Pages

April 20, 2008

အိပ်မရသော ညများစွာ သို့ .....

ဒီလို ညမျိုးတွေဟာ အများစု အတွက်ဆို ပျော်စရာ ကောင်းတဲ့ ညတွေဖြစ်မှာပါ။ ကျွန်မလည်း ဒီလိုညတွေမှာ ပျော်ရွှင်ခဲ့ဖူး ပါတယ်။ ဟိုး... အရင်ကပေါ့။ ဒီလို နေ့ ရဲ့ ညတွေမှာ အိပ်စက်ခြင်းတွေ ပျောက်ဆုံးခဲ့တာ အတော်လေး ကြာခဲ့ပြီ။ ဒီလိုနေ့ ရဲ့ ဒီလို ည.. ဒီလိုအချိန်တွေမှာ........
စနေည... အိပ်မရတဲ့ည... မုန်းတီးသော စနေနေ့ ရဲ့ ညများစွာ အတွက်...
အိပ်မရတဲ့ည
--ရေး/ဆို ခင်ဝမ်း--

မွန်းသိပ်ကျပ်တဲ့ အခုညမှာ
ထွက်ပေါက်မရှိ စိတ်ညစ်နေ
တစ်ခါတစ်ခါ လောကကို
ဘယ်လိုလုပ်ပြီး... ရင်ဆိုင်ရမလဲ
မတွေးတတ်သလိုပဲ... အားငယ်နေ
အမှောင်ထုအောက်မှာ .. အခုညတော့
စိတ်တေလေ။

ဒီည.. အိပ်မရတဲ့ည

No comments: