Pages

September 04, 2008

Interesting Definitions of IT People’s Designations

သူငယ်ချင်း တစ်ယောက် ပို့ ပေးတဲ့ အီးမေးက တဆင့် ဖတ်ဖြစ်သွားတဲ့ IT professional တွေ ရဲ့ ရာထူးတွေနဲ့  အဓိပ္ပါယ် ရှင်းလင်းချက်တွေ။ ကိုယ်နဲ့ ဆိုင်တဲ့ အရာတွေမို့ လား မသိဘူး ဖတ်ပြီး သဘောကျသွားတယ်။ တိုက်တိုက်ဆိုင်ဆိုင် အခုရက်ပိုင်း ဒီလူတွေ ကြောင့် စိတ်တွေ ရှုပ်နေရတယ်။ တစ်ယောက် တမျိုးနဲ့ ၊ ကိုယ့်နေရာကလည်း ဟိုမရောက် ဒီမရောက် သူတို့ တွေ အားလုံးကြား ထဲရောက်နေတော့ ပိုစိတ်ညစ်ရတယ်။ အလုပ်က အီးမေးကို သုံးပြီး အလုပ်မှာရှိနေတဲ့ Project Manager က အစ၊ Client အဆုံး ရှိသမျှ လူတွေ အကုန်လုံးစီကို Forward လုပ်ပေးလိုက်ရင် ဘာများ ပြောကြမလဲ။ ပို့ ဖြစ်ခဲ့ ရင်တော့ Just for fun. Don't take it serious !!!! ဆိုတာလေးကို စာလုံးမဲကြီးနဲ့  သေသေချာချာ ထည့်ပေးလိုက်မှ ဖြစ်မယ် ထင်တယ်။

1) *Project Manager* - is a Person who thinks nine women can deliver a baby in One month..

2) *Developer* - is a Person who thinks it will take 18 months to deliver a Baby.

3) *Onsite Coordinator* - is one who thinks single woman can deliver nine babies in one month.

4) *Client* - is the one who doesn't know why he wants a baby.

5) *Marketing Manager* - is a person who thinks he can deliver a baby even if no man and woman are available.

6) *Resource Optimization Team* - thinks they don't need a man or woman; they'll produce a child with zero resources.

7) *Documentation Team* - thinks they don't care whether the child is delivered, they'll just document 9 months.

8) *Quality Auditor* - is the person who is never happy with the PROCESS to produce a baby.

And last but not the least.................

9) *Tester* - is a person who always tells his wife that this is not the Right baby.

Credit to ATDW

September 03, 2008

Growing Jewelry - Flower Pot Rings

အင်တာနက်ပေါ်လျှောက်ကြည့်ရင်း တွေ့ မိတာလေး။ Growing Jewelry တဲ့။ ကိုယ်ပိုင်ဆိုင်တဲ့ Growing Jewelry အကောင်းဆုံး ဖြစ်နေဖို့ ဆိုတာ၊ ပိုင်ရှင်မှာ တာဝန်အရှိဆုံး ဖြစ်တယ်လို့  ဒီ Growing Jewlery ကို ဒီဇိုင်းထုတ်သူ ဒီဇိုင်နာက သူ့ ရဲ့ ဆိုဒ်မှာ ရေးထားတာ ဖတ်လိုက်ရတယ်။ ဒီရတနာတွေက ၀ယ်ပြီးရင် ပစ်ထားလို့ မရဘူး အမြဲ ဂရုတစိုက်နဲ့  ရေလောင်းပေး ဖို့ လိုတယ် မဟုတ်လား။
ဘယ်လိုလူတွေက ဒီလို လက်စွပ်တွေကို ၀ယ်ဝတ်ကြမလဲ မသိဘူး။ သာမန်ထက် ထူးချင်သူတွေများ ၀ယ်ဝတ်ကြမလား။ သစ်ပင်ပန်းပင် စိုက်တာ ၀ါသနာပါပြီး စိုက်ဖို့  မြေနေရာ မရှိတဲ့သူတွေများ ၀ယ်ဝတ်ကြမလား။ ဖန်အိုးသေးသေးလေးတွေ နဲ့  အပင်လေးတွေ စိုက်လေ့သလိုမျိုး ... တကယ်ဆို အပင်က အိမ်မှာ ထားခဲ့ရမှာ ဒါလေးတွေကတော့ ကိုယ်နဲ့  မကွာ ၀တ်ထားတော့ လူတိုင်း သတိထားမိတပေါ့။ စိတ်ဝင်စားတယ်ဆိုရင် ဒီမှာ သွားဖတ်ကြည့်နိုင်ပါတယ်။

Growing Jewelry is a redefinition of modern values. It is a clash of jewelry an gardening; couture and organism. The collection of this hand jewelry is designed for people in metropolitan cities and is an experiment in drawing nature toward man, as nature being the presupposition of life.

ဟိုရက်က တွေ့ လိုက်မိတာက Grass filp flops၊ အခု Growing Jewelry - Flower Pot Rings.. ဘာတွေများတွေ့ အုံးမလဲဆိုပြီး နည်းနည်း Google လုပ်ကြည့်လိုက်တာ...
Pet Cactus - A Pocket Plant You Can Take With You
Tiny Putting Green Jewellery - Faux Moss Rings by ‘Adorn Jewelry’

Other Related Post :
The World's first grass flip flops

My New Default Browser in Windows

ဒီနေ့ အတွက် Internet ပေါ်မှာ Hot အဖြစ်ဆုံး သတင်းကို ပြောပါဆို ဒီနေ့  (2 Sept 200) မှာ Google ကနေ new browser (Google Chrome) ထုတ်မယ် ဆိုတဲ့ သတင်းက Hot အဖြစ်ဆုံး လို့ ပြောရမယ် ထင်တယ်။ ဖတ်နေကြ Technical နဲ့  ဆိုင်တဲ့ Websites တိုင်းမှာ ဒီသတင်းကို တွေ့ နေရတယ်။ Google က Browser လောကထဲက ၀င်လာပြန်ပြီ။
Google ဆိုတာ နဲ့  လူတိုင်းက စိတ်ဝင်စားပြီးလာပဲလေ။ Google ရဲ့ products တွေဆို လူအများစုက နှစ်သက်ကြတယ်။ Google ဆိုတာ နဲ့  ကောင်းမှာပဲ ဆိုတဲ့ positive အမြင်တစ်ခု ဖြစ်အောင် လုပ်ထားနိုင်တယ်။ လူတွေ စိတ်ဝင်စားမှု့ ကို ရအောင်၊ လူတွေ နှစ်သက်အောင်၊ အသုံးပြုချင်လာအောင်လည်း Google က စွဲဆောင်နိုင်တယ်။ အခု Google Chrome ကို စပြီး လူတွေနဲ့  မိတ်ဆက်ပေးပုံကိုပဲ ကြည့်လေ။ ထူးထူးဆန်းဆန်း Comic Book ပုံစံနဲ့ ။

စာအုပ် ထဲမှာ Chrome ရဲ့ ရည်ရွယ်ချက်၊ ပါဝင်မယ့် Features တွေ နဲ့  တခြား Technical အကြောင်းအရာ တွေကို ရှင်းပြထားတယ်။ စာတွေကြီးပဲ ပျင်းတာနဲ့  ပြီးအောင် ဖတ်ဖြစ်မှာ မဟုတ်ဘူး။ ပုံလေးတွေနဲ့ ဆိုတော့ ဖတ်ဖြစ်သွားတယ်။ အဲဒီလို ဖတ်ဖြစ်သွားတော့ Chrome Browser ကို ပိုပြီး စိတ်ဝင်စားသွားတယ်။ အခု Google Chrome ထွက်တာနဲ့  ဒေါင်းလုတ်လုပ်ပြီး စမ်းသုံးဖြစ်တယ်။ တချို့  Features တွေကို စမ်းကြည့်ဖြစ်တယ်။ Features ဆိုလို့  Google က Firefox မှာပါတဲ့ ကောင်းတဲ့ Features တွေကို Chrome မှာလည်း ထည့်ထားတယ်လို့ ပြောထားတယ်။


Chromes မှာ စိတ်ဝင်စားဖို့ ကောင်းတာတွေ အများကြီးပဲ။ အသေးစိတ်ကိုတော့ စမ်းမကြည့်နိုင်သေးဘူး။ စိတ်ဝင်စားလွန်းလို့ သာ သန်းခေါင်းကျော် တရေးနိုးလာချိန်မှာ ပြန်မအိပ်သေးပဲ Chrome Browser ကို Download လုပ် သုံးနေတာမိတာ။ ပြန်အိပ်ရအုံးမယ်။ အခု သုံးကြည့်သလောက်တော့ မြန်တယ်၊ သုံးရတာ သဘောကျတာနဲ့  Default Browser အဖြစ် ပြောင်းထား လိုက်တယ်။ ဒါမှလဲ ဘာတွေ ကောင်းသလဲ ဘာတွေမှာ ပြဿနာရှိတယ် ဆိုတာ ပိုသိနိုင်မှာ။
ဒီနေ့  ထွက်တဲ့ OpenSource Google Chrome Browser က Windows User တွေ အတွက် Version (Beta) ပါ။ Windows OSes အကုန်မှာ သုံးလို့ မရဘူး၊ Windows Vista နဲ့  Window XP နှစ်မျိုးမှာပဲ သုံးလို့ ရတယ်။ Mac နဲ့  Linux users တွေအတွက် version က မထွက်သေးဘူး။ ဘယ်တော့ထွက်မလဲ သိချင်တယ် ဆိုရင် Chrome Download Page မှာ Sign Up လုပ်ပြီး သတင်းတွေ စောင့်ဖတ်ပါလို့ ပြောထားတယ်။ အဲဒီကိစ္စနဲ့  ပတ်သက်ပြီး Mac နဲ့  Linux Users တွေက Complain တက်နေတာတွေ ဖတ်လိုက်ရတယ်။ ဟုတ်တော့ ဟုတ်ပါတယ်။ Windows အတွက်ပဲ အရင်ထုတ်မယ့် အစား Windows , Mac, Linux user အားလုံးအတွက် တပြိုက်နက် သုံးလို့ ရအောင် ထုတ်ပေးရင် ပိုပြီး ကောင်းမယ် ထင်တယ်။ အခုဆို Linux သုံးနေတဲ့အချိန်တွေဆို Chrome သုံးမရတော့ဘူး။ Mac ကတော့ ကိစ္စမရှိဘူး။ ကိုယ့်မှာမှ Mac Computer မရှိတာ။ သိပ်မကြာခင်အချိန်မှာတော့ Mac နဲ့  Linux users တွေအတွက် Chrome Browser ထွက်လာမယ်လို့  မျှော်လင့်မိပါတယ်။

Chrome Browser ကို သုံးပြီး မြန်မာဆိုဒ်တွေ လျှောက်ကြည့်ဖြစ်တယ်။ မြန်မာစာကို ကောင်းကောင်း မြင်ရတာတွေ့  ရတယ်။ Blogger မှာ Post ရေးတဲ့ Browser ကနေ တစ်ခါတည်း မြန်မာလို ရေးချင်တယ် ဒီအတိုင်း မရဘူး။ Options --> Minor Tweaks --> Change Font and Language Settings မှာ သွားပြီး ZawGyi ပြောင်းလိုက်ရင် ရေးလို့ ရတယ်။ ဒါပေမယ့် ရေးရတာ အဆင်မပြေမှု့ လေးတွေတော့ ရှိတယ်။ အခုထွက်တာက Beta version ပဲရှိသေးတယ် ဆိုတော့ နောက်ပိုင်းမှာ ပိုအဆင်ပြေလာဖို့ ပဲ ရှိတယ်လို့  ယုံကြည်ရပါတယ်။

Blog ကို Chrome Browser နဲ့  ကြည့်ပြီး SiteMeter မှာ သွားကြည့်လိုက်တော့ ဒီလို တွေပြပါတယ်။ Chromer Browser တည်ဆောက်ရာမှာ အခြေခံထားတဲ့ Components တွေထဲမှာ Apple's WebKit လဲ ပါတာကြောင့် Browser နေရာမှာ Safair 1.3 လို မြင်နေရတာ ဖြစ်မယ် ထင်တယ်။ Opeation System မှာ ဘာကြောင့် Macintoch WinXP လို့  ပြနေတာလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပဲ။

အရင်ကဆို Google က ထုတ်တဲ့ Application တွေထဲမှာ Google Search Enginer, Gmail, Gtalk , Google Reader, Picasa ကို နေ့ စဉ် သုံးဖြစ်နေခဲ့တယ်။ နောက်ပိုင်းတော့ Chrome Browser ကိုပါ နေ့ စဉ် အမြဲ အသုံးပြုဖြစ်တဲ့ စာရင်းထဲ ထည့်ရတော့မယ်လို့  ထင်နေမိတယ်။

September 01, 2008

Thank you guys!

အခုရက်ပိုင်း ဒီနေရာမှာ ဘာမှကို မရေးဖြစ်သလို အွန်လိုင်းလည်း သိပ်မ၀င်ဖြစ်ဘူး။ အမြဲတွေ့ နေ၊ စကားပြောနေကြ သူငယ်ချင်းတွေနဲ့  တောင် အရင်လို မတွေ့ ဖြစ်၊ မပြောဖြစ်ခဲ့ဘူး။ လူရော စိတ်ပါ အနားယူနေခဲ့တာလို့  ပြောလို့ ရမယ် ထင်တယ်။ မလုပ်မဖြစ် လုပ်ရတဲ့ အလုပ်တွေကလွဲရင် တခြားဘာမှ မလုပ်ဖြစ် သလောက်ပဲ။ အခု နောက်ပိုင်း ကျန်းမာရေး အခြေအနေကလည်း အရင်လို မဟုတ်ဘူး၊ ချူချာတယ်။ သူငယ်ချင်းတစ်ယောက် ပြောသလို အသက်ကြီးလာလို့  ရောဂါထူလာတာဆိုတာ ဟုတ်မှာ။ ကျန်းမာရေး နဲ့  စိတ်သက်ပြီး စိတ်ရှည်လက်ရှည် အချိန်ပေး ရှင်းပြ ကူညီခဲ့တဲ့ သူငယ်ချင်းများကို ကျေးဇူးတင်တယ်။

ဒီနေရာမှာ တစ်ခုခု ရေးတင်ဖို့  ကြိုးစားနေတာ ၁ ပတ် လောက်ရှိပြီ။ ဘာအကြောင်းရေးရေး ၁ ကြောင်း ၂ ကြောင်း ထက်ပိုပြီး ရေးမရတာနဲ့  ဘာမှ မတင်ဖြစ်တာပါ။ ရေးလက်စ ရှိတုန်းကသာ ရေးလို့ ရတာ၊ မရေးတာကြာရင် ဘာကိုဘာမှ ရေးချင်စိတ် မရှိတော့ဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်မရဲ့ ဒိုင်ယာရီလို ဖြစ်နေတဲ့ ဒီနေရာမှာ ကျွန်မကြုံတွေ့ ရတာလေးတွေကို မှတ်တမ်းအနေနဲ့  အရင်လိုပဲ ချရေးဖြစ်အောင် ကြိုးစားပါအုံးမယ်။ အမြဲလာကြည့်လေ့ ဖတ်လေ့ရှိတဲ့ သူအားလုံးကို ကျေးဇူးတင်တယ်။

ဘာလို့  ပျောက်နေတာလဲ၊ ဘာများဖြစ်နေသလဲ စိုးရိမ်ပြီး သတိတရ ဆက်သွယ်မေးမြန်းခဲ့ကြတဲ့ သူငယ်ချင်း၊ မိတ်ဆွေများ အားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း.....

The truth of something

Affirmation - Savage Garden

I believe the sun should never set upon an argument
I believe we place our happiness in other people's hands
I believe that junk food tastes so good because it's bad for you
I believe your parents did the best job they knew how to do
I believe that beauty magazines promote low self esteem
I believe I'm loved when I'm completely by myself alone

I believe in Karma what you give is what you get returned
I believe you can't appreciate real love until you've been burned
I believe the grass is no more greener on the other side
I believe you don't know what you've got until you say goodbye

I believe you can't control or choose your sexuality
I believe that trust is more important than monogamy
I believe your most attractive features are your heart and soul
I believe that family is worth more than money or gold
I believe the struggle for financial freedom is unfair
I believe the only ones who disagree are millionaires

I believe in Karma what you give is what you get returned
I believe you can't appreciate real love until you've been burned
I believe the grass is no more greener on the other side
I believe you don't know what you've got until you say goodbye

I believe forgiveness is the key to your unhappiness
I believe that wedded bliss negates the need to be undressed
I believe that God does not endorse TV evangelists
I believe in love surviving death into eternity

I believe in Karma what you give is what you get returned
I believe you can't appreciate real love until you've been burned
I believe the grass is no more greener on the other side
I believe you don't know what you've got until you say goodbye

August 08, 2008

Happy Birthday My Love

ပျော်ရွှင်ဖွယ်ကောင်းသော မွေးနေ့  ဖြစ်ပါစေ ချစ်သူ။

ကိုယ်ကျန်းမာ စိတ်ချမ်းမြေ့စွာနဲ့  နေ့ ရက်တိုင်းကို ဖြတ်သန်းနိုင်ပါစေ…
ဆန္ဒ နဲ့  ဘ၀ ထပ်တူထပ်မျှကျအောင် ဖန်တီးနိုင်သူ တစ်ဦးဖြစ်ပါစေ..
စိတ်ကူးထဲကလို စိုပြေငြိမ်းချမ်းတဲ့ ဘ၀ကို ပိုင်ဆိုင်နိုင်သူ တစ်ဦးဖြစ်ပါစေ..

