router နားမှာ တွေ့ လိုက်တယ်။ ဒါနဲ့  Modem ကြောင့်လား၊ Wireless Router က ဖြစ်တာလား စမ်းလို့ ရသမျှ နည်းမျိုးစုံ စမ်းကြည့်ပြီး နောက်ဆုံး StarHub Line ကဖြစ်တာမှန်း သိလိုက်ရတဲ့ တစ်ခနမှာ အတော်လေး စိတ်ရှုပ်သွားသေးတယ်။ တစ်အိမ်ထဲနေတဲ့ တစ်ယောက်က သူအလုပ်လုပ်နေတာ ဖြစ်လို့  အရေးကြီးတယ်၊ အင်တာနက်ပြန်ရအောင် လုပ်ပေးပါတဲ့။ Line ကဖြစ်တာဆိုတော့ ကိုယ်လည်း ဘာမှ မတတ်နိုင်ကြောင်း၊ ဖုန်းဆက်ဖို့ ကြတော့လည်း ကိုယ့်နာမည်နဲ့ ယူထားတဲ့ service မဟုတ်တော့ account no တွေဘာတွေလည်း မရှိကြောင်း ရှင်းပြလိုက်ပြီး မနက်အထိ မရရင်တော့ အိမ်ရှင်ကို ဖုန်းဆက်ပြောပေးမယ် ပြောလိုက်ရတယ်။ ည ၂ နာရီလောက်ကြီး အင်တာနက်မရလို့  ဆိုပြီး အိမ်ရှင်ကို ဖုန်းဆက်နှိုးပြီးပြောလိုက်ရင် နောက်တစ်နေ့ မှာ နောက်လ အိမ်ပြောင်းဖို့  ရှာပါတော့ဆိုတဲ့ စကားမျိုး ကြားရနိုင်တယ်လေ...

အဲ့ဒီညက အင်တာနက်မလိုတဲ့ လုပ်လို့ ရတာလေးတွေ နည်းနည်းလုပ်ပြီး အိပ်ဖို့ ကြိုးစားပေမယ့် အိပ်လို့  မပျော်တာနဲ့  ၁၀ မိနစ်တစ်ခါလောက် ကွန်ပြူတာမှာ အင်တာနက်ပြန်ရပြီလား ကြည့်နေဖြစ်တယ်။ နောက်ဆုံး ၃နာရီ ကျော်လောက်မှာ အင်တာနက် ကွန်နက်ရှင်ပြန်ရနေမှန်း သိလိုက်ရမှပဲ စိတ်ချမ်းသာသွားပြီး အိပ်လို့ ရတော့တယ်....

ဒါ ကျွန်မရဲ့ အင်တာနက်ကွန်နက်ရှင် ၁ နာရီလောက်ပြတ်တောက်သွားခြင်း အတွေ့ အကြုံပါ....

5 comments:

mmhan said...

lol.. that clip was hilarious.

I could understand that panic.

KhunMoung said...

I like south park series.....while I m viewing this page, I 'm listening to " How to I live without you" ... :D

KhunMoung said...

the wrong song title....I mean "how do I live without you" by Leann Rimes

TLN said...

အဲလိုမျိုး အရသာ ကျွန်တော်လည်း ခံစားဖူးတယ်ခင်ဗျ။ ကျွန်တော်ဆို ၂ ရက်လောက် နေမထိထိုင်မထိပဲ။

NL :)

Nay Nay Naing said...

comments တွေ အတွက်ကျေးဇူးပါ။ ရန်ကုန်မှာဆိုတော်သေးတယ်။ အခုလို နိုင်ငံခြားမှာ တစ်ယောက်တည်း နေရတဲ့ အချိန်ဆို အင်တာနက်မရှိပဲ ဖြစ်နေရင် ပိုနေရထိုင်ကခက်တယ်။ ကိုခွန်မောင်ပြောတဲ့ သီချင်းကို ပြန်ပြီး နားထောင်ဖြစ်သွားပါတယ်။