Pages

November 12, 2008

Voice and Video Chat in Gmail

ဒီမနက် အိပ်ယာထ သတင်းတွေ လိုက်ကြည့်ရင် Gmail Chat မှာ Voice နဲ့  Video သုံးလို့ ရပြီဆိုတဲ့ အကြောင်း ရေးထားတာ တွေ့ လိုက်ရတယ်။ Gmail ထဲ ၀င်ပြီး Chat ထဲကို sign in ၀င်ယုံနဲ့  အသုံးပြုလို့  မရဘူး။ Plugin တစ်ခု Install လုပ်ဖို့ လိုတယ်။ Plugin install လုပ်ပြီး စမ်းကြည့်ဖြစ်တယ်။ Plugin Install လုပ်ပြီး၊ Browser Restart လုပ်ပြီးရင် Gmail ရဲ့ Setting --> Chat --> Voice and video chat ဆိုတာလေး ပေါ်လာတယ်။ Gmail Chat ထဲမှာ ကိုယ့်နာမည်ရဲ့ ဘေးမှာလည်း Video Icon လေးပေါ်တာတယ်။ ဒါဆို Microphone, Speaker နဲ့ Camera သာရှိမယ်ဆို Voice-Video Feature ကို သုံးလို့ ရပြီ။ နည်းနည်းပဲ စမ်းကြည့်ရသေးတယ်။ Video ကို Full Screen ပြောင်းလို့ရတယ်။အသေးစိတ် သိချင်တယ်ဆို Gmail Official Blog မှာ ဖတ်ကြည့်ပါ။
Official Gmail Blog: Say hello to Gmail voice and video chat
"Gmail voice and video chat" in YouTube
Download Gmail Voice and Video Chat Plugin

Plugin သွင်းထားရက်နဲ့  မမြင်ရဘူးဆိုရင် Tools --> Add-ons ကိုသွားပြီး Plugins မှာ Google Talk ၀င်မ၀င် ကြည့်လို့ ရပါတယ်။ မ၀င်သေးဘူးဆို ပြန်ထပ်သွင်းဖို့ လိုပါတယ်။
ကျွန်မ မနက်ပိုင်း အိမ်မှာစမ်းကြည့်တုန်းက Plugins လည်း Install လုပ်ပြီးသား ဆိုတာ တွေ့ ရက်နဲ့  VDO Chat သုံးမရဘူး။ ရှိသမျှ Browsers (IE,Firefox,Safari,Opera,Chrome) အကုန်စမ်းတယ် မရဘူး။ နောက်တော့ ရှုပ်ပါတယ် ဆိုပြီး ကွန်ပြူတာ restart လုပ်ပြီး Gmail ပြန်ဝင်ကြည့်တဲ့အခါမှာတော့ VDO chat သုံးလို့ ရသွားပါတယ်။ ကျွန်မ ကြုံခဲ့ရတဲ့ အတွေ့ အကြုံပါ။ ကျွန်မ နဲ့ တူတူ စမ်းကြည့်တဲ့ သူငယ်ချင်း ကွန်ပြူတာမှာတော့ Plugins Install လုပ် Browser တွေအကုန် ပိတ်ပြီး ပြန်ဝင်ယုံနဲ့  အဆင်ပြေပါတယ်။

11 comments:

:P said...

ွှ့Thx for sharing.
ကိုယ့်ရုပ်မြင်သွားရင် မိတ်ဆွေပျက်မှာလည်းစိုးကြောက်ပါတယ်..:)))

Anonymous said...

တိုင်းကျူးညီမရေ.. ကျမထက်ငယ်မှာပါ ..:)

jurassic said...

its really cool. thanks for ur sharing u know.:-)

khin oo may said...

Install လုပ်ပြီးပါပြီး ဘာမှလဲ မမြင်ရ။ (ပြောပြီးပြီကော.)

Nay Nay Naing said...