ချစ်ခြင်းများစွာဖြင့်
နေနေ

Perhaps Love


Perhaps Love - John Denver (Duet with Placido Domingo)
Perhaps Love - John Denver (Duet with Lene Siel)
Perhaps Love - Jheena Lodwick



Perhaps love is like a resting place, a shelter from the storm
It exists to give you comfort, it is there to keep you warm
And in those times of trouble when you are most alone
The memory of love will bring you home

Perhaps love is like a window, perhaps an open door
It invites you to come closer, it wants to show you more
And even if you lose yourself and don't know what to do
The memory of love will see you through

Love to some is like a cloud, to some as strong as steel
For some a way of living, for some a way to feel
And some say love is holding on and some say letting go
And some say love is everything, and some say they don't know

Perhaps love is like the ocean, full of conflict, full of pain
Like a fire when it's cold outside, thunder when it rains
If I should live forever, and all my dreams come true
My memories of love will be of you

Some say love is holding on and some say letting go
Some say love is everything and some say they don't know

Perhaps love is like the mountains, full of conflict, full of change
Like a fire when it's cold outside, thunder when it rains
If I should live forever, and all my dreams come true
My memories of love will be of you




၁၉၈၀ က သီချင်းဟောင်း တစ်ပုဒ်။ ဒီသီချင်းကို သီဆိုရေးသားသူ "John Denve" ကိုတော့ အတော်များများ သိမှာပါ။ အခု သီချင်း "Perhaps Love" ကို မသိကြရင်တောင်မှ သူရဲ့ "Take Me Home, Country Roads" သီချင်းကိုတော့ အားလုံးသိကြမယ် ထင်တယ်။ ဒီကို ကြိုက်လို့ လိုက်ရှာကြည့်တဲ့အခါ John Denve ကိုယ်တိုင် ဆိုတာတောင်မှ ဗားရှင်း ၃ မျိုးကွဲနေတာကို တွေ့ ရပါတယ်။ John Denver တစ်ယောက်တည်း ဆိုတာ၊ Plácido Domingo နဲ့  တွဲဆိုတာ၊ danish အဆိုတော် Lene Siel နဲ့  တွဲဆိုတာ ၃ မျိုး ရှိနေတယ်။

မိန်းကလေး တစ်ယောက်တည်း ပြန်ဆိုထားတာလဲ ရှိတယ်။ သီဆိုတဲ့သူက ဖိလစ်ပီနိုအဆိုတော် Jheena Lodwick ပါ။ အဲဒီဗားရှင်းလဲ တမျိုးလေးနဲ့  နားထောင်လို့  ကောင်းပါတယ်။

August 07, 2008

Getting 100-150 years old photos: Bakumatsu Koshashin Generator

ပုံတွေကို ဟိုးလွန်ခဲ့တဲ့ နှစ် ၁၀၀-၁၅၀ လောက်က ရိုက်ထားတဲ့ ပုံအဟောင်းတွေလို့  ထင်ရအောင် ပြောင်းပေးတဲ့ နေရာ တစ်ခုပါ။ ဘာရယ်တော့ မဟုတ်ပါဘူး။ ဟိုဓာတ်ပုံလေးတွေ ပြောင်းကြည့်လိုက်၊ ဒီဓာတ်ပုံလေးတွေ ပြောင်းကြည့်လိုက် စမ်းကြည့်ပြီး၊ သဘောကျတာနဲ့  မသိသေးတဲ့ သူတွေ သိရအောင် သတင်းပေးလိုက်ပါတယ်။
Bakumatsu Koshashin Generator
"Koshashin" means "old photo". "Bakumatsu" is literally "end of feudal era", the end of Edo shogunate era (circa 1860), when the whole country was facing to its turning point to open for outside of islands, led to Meiji Revolution. So the service name implies "Generator for photos like over 150 years old". Source

အင်တာနက်ပေါ်မှာ ရှာတွေ့ တဲ့ ဒီနိုင်ငံရဲ့ ဓာတ်ပုံတစ်ခုကို ပြောင်းကြည့်ထားတာပါ။
ဓာတ်ပုံတွေဆို ပုံအသစ် လှလှလေးတွေကို သဘောကျသလို ၊ ရှေးခေတ်က ဓာတ်ပုံ အဟောင်းတွေကို ကြည့်ရတာလည်း သဘောကျတယ်။ ဓာတ်ပုံဟောင်းတွေ ကြည့်ရတာ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတယ်။ ဓာတ်ပုံ အဟောင်းတွေကို အသစ်လိုဖြစ်အောင် လုပ်ပေးတယ်၊ ဓာတ်ပုံ အသစ်တွေကိုလည်း အဟောင်းနဲ့  တူအောင် လုပ်ပေးတယ် ဆိုတာမျိုး အပြင်က ဓာတ်ပုံဆိုင်တွေမှာ ရေးထားတာ တွေ့ဖူးတယ်။ တတ်တယ်ဆိုရင် Photoshop တွေဘာတွေနဲ့  ကိုယ့်ဘာသာ ပြောင်းရင်လဲ ရမယ် ထင်တယ်။ ကိုယ်မှ မလုပ်တတ်တာ။ အခုလို လွယ်လွယ်ကူကူ ပြောင်းလို့  ရတာလေးတွေတော့ အငြိမ်မနေ စမ်းကြည့် ဖြစ်သွားတယ်။ ပုံကို convert လုပ်ပေးတာ အတော်လေး မြန်တယ်။ ကိုယ့်ကွန်ပြူတာထဲက ပုံကို Upload လုပ်ပေးလို့  ရသလို၊ အင်တာနက် တနေရာမှာ တင်ထားတယ်ဆို Web URL ထည့်ပြီး ပြောင်းလဲရတယ်။

You Are Loved (Don't Give Up)


You Are Loved (Don't Give Up) - Josh Groban

Don't give up
It's just the weight of the world
When your heart's heavy
I...I will lift it for you

Don't give up
Because you want to be heard
If silence keeps you
I...I will break it for you

Everybody wants to be understood
Well I can hear you
Everybody wants to be loved
Don't give up
Because you are loved

Don't give up
It's just the hurt that you hide
When you're lost inside
I...I will be there to find you

Don't give up
Because you want to burn bright
If darkness blinds you
I...I will shine to guide you

Everybody wants to be understood
Well I can hear you
Everybody wants to be loved
Don't give up
Because you are loved

You are loved
Don't give up
It's just the weight of the world
Don't give up
Every one needs to be heard
You are loved (Don't give up)



August 06, 2008

Myanmar Restaurants - Singapore

ပြီးခဲ့တဲ့ လက စပြီး စင်္ကာပူမှာ မြန်မာ စားသောက်ဆိုင် အများအပြား အသစ်ဖွင့်တာ တွေ့ ရတယ်။ မြန်မာတွေ စုလေ့ရှိတဲ့ Pennusila Plaza မြေအောက်ထပ်မှာပါ။ အဲဒီနေရာမှာ အရင်က အစာသောက်တွေ ရောင်းတယ်၊ နောက်တော့ အ၀တ်အထည်တွေ ရောင်းတဲ့ ဆိုင်ကြီး ဖြစ်သွားတယ်၊ အခု တစ်ခါ စားသောက်ဆိုင်တွေ ပြန်ဖြစ်သွားပြီး၊ အဲဒီက ဆိုင်အများစုက မြန်မာ အစားအသောက်ရောင်းတဲ့ ဆိုင်တွေ ဖြစ်တာ တွေ့ ရပါတယ်။

ဆိုင်အသစ်တွေထဲမှာ ပထမဆုံး သွားစားဖြစ်တာ Oriental House ဆိုင်မှာပါ။ ရန်ကုန် Oriental House က ဆိုင်ခွဲလာ ဖွင့်ထားတာလို့  ပြောကြတယ်။ စားရတာ မဆိုးပါဘူး။ တချို့  အစားအသောက်တွေက အင်းလေးထက် ဈေးပိုပေါတယ်။ ဒါပေမယ့် တချို့ အစားအစာတွေကြတော့ ဈေးပိုကြီးနေပြန်ရော။ Set Menu က အစားသောက်တွေဆို ၄.၈၀ ပဲရှိတယ်ဆိုတော့ ပေါတယ်၊ မဆိုးဘူးပြောရမယ်။ ဒါပေမယ့် Set Menu မဟုတ်တာတွေ မှာမယ်ဆို အသား၊ ငါး ဟင်းတင်မကဘူး၊ အသုတ်တွေပါ ၁၀ အောက် မရှိဘူး။ ထည့်ပေးတာတော့ အင်းလေးထက် များတယ်။ အရွက်ကြော်တွေကတော့ ၆.၀ လောက်ပဲရှိတယ်။ သူငယ်ချင်း ၄-၅ ယောက်နဲ့  သွားစားမယ်ဆိုရင် တော့ မှာ စားရတာ သင့်တော်မယ်။ ကျွန်မ တို့ ဆို သူငယ်ချင်း ၂-၃ ယောက်ပဲ စားပြီး၊ စားတဲ့အခါ ထမင်းနဲ့ ဟင်းအမျိုးအစား ၃-၄ မျိုး ၊ တခါတလေ ၅ မျိုးလောက် မှာစားလေ့ ရှိတတ်သူတွေ အတွက်တော့ Oriental House ထက်စာရင် အင်းလေးမှာ စားရတာ ပိုပြီး အဆင်ပြေ ဈေးသက်သာတယ်။ ထမင်းမစားပဲ ကြာဇံကြော်၊ ခေါက်ဆွဲကြော် တွေဘာတွေ စားချင်ရင်၊ အပေါ်က ဆိုင်တွေမှာလည် မစားချင်တဲ့အခါတွေမှာ Oriental House မှာ သွားစားဖြစ်မယ်ထင်တယ်။





