Pages

April 15, 2008

SeaFood @ Pasir Panjang Hawker Centre

ပြီးခဲ့တဲ့ စနေညနေက Pasir Panjang မှာ Cold Crab သွားစားဖြစ်တယ်။ အဲ့ဒီနေ့ က City Hall ဘူတာမှာ လူစောင့်ရတာ မိနစ် ၂၀ ကျော်၊ Bus စောင့်ရတာ မိနစ် ၂၀ လောက် နဲ့  Bus Stop မှားဆင်းတဲ့ အတွက် Bus Stop ကနေပြီး အဲ့ဒီ ရောက်ဖို့  မိနစ် ၂၀ တိတိ လမ်းလျှောက် လိုက်ရတာကလွဲရင် စားလို့  ကောင်း၊ သောက်လို့ ကောင်း၊ အားလုံး အစဉ်ပြေပါတယ်။

ကျွန်မကတော့ အကောင်းမကြိုက်ဘူးပဲ ပြောမလား၊ Cold Crab ကို လက်မ တစ်ခုပဲ မြည်းတယ်ဆိုရုံ စားကြည့်ပြီ၊ ဆာတေးနဲ့  တခြားဟင်းတွေသာ အဓိကစားဖြစ်ခဲ့တယ်။ Cold Crab က အေးအေးကြီးနဲ့  တမျိုးကြီးပဲ စားရတာ၊ ပေါ့ရွှတ်ရွှတ်ကြီးလို့  ခံစားရတယ်၊ စားနေကျ မဟုတ်လို့ လား မသိဘူး မစားတတ်ဘူး။ စားရတာ Chili Crab စားသလို အရမ်းတော့ ရုပ်မပျက်ဘူး။ ဒါပေမယ့် Cold Crab နဲ့ စာရင် Chili Crab ကို ပိုကြိုက်တယ်။ သူငယ်ချင်း တစ်ယောက်ကတော့ ပြောပါတယ်။ ပထမအကြိမ် စားတာဆို ColdCrab ကို ကြိုက်မှာ မဟုတ်ဘူးတဲ့။ ၂ ခါ ၃ ခါလောက်စားပြီးရင်တော့ ကြိုက်သွားမယ် ပြောတယ်။ Cold Crab ကို ကောင်းကောင်း ကြိုက် သွားအောင်၊ စားတတ်သွားအောင် နောက် ၂ ခါလောက် လိုက်ကျွေးမယ့်သူ ရှိရင် ကောင်းမယ်။ အဲ့ဒီ ဆိုင်မှာမှ မဟုတ်ပါဘူး၊ တခြား Cold Crab ကောင်းတယ် ဆိုတဲ့ ဆိုင်တွေမှာ လိုက်ကျွေးလဲ ရပါတယ်။ အခု Cold Crab မကြိုက်သေးတော့ ကိုယ်ဟာကို ၀ယ်မစားချင်သေးလို့ ပါ. :D
SeaFood @ Pasir Panjang Hawker Centre











တကယ်စားခဲ့တယ်ဆိုတာ ယုံအောင်လို့  စားပြီး သောက်ပြီး ပုံတွေပါ တင်ပေးထားတယ်။ ဆိတ်သား၊ ကြက်သား ဆာတေး နဲ့  ကြက်တောင်ပံကင်က နှစ်ပွဲစီမှာစားခဲ့ ကြပေမယ် ပထမပွဲတွေက ဓာတ်ပုံရိုက်ဖို့  အချိန် မမှီလိုက်လို့  မရိုက်လိုက်နိုင်ဘူး။

ဈေနှုန်းကလည်း ဆာတေးတွေ မပါပဲ ကျန်တဲ့ ဟင်းအကုန်လုံးအတွက် S$ 92 ပေးရတယ် ဆိုတော့ မဆိုးဘူးလို့ ပြောရမယ်။ အဲ့ဒီနေ့ က ကျွန်မတို့  သွားစားကြတာက အားလုံးပေါင်း ၆ယောက်။ သူငယ်ချင်း တစ်ယောက်က မွေးနေ့ အထိမ်းအမှတ် အနေနဲ့  ကျွန်မတို့ တွေကို ကျွေးတာပါ။ မွေးနေ့ က ရက်ကျော်သွားတာ ၂ ပတ် လောက်တော့ ရှိနေပြီ။ မွေးနေ့ ရှင် သူငယ်ချင်းကြီး နောက်နှစ်တွေမှာလဲ သူငယ်ချင်းတွေကို ဒီထက်ပိုပြီး ကျွေးမွေးပြုစုနိုင်ပါစေ၊ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ချစ်သူချောချောလေး မြန်မြန်ရပါစေလို့  ဆုမွန်ကောင်းတောင်း လိုက်ပါတယ်။

3 comments:

Soe Moe said...

အဲဒီမွေးနေ့ရှင်က မွေးနေ့ဆုတောင်းပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောပေးပါတဲ့ . . .

Anonymous said...

ကြွားထားတာတွေကြည့်ပြီး သွားရေတွေကျနေပြီး ရှာလွတ် ... ဘာကားစီးပြီး ဘယ်လိုသွားရတာလည်း ဟင်... နောက်အလှူရှင်ပေါ်ရင် သွားဝါးလို့ရအောင် ပြော်ပြနော်.. ဟဲဟဲ.. အခုတော့ ပုံလေးတွေငေးရင် သွားရေတွေ သုပ်လိုက်အုံးမယ်။

-Zin

Nay Nay Naing said...

ကိုစိုးမိုး...>> ကျေးဇူးတင်တယ်ဆို နောက်နှစ်ကြရင် ဒီထက် များများ ပိုကျွေးပါလို့  မွေးနေ့ ရှင် ပြောပေးပါလား...
Zin >> သူငယ်ချင်းတွေခေါ်သွားလို့  ရောက်သွားတယ်... Bus နဲ့ သွားတာပဲ. နံပါတ်မမှတ်မိဘူး.. သူတို့ ကိုမေးပြီး ပြန်ပြောပြမယ်. :)