Pages

April 02, 2008

WinterBells and Crossing - Orisinal

April Fool နေ့ မှာ နေလို့  သိပ်ပြီး မကောင်းတာနဲ့  အလုပ်မသွားဖြစ်ဘူး။ အိမ်မှာပဲ အနားယူ ဖြစ်တယ်။ နေ့ လယ်ပိုင်း ရောက်တော့ ပျင်းလာတာနဲ့  မကစားတာကြာပြီဖြစ်တဲ့ Flash Game အဟောင်းတွေကို ပြန်ရှာကြည့် ဖြစ်တယ်။ လျှောက်ကြည့်ရင်း ဟိုတစ်ခါက ရေးခဲ့ဖူးတဲ့ Orisinal : Morning Sunshine မှာ မကစားဘူးတဲ့ Game နှစ်ခုတွေ့ တာနဲ့  အချိန်ယူ ကစားကြည့် ဖြစ်တယ်။ အရင် Orisinal က Games တွေလိုပဲ အခု ကစားဖြစ်တဲ့ Games တွေမှာ ပါတဲ့ ယုန်လေးနဲ့  သမင်လေးတွေက နှစ်သက်ဖို့ ကောင်းတယ်။ ရှင်းရှင်းလေးတွေနဲ့  ကစားရလွယ်ပါတယ်။

WinterBells (Orisinal)
အဲဒီ Game က အပြင်အဆင်လည်း လှသလို့  ယုန်လေးကလည်း နှစ်သက်ဖို့ ကောင်းတယ်။ ယုန်လေးကို mouse နဲ့  ထိန်းပြီး ခေါင်းလောင်းလေးတွေ အပေါ်ကို အဆင့်ဆင့် ခုန်တက်သွားရတာ။ ကြားထဲမှာ ငှက်ကလေးတွေ ပျံလာတာတွေ့ လို့  စားလိုက်နိုင်တယ်ဆို Bonus Point ရတယ်။ ခေါင်းလောင်းလေးတွေပေါ်ကို ခုန်တက်တာ မရောက်လို့ အောက်ကို ပြုတ်ကျသွားတာနဲ့  တပြိုင်နက် ရှုံးသွားမှာပါ။ အဲဒီမှာ အသက်တစ်ခါပဲ သေခွင့်ရှိတယ်။ ကစားရတာ မခက်ပေမယ့် အာရုံစိုက်ပြီး ကစားဖို့ တော့ လိုပါတယ်။ မဟုတ်ရင် ခနလေးနဲ့  Gameover ဖြစ်သွားတာပဲ။


The Crossing (Orisinal)
ဒီဟာကတော့ သမင်လေးတွေ မြောင်းကို ခုန်ကူးရာမှာ အောက်ကျမသွားအောင် သစ်သား တံတားလေး ခံပေးရတာပါ။ mouse နဲ့  ထိန်းရတာပါပဲ။ သမင်တစ်ကောင် အောက်ကိုပြုတ်ကျ (miss)သွားမယ် ဆိုရင် အသက်တစ်ခုရော့ သွားတယ်။ ၅ ခါပဲ miss ဖြစ်ခွင့်ရှိပါတယ်။ ဒါပေမယ့် မိုးပေါ်က ကျလာတဲ့ ပန်းပွင့်လေးတွေကို ရအောင် ယူနိုင်ရင် အသက် ၅ ခါအောက် လျော့နေရင် အသက် တိုးသွားပြီး၊ ၅ ခါ အပြည့် ရှိသေးတယ် ဆိုရင်တော့ Bonus Pointတွေ ရပြီး တံတားရဲ့ အလျားလည်း ရှည်ထွက်လာတယ်။ ကစားရတာ လွယ်ပါတယ်။ ဒါပေမယ့် အဲ့ဒီ Game ကစားရင် စိတ်လောလို့ မရဘူး၊ တည်တည်ငြိမ်ငြိမ် ကစားမှသာ အမှတ်များများ ရအောင် ကစားနိုင်ပါတယ်။ The Crossing Game ရဲ့ နောက်ခံ တီးလုံးကို သဘောကျတယ်။


နေလို့ သိပ်မကောင်းလို့  ခေါင်းမကြည်တာနဲ့  အာရုံသိပ်စိုက်ပြီး စာမဖတ်နိုင်ဘူး။ ဒါပေမယ့် Game တော့ ကစားနိုင်ခဲ့တယ်။ နည်းနည်း ဆော့လိုက် နောက်တမျိုးပြောင်းလိုက်နဲ့  တခြား Game လေးတွေ အတော်တော်များများလည်း ကစားဖြစ်ပါတယ်။

Other Related Link:
Orisinal : Morning Sunshine

3 comments:

TKLinn said...

ဟီးဟီး ကျေးဇူးပဲ
မိုက်တယ် ..မိုက်တယ်.. အလုပ်မလုပ်ချင်တာနဲကအတော်ပဲ

JulyDream said...

အဲဒီနေ့မှာ ရုံးမသွားတာခြင်းတော့ အတူတူပဲ။ နေမကောင်း ဖြစ်သလိုလိုနဲ့ ဆေးခွင့်ယူပြီး အိမ်မှာပဲ ငြိမ်နေလိုက်တယ်။ အဟဲ...

Nay Nay Naing said...

မထက်>> အခုလည်း အလုပ်က ပြန်လာ၊ ထမင်းစားပြီးတာနဲ့  အဲ့ဒီ Game လေးတွေ ကစားနေတာ။ :D

JulyDream>> နေမကောင်းဖြစ်သလိုလိုနဲ့  ဆေးခွင့်ယူတယ်ဆိုတော့ တကယ်နေမကောင်းတာ မဟုတ်ဘူးပေါ့။ :P