Posted by Picasa


ပြီးခဲ့တဲ့ အပတ်ကတော့ သူငယ်ချင်းတစ်ယောက်နဲ့  Irrawaddy မှာ သွားစား ဖြစ်တယ်။ အဲဒီဆိုင်က ဟော့ပေါ့ ကို အဓိက ရောင်းတာနဲ့  တူတယ်။ မီဖိုနဲ့ အိုးလေးတွေ တွေ့ တယ်။ ဟော့ပေါ့ မစားဖြစ်လို့  အရသာကောင်း မကောင်း မသိဘူး။ Menu မှာ ၁၉ လမ်း အသားကင်တွေ ဘာတွေ ရေးထားတာတွေ့ တော့ မဆိုးဘူး စားကြည့်မယ်ဆို မှာတာ၊ အခု မရသေးပါဘူးတဲ့။ မီနူးမှာ ရေးထားတဲ့ စားချင်တာတွေ အတော်များများ မရဘူး။ ခုမရောင်းသေးဘူးတဲ့၊ ဘယ်တော့မှ ရောင်းမလဲ မသိဘူး။ မရောင်းတဲ့ အစားအစာတွေ မီနူးထဲ ထည့်တားတာကတော့ မသင့်တော်ဘူးပေါ့။ ဖျက်သင့်ရင် ဖျက်ထားသင့်တယ်။ ဆိုင်ထဲမှာ ထိုင်ပြီးမှတော့ ပြန်မထွက်ချင်တော့တာနဲ့  ရတာတွေထဲက ကြည့်မှာ လိုက်ရတယ်။ အဲ့ဒီဆိုင်မှာ Beer သောက်နေသူတွေ များတယ်။ သွားစားဖြစ်တဲ့ နေ့ ကဆို ဘီယာ တဂျားမှာရင် ၁ ခွက်အပိုပေးတယ် သိရတယ်။ Beer သောက်ရင်း စားဖို့  Snack ပုံစံတွေ၊ ငါးမုန့် ကြော်တို့ ၊ ဟိုအကြော် ဒီအကြော်တွေကို တစ်ပွဲ S$3 နဲ့ ရောင်းတယ်။ အကြော်စုံ (အသီးအရွက်) လား နာမည်သေချာ မမှတ်မိဘူး မှာ လိုက်တာ ပြောင်းဖူးအသေး နှစ်ခြမ်ခွဲ၊ ငရုတ်သီး အတောင့်ပွ၊ မုန်လာဥနီ နဲ့  တခြား ဘာလည်းမသိဘူး လက်မလောက်လေးတွေကို တစ်မျိုးကို နှစ်ခုစီ မုန့် နှစ်နဲ့  ကြော်ထားတာ လာချပေးတယ်။ ပလျှူး ထမင်းကြော်နဲ့  ကတ်ကြီးကိုက် စားတာ စားလို့ မကောင်ဘူး။ ကတ်ကြီးကိုက်က ပိုဆိုးသေးတယ်။ ခေါက်ဆွဲဖတ်က အပြားအရမ်းကြီးပြီး ပဲပြုတ်ကလည်း နည်းနည်းလေးပဲ ပါတယ်။ အရသာ လုံးဝ မရှိဘူး။ အစားအသောက်ကို ကုန်အောင်စားရမယ် ဆိုတဲ့ စိတ်ကြောင့်သာ မနည်းစားခဲ့ရတာ၊ အရင်စိတ်နဲ့ ဆို တစ်ဇွန်းထက် ပိုစားဖြစ်မယ် မထင်။ ခုလက်ရှိ အနေအထားနဲ့ ဆို ဟော့ပေါ့ မဟုတ်ပဲ တခြားဟာ စားမယ်ဆိုရင် Irrawaddy မှာ နောက်ထပ်စားဖြစ်ဖို့  မစဉ်းစားသေးဘူး။ ကိုယ်ဟာကို ၀ယ်စားရမယ်ဆို အချိန်နည်းနည်းကြာမှ ထပ်သွားစားကြည့်တော့မယ်။ ဒီကြားထဲ သူငယ်ချင်းတွေ ကြွေးလို့  စားရမယ်ဆို အပြင်ကနေ မီနူးအရင်ပြခိုင်းပြီး ဘာရမရ အရင်ပေးမယ် စိတ်ကူးတယ်။

Oriental House နဲ့  Irrawaddy မှာ လုံးဝ မကြိုက်တာ တစ်ခုက သောက်ရေ မပေးတာပါပဲ။ အင်းလေးမှာ ထိုင်လိုက်တာနဲ့  ရေလာချပေးတယ်။ Oriental House မှာ ဘာအအေးသောက်မလဲပဲ မေးတယ်။ သောက်ရေ ချမပေးတာနဲ့  သံပရာရေ မှာသောက်တာ ဘာအရသာမှကို မရှိဘူး။ ဘာလိုနေမှန်းကို မသိတာ။ အိမ်မှာ ကိုယ့်ဟာကို ဖျော်သောက်တာတွေကတောင် ဒီထက် ပိုကောင်းသေးတယ်။ Irrawaddy မှာလည်း ရေ လာမချပေးဘူး။ ဒါပေမယ့် အတူသွားစားတဲ့ သူငယ်ချင်းက ရေချပေးပါပြောတော့ ရေအေးအေးလေး နှစ်ခွက် လာချပေးပါတယ်။ ကျွန်မ တစ်ယောက်တည်းသွားစားတာဆို သူလိုမှာ ဖြစ်မှာ မဟုတ်ဘူး။ တခြား ဘယ်သူမှလည်း ရေသောက်နေတာ မတွေ့ ဘူး။ အလကားပေးမှန်း မပေးမှန်းမသိ၊ မတောင်းချင်ဘူး။ အလိုလို လာချပေးတာကို ပိုကြိုက်တယ်။ အင်လေးမှာဆို ချပေးဖို့  မေ့နေတောင်မှ ရေချပေးလေ့ ရှိမှန်းသိတော့ တောင်းဖြစ် သေးတယ်။ Irrawaddy မှာ အအေး အနေနဲ့  ထောပတ်သီးဖျော်ရည် မှာသောက်တယ်။ ဈေးက Oriental House နဲ့  အင်းလေးထက် ပိုသက်သာတယ်။ ကျွန်မအတွက်တော့ အရသာ မဆိုးဘူးပြောလို့ ရတယ်။ သူငယ်ချင်းကတော့ နည်းနည်းယူသောက်ပြီး ကောင်းလည်း မကောင်းဘူးလို့  ပြောတာပဲ။

ဆိုင်ရဲ့ ၀န်ဆောင်မှု့ အနေနဲ့ ဆို Oriental House နဲ့  Irrawaddy ၀န်ဆောင်မှု့ က အင်းလေးထက် ပိုကောင်းတယ်။ စာပွဲထိုးတွေက ပြောတာ ဆိုတာ မဆိုးပါဘူး။ ဒါပေမယ့် စအလုပ်လုပ်တာမို့ လားမသိဘူး၊ ကိုယ့်ဆိုင်မှာ ဘာရလဲ၊ ဘာမရဘူးလဲ မသိကြဘူး။ အင်းလေးက လူခွဲဆက်ဆံတာမျိုး ရှိတယ် ပြောကြတယ်။ ကျွန်မတို့ သူငယ်ချင်းတွေ သွားစားရင်တော့ အင်းလေးက လူတွေက မှတ်မိနေလို့ လား မသိဘူး ပြောတာဆိုတာ အဆင်ပြေပါတယ်။ တစ်ပတ် ၁-၂ ခါ အနည်းဆုံး လာစားနေမှတော့ မှတ်မိပြီပေါ့။