မခင်ဦးမေ မရဘူးဆိုလို့  ပိုစ့်မှာ နည်းနည်း Update လုပ်ပေးလိုက်တယ်။ ဒါနဲ့  အစ်မ VDO chat က Gtalk Application မှာ မရဘူးနော်။ အီးမေးက တစ်ဆင့် ၀င်တဲ့ Gmail Chat မှာ ပဲရတာ။ Plugin သွင်းထားပေမယ့် ကိုယ့်မှာ Webcam မရှိဘူးဆိုရင်လည်း ကိုယ့်နာမည်ဘေးမှာ Camera Icon လေး မမြင်ရဘူး။

Camera မရှိလို့ ပဲဖြစ်ဖြစ်၊ မသုံးချင်လို့ ပဲဖြစ်ဖြစ် Voice Chat ကြီးပဲ သီးသန့် သုံးလို့ လည်း ရပါတယ်။

Anonymous said...

ကျေးဇူးမမ။

Anonymous said...

ဟုတ်ကဲ့ စမ်းကြည့်ပြီးသွားပါပြီ...အာလုံးအဆင်ပြေပါတယ်..IE မှာရော firefox မှာရော ရပါတယ်...voice တော့ နည်းနည်း delay ဖြစ်ပါတယ်...ဘာပဲဖြစ်ဖြစ် အခုလို အသစ်အဆန်းမျိုးကို ပထမဆုံးသိခွင့်ရတဲ့ အတွက် အများကြီးကျေးဇူးတင်ပါတယ်...ဘယ်သူမှမသိကြသေးဘူးလေ...သူငယ်ချင်းတွေကိုကြွားလို့ ရတာပေါ့..:D အဲဒါကြောင့်ပြောတာပေါ့ မနေနေနိုင်က အရမ်းကိုတော်ပါတယ်လို့ ဟုတ်တယ်ဟုတ်.....:D
နောက်ထပ်အသစ်အဆန်းတွေရင်လည်းဝေမျှပေးပါအုံးနော်...

Nay Nay Naing said...

ကျွန်မလည်း တခါပဲ စမ်းကြည့်ရသေးတယ်။ အသံ နည်းနည်း delay ဖြစ်တယ်ဆိုတာ ကျွန်မ သတိမထား မိလိုက်ဘူး။ Video ကတော့ Skype လောက်မကြည်တာကို သတိထားမိလိုက်တယ်။ စမ်းတာလဲ ၁-၂ မိနစ်ပဲ ဆိုတော့ ကိုယ့် ကွန်နက်ရှင်ကြောင့်လား၊ ဘာကြောင့်လည်း ဆိုတာ သေချာ မပြောနိုင်လို့  ဘာမှ ထည့်မရေးလိုက်တာ။
နောက်ထပ်ရေးဖို့ တော့ အထွေအထူး တိုက်တွန်းစရာတောင် မလိုဘူး။ များများ ရေးစေချင်ရင်၊ ကျန်းမာရေး ကောင်းနေပါစေ၊ စိတ်ကြည်လင်နေ ပါစေ၊ အလုပ်အရမ်းမရှုပ်ပဲ စာဖတ်ဖို့ အချိန်ရပါစေ၊ ဘလော့ရေးဖို့ အချိန်ရပါစေ လို့ ဆုတောင်းပေး။ :D

ူဒီနေရာကို အမြဲလာဖတ်၊ ကွန်မန့် တွေ ထားခဲ့ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ :-)

Unknown said...

hello sis
i can't see myself in webcam but i can see another that i chat with.
i can only see my status pic in webcam.
Why????
:(

Anonymous said...

အမလဲ အင်စတောလုပ်ကြည့်တာ ရသွားပြီ ကျေးဇူးတင်တယ်။ ဒီပို့စ်ကို ဖတ်ပြီးလုပ်တာလေ။ ခင်မင်စွာဖြင့်
အမခင်မင်းဇော်

Nay Nay Naing said...

ကိုဝင်းထက် >> Setting --> Chat --> Verify your settings ကို သွားပြီး Webcam စမ်းကြည့်ပါလား။

အမခင်မင်းဇော် >> ဒီပိုစ့်လေး အသုံးဝင်သွားကြောင်း ကွန်မန့် ချန်ပြီးပြောခဲ့တာ ကျေးဇူးပါ အမ။