အင်းလေးက တော့ တစ်ခုခုမှာရင် ကြာတာ ထုံးစံလိုပဲ။ ဒီတော့ အချိန်စောင့်ပြီး စားနိုင်မှ သွားစားတယ်။ စားတဲ့သူများလို့  မနိုင်တာဖြစ်မယ်။ အရင်က မြန်မာဆိုင်က သူတစ်ခုတည်းလို ဖြစ်နေတယ်လေ။ အခုတော့ ဆိုင်တွေများလာပြီဆိုတော့ စားတဲ့သူမျှသွားပြီး ပိုပြီး အဆင်ပြေ၊ မြန်ဆန်လာမယ် ထင်တယ်။ အပြိုင်အဆိုင်ရှိတော့ ပိုကြိုးစား၊ တစ်ဆိုင်နဲ့ တစ်ဆိုင် ပိုကောင်းအောင် လုပ်လာမယ်ဆို စားသုံးသူတွေအတွက် အမြတ်ပဲ။ အင်းလေးမှာ ပြီးခဲ့တဲ့ စနေနေ့ က နေ့ လယ်စာ သွားစားတာ ပန်ကန်တွေတောင် ပုံစံအသစ်နဲ့ ဖြစ်နေတာ တွေ့ ရတယ်။ ထမင်းနဲ့  ဟင်း set ၂ ပွဲ (ကြက်သားနဲ့  ငါးခူခြောက်စပ်) နောက်ပြီး၊ ငါးဖယ်သုတ်၊ ကန်စွန်းရွက်ကြော် မှာစားတယ်။ သူငယ်ချင်းက ထမင်းလိုက်ပွဲ ထပ်ယူတယ်။ အားလုံး S$27 ပေးရတယ်။






အင်းလေးမှာ တချို့ စာပွဲထိုးက စကားပြောတာ အဆင်မပြေတာ ကြုံဖူးပါတယ်။ အစက စိတ်ဆိုးမိသေးတယ်။ နောက်တော့ တော်ရုံ အဆင်မပြေတာ လောက်ကို သိပ်ဂရုမစိုက်တော့ဘူး။ မြန်မာအချင်းချင်းပဲ ကိုယ်ချင်းစာစိတ် နည်းနည်း မွေးလိုက်တယ်။ သူတို့ လည်း ကျောင်းတတ်ရင်း တဘက်တလမ်းက အလုပ်လုပ်နေကြတာပဲ။ အလုပ်ကိုအလုပ်နဲ့  တူအောင်လုပ်ရမယ် ဆိုတာတော့ နားလည်ပါတယ်။ လူတိုင်း အသိစိတ်ရှိတာမှ မဟုတ်တာ၊ ခွင့်လွှတ်လိုက်တယ်။ ကိုယ်က မှာချင်တာ၊ ပြောချင်တာကို ပြုံးပြုံးရွှင်ရွှင် ချိုချိုသာသာပဲ မှာတယ်။ ပို့ တာ နောက်ကျနေရင် ထပ်မှာတယ်။ စာပွဲထိုးတွေ အများကြီးပဲဟာ။ နောက်ဆုံး မရရင် ကောင်တာမှာ ရှိနေတဲ့ တစ်ယောက်ကို ထသွားပြော လိုက်တယ်။ ကိုယ်ကောင်းကောင်းမွန်မွန် ပြောဆိုရဲ့သားနဲ့  အရမ်းအဆင်မပြေဘူး ဆိုရင် ဆိုင်ရှင်ကို အေးအေးဆေးဆေး ပြောလိုက်ပါတယ်။ ဆိုင်ရှင်က စီပွါးရေးလုပ်နေတာပဲ၊ သူ့ ကို ပိုက်ဆံ လာပေးနေတဲ့ စားသုံးသူတွေကို ဘယ်လို ဆက်ဆံရမလဲ နားလည်ပါတယ်။


တခြားဆိုင်တွေတော့ မစားဖြစ်ဘူး။ စားဖြစ်ရင် ဒီမှာရေးအုံးမယ်။ စားဖြစ်ဖို့ တော့ မလွယ်ဘူး။ အပြင်မှာ စားတဲ့အခါတွေမှာ ဟင်းနဲ့  ထမင်းနဲ့  ပန်ကန်တစ်ခုတည်းမှာ ပုံပြီးစားရတာကို မကြိုက်ဘူး။ အိမ်မှာဆိုရင်တော့ ကိုယ်စားချင်တဲ့ဟင်းကို ပုံပြီး စားတတ်ပါတယ်။ ကိုယ်စားချင်တဲ့ ပမာဏကို ကိုယ်သိနေတာမို့ လိုပါ။ ဟင်းချက်ပြီးသား နဲ့  ထမင်း ရောင်းတဲ့ ဆိုင်တွေမှာဆို အိမ်ကို ဟင်းဝယ်ဖို့ လောက် ပဲသွားတယ်။ ဒါတောင် အိမ်ရောက်ရင် ၀ယ်လာတဲ့ ဟင်းတွေကို ကိုယ်ကြိုက်တဲ့ ပုံစံရအောင် နည်းနည်းတော့ ပြန်ပြင်လေ့ရှိသေးတယ်။ ဟင်းချက်ပြီးသားတွေ ရောင်းတဲ့ မြန်မာဆိုင်တွေမှာဆို သူငယ်ချင်းတွေ စားလို့  အတူ ဆိုင်မှာစားရမယ်ဆို တောင် ခေါက်ဆွဲကြော်၊ ထမင်းကြော်၊ အသုတ်၊ ရခိုင်မုန့် တီ နဲ့ ကြေးအိုး စတဲ့ပုံစံတွေပဲ စားလေ့ရှိတယ်။ သည်းခံ ဖတ်ပေးကြပါ။ ထမင်း ၀ယ်ကျွေးချင်တဲ့သူတွေများ ဒီလာဖတ်မိရင် ကျွန်မ ဘယ်လို စားတတ်တယ် ဆိုတာ သိအောင် တမင် ရေးလိုက်တာပါ။ :D

အခုစားသောက်ဆိုင်တွေမှာ သွားစားရင်း ကျွန်မ ကြုံတွေ့ ရတဲ့ အတွေ့ အကြုံအပေါ် အခြေခံရေးခြင်း ဖြစ်ပါတယ်။ အဲဒီ စားသောက်ဆိုင်တွေကို ကြိုက်တဲ့သူလဲ ရှိမယ်၊ မကြိုက်တဲ့သူလဲ ရှိမယ်။ ဒီမှာ နေသမျှ အိမ်မှာလည်း ထမင်းချက်မစားဖြစ်တော့ အဲဒီဆိုင်တွေ ထပ်သွားစားဖြစ်နေအုံးမှာပါပဲ။ စားဖြစ်ခဲ့လို့  ထူးခြားတာလေးတွေ တွေ့ ရင် ဟိုရေး ဒီရေး လုပ်ဖြစ်အုံးမယ် ထင်တယ်။ ပိုဆိုးရင် ပိုးဆိုးသွားတဲ့အကြောင်း.. ကောင်းလာရင်လည်း ပိုကောင်းလာတယ်ဆိုတဲ့ အကြောင်းတွေ...။ ခုတော့ ဒီလောက်ပါပဲ။

August 05, 2008

Dawn of a New Day - Crystal Shawanda

It's A New Dawn, It's A New Day!!!

နေ့ သစ်တွေတိုင်းကို အားအင်အပြည့်နဲ့  ရင်ဆိုင်ဖို့  တွန်းအားတွေပေးနိုင်တဲ့ သီချင်းတစ်ပုဒ်

Dawn of a New Day - Crystal Shawanda

2 am
Dashboard lights
Oh god it seems I’ve been on the road all night
Got momma’s picture on the seat beside me
Oh how I love what I left behind me
But I’m ready to face
The dawn of a new day


Gotta keep on rollin’
Keep on going
Keep on movin’
Like a runaway train
My hearts wide open
And I ain’t slowing down
Till the sun hits my face
In the dawn of a new day


This old truck
And one suitcase
Guitar in the bed
I hope it doesn’t rain
Got a pocket full of dreams I’ve been saving
Paid my dues done some praying
Now I’m on my way
To the dawn of a new day


Gotta keep on rollin’
Keep on going
Keep on movin’
Like a runaway train
My hearts wide open
And I ain’t slowing down
Till the sun hits my face
In the dawn of a new day

The wind is at my back
That horizons calling me

...
Till the sun hits my face
In the dawn of a new day

ခုရက်ပိုင်း သီချင်းတွေ အတော်များများ နားထောင်ဖြစ်နေတဲ့။ ဒီသီချင်းလည်း တစ်ပုဒ် အပါအ၀င်ပေါ့။ သီဆိုသူ က Canadian အဆိုတော် Crystal Shawanda ။ သူမရဲ့ အမည် Shawanda ဆိုတာ "Dawn of a New Day" လို့  အဓိပ္ပါယ်ရတယ်လို့  ဖတ်လိုက်ရတယ်။ အခု "Dawn of a New Day" Album ကို Canada မှာ 24 June 2008 က ဖြန်ချီခဲ့ပေမယ့် US မှာတော့ Augsut 19 မှ စဖြန့် မယ်လို့  သိရတယ်။ ဒီသီချင်းမှ မဟုတ်ဘူး အဲဒီ အခွေထဲမှာပါတဲ့ တခြားသီချင်းတွေကို လည်း နှစ်သက်လို့  ထပ်ခါထပ်ခါ နားထောင်ဖြစ်နေတယ်။

Credit to Ma Jewel

Media Convert - Free online - convert and split


ဟိုတစ်နေ့ က သီချင်းဒေါင်းလုတ်လုပ်တာ wav file ပဲရတော့ mp3 ပြောင်းဖို့ ကြိုးစားရင်း Media-Convertကို စမ်းသုံးဖြစ်ခဲ့တယ်။ ပထမတော့ ကိုယ်အမြဲ သုံးလေ့ရှိတဲ့ Zamzar နဲ့  mp3 ပြောင်းဖို့ ကြိုးစားတာပါ။ Zamzar မှာ file ကို upload လုပ်ပြီး၊ နောက် ၃ နာရီကျော်ကြာတဲ့ အထိ download link ပါတဲ့ အီးမေး ရောက်မလာဘူး။ အရင်က ဒီလောက်မကြာဘူး။ ၅-၁၀ မိနစ်လောက်လောက်ပဲကြာတယ်။ သုံးတဲ့သူများလို့ လား မသိဘူး။ ဒါနဲ့  Media-Convert ကို သုံးဖြစ်သွားတယ်။

Media-Convert က 100% free service ပါ။ ယူဇာ အကောင့်တွေ ဘာတွေလုပ်ဖို့ မလိုဘူး။ သုံးပြီးရတာ အတော်လေး အဆင်ပြေတယ်။ Convert လုပ်တာ မြန်လဲ မြန်တယ်။ ကိုယ့်ရဲ့ ကွန်ပြူတာထဲက ဖိုင်တွေကို upload (Local File Conversion) လုပ်ပေးလို့ ရသလို့ ၊ အင်တာနက်ပေါ်က ဖိုင်တွေကိုလည်း URL ပေးပြီး (Conversion From Url) convert လုပ်လို့ ရပါတယ်။ ကွန်ပြူတာထဲက ဖိုင်ကို ရွေးလိုက်ရင် Input Format ကို တခါတည်း အလိုလိုရွေးပေးတာလေးကို သဘောကျတယ်။ ပြီးရင် ကိုယ်ပြောင်းချင်တဲ့ ဖိုင်အမျိုးအစားကို Output format မှာရွေးပေးလိုက်လို့ ရတယ်။

Media-Convert ကောင်းတဲ့ အချက်တစ်ခုက convert လုပ်ပြီးလိုက်တဲ့ ဖိုင်ကို တခါထဲ Split လုပ်ခိုင်းလို ရတဲ့ feature ပါနေတယ်။ File ကို Split လုပ်ချင်တယ်ဆို Convert လုပ်တဲ့အချိန်မှာ တစ်ခါတည်း ဘယ်လောက် အရွယ်အစား split လုပ်မယ်ဆိုတာ ရွေးလိုက်လို့ ရတယ်။ file တွေပြန်ဆက်ရင် HJSplit ကိုသုံးလို့ ရပါတယ်။

Media-Convert ကို အရင်သုံးလေ့ရှိတဲ့ Zamzar နဲ့  နှိုင်းယှဉ်ကြည့်မိတယ်။

  • Media-Convert မှာ ပြောင်းလို့ ရတဲ့ ဖိုင်အမျိုးအစားက Zamzar မှာပြောင်းလို့ ရတဲ့ ဖိုင်အမျိုးအစားထက် ပိုများတယ်။ ( Media-Convert Support File Format List)
  • Media-Convert မှာ Split Feature ပါတယ်။ အများဆုံး အပိုင်း ၂၀ အထိ ခွဲလို့ ရတယ်။ ZamZar မှာ မပါဘူး။
  • Media-Convert မှာ convert လုပ်မယ်ဆို file size အကြီးဆုံး 150MB အထိရပြီး၊ ZamZar မှာတော့ 100MB ရတယ်။
  • Zamzar မှာ file convert လုပ်တဲ့အခါ အီးမေးတစ်ခု ထည့်ပေးရပြီး အဲ့ဒီအီမေးကို download link ပို့ ပေး။ Media-Convert မှာတော့ အီးမေးပေးစရာ မလိုဘူး။ တခါတည်း convert လုပ်ပြီး download လုပ်ဖို့  Link ကို တန်းပေးတယ်။ ဒီတော့ convert လုပ်ပြီးတဲ့အထိ စောင့်နေဖို့ တော့ လိုတယ်။
  • Media-Convert က 100% Free။ အခုအချိန်အထိ Member Register လုပ်ဖို့ ဆိုတာ ရှိကို မရှိသေးဘူး။ Zamzar မှာတော့ Free နဲ့  Member ဆိုပြီး နှစ်ခုရှိတယ်။ Member Signup လုပ်မယ်ဆိုရင်တော့ ပိုက်ဆံပေးရပြီး ပိုကောင်းတဲ့ Feature တွေရနိုင်တယ်။
  • Media-Convert နဲ့  Zamzar(Free version) နှစ်ခုလုံးမှာ Convert လုပ်တဲ့ file ကို ၂၄ နာရီ အထိသိမ်းပေးထားတယ်။
  • Media-Convert မှာ File Hosting service ရှိတယ်။ ဖတ်ကြည့်ရသလောက်ဆို Hosting မှာ တင်ထားတဲ့ ဖိုင်တစ်ခုကို ၃ ပတ်အတွင်း ၂ ကြိမ်အနည်းဆုံး download လုပ်မယ်ဆို ရက်ပေါင်း ၁၂၀ အထိ သိမ်းပေးထားမယ်။
  • Media-Convert မှာ Image File တွေကို convert လုပ်တဲ့အခါ file အမျိုးအစားသာမကဘူး၊ Width, Height နဲ့  PNG Quality ကိုပါ ရွေးပေးလို့ ရတာတွေ့ ရတယ်။ Zamzar မှာ file အမျိုးအစား တစ်ခုပဲ ရွေးပေးလို့ မရဘူး။
  • Media-Convert မှာ Website Screenshot လုပ်ပေးတဲ့ Feature ရှိတယ်။ Zamzar မှာ မပါဘူး။
  • Media-Convert မှာ Send File to Mobile ရှိတယ်။ Zamzar မှာ မပါဘူး။ ( ဒီ Feature ကိုတော့ စိတ်မ၀င်စားလို့ ၊ Phone မှာလည်း ဘာမှ Download လုပ်လေ့မရှိတာနဲ့  မစမ်းကြည့်ဖြစ်ဘူး။ )

ကျွန်မ သတိထားမိတဲ့ ကွာခြားချက်တွေကို ဒီလောက်ပါပဲ။ အခုရပ်ပိုင်းတော့ file convert လုပ်စရာရှိရင် Media-Convert ကို သုံးဖြစ်နေတယ်။ တခါတလေ လည်း Zamzar ကိုသုံးနေတုန်းပါပဲ။ အဆင်ပြေသလိုပေါ့။ Zamzar ကို ကျွန်မ သုံးလာတာ ၂၀၀၆ ခုနှစ် လောက်ထဲကဆိုတော့ အတော်ကြာနေပြီ။ ဒီနေရာမှာလည်း တစ်ခါရေးဖူးပါတယ်။ Zamzar အကြောင်း သိချင်တယ်ဆို ဒီအောက်ကလင့်မှာ ဖတ်ကြည့်နိုင်ပါတယ်။

August 04, 2008

I Love You

I Love You

I love you, say we're together baby, you and me...

I can only give my life and show you all I am
in the breath I breathe
I will promise you my heart, and give you all you need
If you takes some time

If you tell me you don't need me anymore,
that our love won't last forever
I will ask you for a chance to try again
to make our life a little better, ooh...

I love you, say we're together baby, say we're together...
I need you, I need you forever baby, you and me

You say you hardly know exactly who I am
so hard to understand
I knew right from the start, the way I felt inside,
if you read my mind

If you tell me you don't need me anymore,
that our love won't last forever
I will ask you for a chance to try again
to make our life a little better, ooh...

I love you, say we're together baby,
say we're together, oh
I need you, I need you forever baby, you and me

Remember when you used to hold me,
remember when you make me cry
You said you loved me, oh, you did, yes you did

I love you, say we're together baby, say we're together, oh
I need you, I need you forever baby, you and me

သူငယ်ချင်း တစ်ယောက် ပို့ ပေးတဲ့ သီချင်း။ နားထောင်ကြည့်ပြီး သဘောကျတာနဲ့  ဘယ်သူ ဆိုတာလဲ မေးကြည့်တော့ မသိဘူးတဲ့။ နောက်ဆုံး Google ကိုပဲ အားကိုးပြီး ဘယ်သူ ဆိုတာလဲ လိုက်ရှာကြည့် လိုက်ရတော့တယ်။ ဒီသီချင်းကို ယူအက်စ်မှာ ကြီးပြင်းလာခဲ့တဲ့ အသက် ၁၉ နှစ်ပဲ ရှိသေးတဲ့ ထိုင်ဝမ်အဆိုတော် Joanna Wang သီဆိုထားတာ ဖြစ်ပြီး၊ ယခုနှစ်ဆန်းပိုင်းက ထွက်ရှိခဲ့တဲ့ သူမရဲ့ Start From Here Album မှာ ပါဝင်တဲ့ သီချင်းတစ်ပုဒ် ဖြစ်ကြောင်း သိလိုက်ရပါတယ်။


Source : I Love You - Joanna Wang

The World's first grass flip flops

မြက်ခင်းပေါ်တွင် လမ်းလျှောက်ရခြင်းကို ကြိုက်နှစ်သက်သူ အစ်မတစ်ယောက် သို့ သတိတရ....
ကမ္ဘာပထမဆုံး Krispy Kreme က ထုတ်လုပ်တဲ့ Grass Flip Flops။ Summer အတွက် ရည်ရွယ်ပြီး ထုတ်တာလို့ သိရတယ်။ အလုပ်ခွင်မှာ အလုပ်ရှုပ်ပြီး အပြင်ထွက်ပြီး summer ရဲ့ အရသာကို မခံစားနိုင်အားတဲ့ သူတွေအတွက်။ ရေမှန်မှန်လောင်း ပေးမယ်ဆို ဖိနပ်တစ်ရံကို season တစ်ခုအကြာ ၄ လ ကျော် အထိခံတယ်လို့  ပြောထားတယ်။ မြက်ပင်လေးတွေ ကြီးလာဖို့  ၃ ပတ်လောက် ကြာမှာ ဖြစ်ပြီး၊ shoe တစ်ခုစီမှာ မြက်ပင်ပေါင်း ၅၀၀၀ လောက်ပါတယ် လို့ သိရပါတယ်။ အခုလက်ရှိအချိန်မှာ ဒီလိုဖိနပ်တွေကို London မှာပဲ ၀ယ်လို့ ရပါသေးတယ်။ နောက်မကြာမှီမှာတော့ Krispy Kreme ကနေပြီး ဒီလို ဖိနပ်တွေကို တကမ္ဘာလုံးသို့  ဖြန့် ချီ ရောင်းချရန် plan ရှိကြောင်း သိရှိရပါတယ်။

August 03, 2008

ပြောင်းလဲခြင်း

ဒီ ၃-၄ လအတွင်းမှာ အမြင်တွေ အထင်တွေ မရှင်းမလင်းဖြစ်နေခဲ့တယ်..
အခုတော့
အရှိကို အရှိ အတိုင်း၊ အမှန်ကို အမှန် အတိုင်း
ကြည်ကြည်လင်လင် ရှင်းရှင်းလင်းလင်း
မြင်လာပါပြီ။

Blogspot Spam Firday - You Are Not Spam

ပြီးခဲ့တဲ့ သောကြာနေ့ က Google - Blogger ကို အသုံးပြုတဲ့ လူကြည့်များတဲ့ မြန်မာဘလော့တချို့  ပိုစ့်တင်လို့ မရဘူး ဆိုပြီး ရေးထားတာတွေ တွေ့ ရတယ်။ Spam Blog တွေအဖြစ် သံသယ ရှိတဲ့အတွက် ပိုစ့်အသစ် တင်ခြင်းကို ပိတ်ထားခြင်း ခံရတာဖြစ်ကြောင်း သိရတယ်။ နောက်ပိုင်း Blogger ကို ဆက်သွယ်ပြီး ရှင်းလင်းလိုက်တဲ့ အခါ ၂၄ နာရီလောက်အကြာမှာ ပိုစ့်တွေ ပြန်တင်လို့ ရကြောင်း သိရပါတယ်။

နာမည်ကြီး လူကြည့်များတဲ့ မြန်မာနိုင်ငံရေးနဲ့  ပတ်သက်တဲ့ သတင်းတွေ ရေးနေတဲ့ ဘလော့တွေမှာ တချိန်ထဲမှာ ဖြစ်တယ်ဆိုတော့ စိတ်ဝင်စားသွားတယ်။ တစ်စုံတစ်ယောက်ကများ နှောက်ယှက်လိုတဲ့ အတွက် တမင်လုပ်တာလား၊ ဘာကြောင့်လဲ၊ ဘာလို့ လဲ ဆိုပြီး သိချင်တာ နဲ့  လိုက်ရှာ ကြည့်မိတဲ့အခါ မြန်မာဘလော့ တွေမှာသာ ဒီလိုပြဿနာဖြစ်တာ မဟုတ်ပဲ တခြား ဘလော့ အတော်များများပါ Spam အနေနဲ့  သတ်မှတ်ခြင်း ခံရတယ်ဆိုတာ သိလိုက်ရတယ်။

Buzz Blogger မှာ ခုလို ဖြစ်တာဟာ Google ရဲ့ algorithms အရ Spam အဖြစ် မသတ်မှတ်ပေမယ့် Data processing code ရဲ့ Bug တစ်ခုကြောင့် ဘလော့တစ်ချိုကို မှားယွင်းစွာနဲ့  Spam အဖြစ် သတ်မှတ်ပြီး Lock လုပ်တဲ့ ဖြစ်စဉ်တစ်ခု 1 August ( Friday) မှာ ဖြစ်ပွါးခဲ့ကြောင်း ရှင်းပြထားပါတယ်။ တဆက်ထဲ အခုလိုမျိုး အဆင်မပြေဖြစ်ခဲ့ရမှု့ အတွက် Spam လို့  သတ်မှတ်ခြင်းခံခဲ့ရတဲ့ Blogger တွေ နဲ့  ဘလော့ဖတ်သားအပေါင်းကို တောင်းပန်ထားတာ တွေ့ ရပါတယ်။ အဲ့ဒီမှာ ကိုယ့်ဘလော့မှာရှိတဲ့ ပိုစ့်တွေကို ပျောက်ပျက်သွားမှာ စိုးရင် အလွယ်တကူ သိမ်းလို့ ရတဲ့ Import and Export Tools အကြောင်းကိုလည်း ပြောထားပါတယ်။ Firday မှာ ဖြစ်တဲ့ Bug ကြောင့် Spam အဖြစ် သံသယ ရှိခြင်းခံရပြီး အခုအချိန်အထိ ပိုစ့်တင်လို့ မရသေးဘူးဆိုရင် Dashboard ပေါ်က Request Unlock Review ကို click လုပ်ပြီး သတင်းပို့ နိုင်ကြောင်းလည်း ရှင်းပြထားတာတွေ့ ရပါတယ်။

*** ဒါနဲ့  တဆက်တည်း သတိပေးချင်တာ တစ်ခုက 25 July နေ့ မှာ ဖတ်ခဲ့ရတဲ့ သတင်း တစ်ခု အရဆို Blogger (www.blogspot.com) ဘလော့တွေမှာ malware တွေ host လုပ်တာ အတော်လေး များကြောင်း၊ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ malware host လုပ်ထားတဲ့ Website တွေရဲ့ 2% ရှိကြောင်း သိရပါတယ်။ အတော်လေး သတိထားရမယ့် အချက်ပါ။ ဘလော့တွေမှာ JavaScript နဲ့  ရေးသားထားတဲ့ Malware ထည့်ထားလို့ ရသလို ၊ Cross-Site Scripting (XSS) attack တွေလဲ လုပ်လို့ ရပါတယ်။ အဲ့ဒါတွေကို ကာကွယ်ဖို့  အတွက် ကိုယ်ရဲ့ ကွန်ပြူတာထဲမှာ Anti-Spyware တွေ သွင်းထားသင့်တယ်။ ကိုယ်အသုံးပြုတဲ့ Web Browser ကို update-to-date ဖြစ်နေအောင် အမြဲ update လုပ်ဖို့ လိုပါတယ်။ Websites/Blogs တွေကို ကြည့်တဲ့ အခါ တစ်စုံတစ်ခုကို Download လုပ်ဖို့ ၊ Accept လုပ်ဖို့  ပြောလာရင် ကိုယ်မသိတဲ့ အရာတွေကို လုံးဝ Download မလုပ်မိဖို့  အရေးကြီးပါတယ်။ တစ်ခုခုဆို ဘာလဲ ဆိုတာ သိအောင် Google အရင်လုပ်ကြည့်လိုက်ပါ။
Credit to THKZ
Related Links:
Google blocked some of its Bloggers' sites as spams - မိုးမခ မီဒီယာ
Google's Blogger top for web-hosted malware - zdnet.co.uk
Malware - Wikipedia
Blogger New Feature: Import and Export Tools
You Are Not Spam , Spam Fridays - Buzz Blogger

August 01, 2008

New delicious without dots (v.2.0)

31st July 2008 ( ဒီမှာတော့ ဒီနေ့  1st August) မှာ del.icio.us ကို Design အသစ်၊ URL အသစ် နဲ့  ပြောင်းလဲလိုက်တာ တွေ့ ရပါတယ်။ delicious.com ဆိုပြီး ပြောင်းမယ်ဆိုတဲ့အကြောင်း ကြားရတာတော့ ကြာနေပြီ။ ဒီနေ့ မနက် ဘလော့ကို ကြည့်လိုက်တာ Delicious Music Player Icon လေး နက်ပြာရောင် ပြောင်းနေတာ တွေ့ ပေမယ့် ဘာကြောင့်လဲဆိုတာ မကြည့်မိဘူး။ အင်တာနက်ပေါ် လျှောက်ကြည့်ရင်း မှတ်စရာလေးတွေ တွေ့ လို့  Del.icio.us မှာ မှတ်ဖို့ လုပ်တဲ့အခါ Login ပြန်ဝင်ခိုင်းပြီး၊ မြင်နေကြ interface ပုံစံမဟုတ်တာတွေ့ လိုက်မှ ဘာတွေပြောင်းသွားလဲ ဆိုတာ သတိထား လိုက်ကြည့်မိတော့တယ်။

Delicious ဆိုလာဘာလဲ မသိဘူး၊ သိချင်တယ် ဆိုရင် ကျွန်မ ရေးခဲ့ဖူးတဲ့ delicious and deliGoo မှာ ဖတ်ကြည့်လို့ ရပါတယ်။

အခု URL အသစ်နဲ့  delicious ကို သုံးရတာ User Friendly မဖြစ်ပေမယ့် ဆိုးတော့ မဆိုးပါဘူး။ Search ကို အရင်က ထက်ကောင်းအောင် လုပ်ထားတယ် ပြောတယ်။ အရင် အဟောင်းမှာ တုန်းက Description မှာ စာလုံးရေ 255 လုံးပဲ ထည့်လို့ ရတာကနေ အခု 1000 အထိ ထည့်လို့  ရကြောင်း သိရပါတယ်။ Description အများကြီး ရေးလေ့မရှိတဲ့ ကျွန်မလို လူတွေ အတွက်တော့ ဘာမှ မထူးတဲ့ အပို Feature တစ်ခုပဲ။ အရင် unbundled ဆိုတာလဲ ပျောက်နေတယ်။
ဘာပဲဖြစ်ဖြစ် ပြောထားတဲ့အတိုင်း ဖန်ရှင်နယ် အရတော့ ပိုကောင်းလာနိုင်မယ် ထင်ပါတယ်။ အခု အသစ်ထွက်ခါစမှာ Bugs/ Errors တွေရှိပြီး လိုအပ်ချက်တွေ ရှိနေရင်တောင်မှ အချိန်ယူပြီး ပြင်မှာပါပဲလေ။ functional ပြောင်းလဲမှု့ တွေက အခုချက်ချင်း မရင်းနှီးသေး တောင်မှာ သုံးရင်းနဲ့  တဖြည်းဖြည်း used to ဖြစ်သွားမှာပဲ။ ဒါပေမယ့် interface က link တွေ၊ icon တွေ၊ စာလုံးတွေရဲ့ အရောင်တွေ ကို အရောင်ဖျော့တွေ သုံးထားတာကတော့ အတော်လေး ဆိုးတယ် ထင်တယ်။ မျက်စိထဲမှာ မရှင်းဘူး။ Social Bookmarks service က အခုလို အရောင်ဖျော့လေးတွေ သုံးပြီး funcy ဖြစ်နေစရာ မလိုဘူး၊ မျက်စိထဲမှာ ရှင်းနေဖို့ က အရေးကြီးဆုံးပဲ လို့ ထင်မိတယ်။ စိတ်အထင် Delicious ကို Yahoo က ၀ယ်ထားတာ ဆိုတော့လဲ Yahoo ရဲ့ ထုံးစံ ၊ Yahoo Web Designer တွေ ရဲ့ အကြိုက် အရောင်ဖျော့ဖျော့ တွေ သုံးတာလား မသိဘူး။ Style လုပ်တာ ထင်တယ်။

အခုအသစ် delicious.com ကို တခြားသူတွေရော ဘယ်လို ထင်သလဲဆိုတာ လိုက်ဖတ်ကြည့် ဖြစ်တယ်။ ပုံစံ အသစ်ကို ကြိုက်တယ်၊ မကြိုက်ဘူးမှာ မကြိုက်ဘူး ပြောတာ များနေတာတွေ့ ရတယ်။ User အတော်များများက အရောင်ဖျော့တာကို မကြိုက်တဲ့ အကြောင်း၊ အရင် del.icio.us (v.1.0) အဟောင်း interface က ရှင်းရှင်းလေးနဲ့  သုံးလို့  ကောင်းရဲ့ သားနဲ့  ဘာကြောင့် ပြောင်းရတာလဲ၊ interface လှဖို့ မလိုဘူး၊ သုံးရတာ အဆင်ပြေဖို့ ရိုးရှင်းဖို့ သာ လိုတဲ့ အကြောင်း Google ကို ဥပမာပေးပြီး ပြောထားတာ၊ Site URL ကိုလည်း အရင် del.icio.us ကို တိုလို့ ပိုပြီး ကြိုက်တဲ့ အကြောင်း ရေးထားတာတွေကို Delicious Forum မှာ ဖတ်ကြည့်နိုင်သလို၊ ကိုယ်တစ်ခုခု ရေးချင်တယ် ပြောချင်တယ်ဆိုလဲ အဲဒီမှာ သွားရေးလို့ ရပါတယ်။

ဒါနဲ့  ကျွန်မကို တစ်စုံတစ်ယောက်က del.icio.us အဟောင်းနဲ့  delicious အသစ် ဘာပိုကြိုက်လဲမေးလာခဲ့ရင် အရင် del.icio.us အဟောင်းကို ပိုကြိုက်တယ်လို့  ဖြေမှာပါ။

Links:
What is New in Delicious.com
Delicious Forum

e-Coupons - ndp08 (Singapore)

အလုပ်က စင်္ကာပူရီယမ်း သူငယ်ချင်းတစ်ယောက်ပို့ ပေးတဲ့ e-Coupons တွေပါ။ ၂၀၀၈ ခုနှစ် စင်္ကာပူ အမျိုးသားနေ့  အထိမ်းအမှတ် အနေနဲ့  discount ပေးတာတွေပါ။ ခုလိုပဲ သူငယ်ချင်းတွေ ပို့ ပေးတဲ့ e-Coupons တွေ အီးမေးကနေ ရဖူးပေမယ့် အဲဒီလို e-Coupons တွေကို print လုပ်ပြီး တစ်ခါမှ မသုံးဖူးဘူး။ ဘယ်လို သုံးရမလဲ မသိတာလဲ ပါမယ်။ သူငယ်ချင်းကတော့ပြောတယ်၊ print လုပ်သွား၊ ဒါမှမဟုတ် ဖုန်းထဲ ထည့်သွားပြီး ပြလိုက်၊ ရတယ်တဲ့။ ဟုတ်မဟုတ်မသိဘူး။ ကိုယ်မသုံးတတ်၊ သုံးလေ့မရှိပေမယ့် တစ်စုံတစ်ယောက် အတွက်များ အသုံးဝင်လေမလား ဆိုတဲ့ အတွေးနဲ့  ဒီနေရာမှာ ပြန်ပြီး share လုပ်လိုက် ပါတယ်။

Jurong BirdPack Admission 30% off (1st to 31st August 2008)
Night Safari Admission 50% off (1st to 31st August 2008)
Popular Bookstores (Storewide) 15% discount and HARRIS Books (Storewide) 20% discount (1st July till 30 September 2008)
Gelare Discount - 1st July to 15 September 2008
Outback StreakHouse discount - vaild till 30 September 2008


အပေါ်မှာ ပြောထားတဲ့ e-Coupons ၆ ခုလုံးကို ရယူချင်တယ်ဆို ဒီအောက်က လင့်မှာ ဒေါင်းလုတ်လုပ်ပြီး ယူလို့ ရပါတယ်။

အသုံးမပြုခင် Terms and Conditions လေးကို ဖတ်ကြည့်ကြပါ။ :-)


Good Bye!!!!!

၂၀၀၈ ခုနှစ် ဂျူလိုင်လရဲ့ နေ့ ရက်များသို့ ...
နှုတ်ဆက်လိုက်ပါတယ်..
....
.........
....