Pages

November 20, 2008

Gmail Themes and Nay Pyi Taw is not a vaild City

ဒီနေ့ မနက် အရင်နေ့ တွေကလိုပဲ စောစော အိပ်ရာနိုးတာ နဲ့  ပထမဆုံးလုပ်တဲ့ အလုပ်က ကွန်ပြူတာရှည့် ထိုင်ပြီး အင်တာနက်ပေါ်က သတင်းတွေ လိုက်ဖတ်တဲ့ အလုပ်ပါပဲ။ မြန်မာပြည်နဲ့  ပတ်သက်တဲ့ သတင်းတွေ အရင်ဖတ်တယ်.. ပြီးတော့ Technical News တွေ ဖတ်ဖြစ်တယ်။ Gmail ရဲ့ Offical Blog အရောက်မှာ Gmail ကို အရင် အဖြူအပြာ ရိုးရှင်းရှင်း ပုံစံမဟုတ်ပဲ ကိုယ့်စိတ်တိုင်းကြ Themes ပုံစံပြောင်း မျိုးစုံး ပြောင်း သုံးနိုင်ပြီ ဆိုတဲ့ သတင်းတွေ့ လိုက်ရတယ်။
စိတ်ဝင်စားဖို့ ကောင်းတာ တစ်ခုက တချို့  Themes တွေဟာ ကိုယ်နေတဲ့ နေရာရဲ့ အချိန် (နေ၀င်ချိန်၊ နေထွက်ချိန်) နဲ့ ရာသီဥတု ကိုလိုက်ပြီး အလိုလိုပြောင်းလဲ ပေးနိုင်တယ်လို့  သိရတယ်။ Themes တိုင်းတော့ မဟုတ်ဘူး။ အဲလို Themes မျိုးပြောင်းထားဖို့  ပုံပေါ်မှာ Click လုပ်လိုက်ရင် ကိုယ်နေတဲ့ နိုင်ငံ နဲ့  မြို့ ကို ထည့်ခိုင်းပါတယ်။ နိုင်ငံပဲ ထည့်ပြီး မြို့ မထည့်ဘူး ဆိုရင်၊ ဒါမှမဟုတ် မှားထည့်မယ်ဆိုရင် အဲဒီနိုင်ငံရဲ့ မြို့ တော် (Capital City) ကို ယူမယ်လို့ သိရတယ်။ ကျွန်မတို့  နိုင်ငံကိုလည်း ရွေးလို့ ရတယ်။ Country/Reagion မှာ Myanmar(Burma) ဆိုပြီးပါတယ်။

ကျွန်မ သတိထားမိတာ တစ်ခုလည်း ရှိသေးတယ်။ ကျွန်မ Google Themes ကို ရွေးတဲ့ အခါ Country/ Reagion မှာ Myanmar(Burma) ရွေးပြီး City မှာ Rangoon နဲ့  Yangon ဆိုပြီး နှစ်ခု ထည့်ကြည့် လိုက် ပါတယ်။ Google က Rangoon နဲ့  Yangon နှစ်ခုလုံးကို အမှန်အဖြစ် လက်ခံတယ်။ ဒါနဲ့  Nay Pyi Taw (NayPyiTaw) ဆိုပြီးလည်း ထည့်ပြီး စမ်းကြည့်ရော.. ထည့်လို့ မရဘူးရှင့်။ Warning Sign ကြီး နဲ့  Nay Pyi Taw is not a vaild City လို့ပြနေတာကို တွေ့ လိုက်ရပါတယ်။ သေချာအောင် ထပ်ပြောမယ်.. ဒါ ကျွန်မ ပြောတာ မဟုတ်ဘူးနော်၊ Gmail Themes ရဲ့ Setting မှာ ဘယ်လို ပြတယ် ဆိုတဲ့ အကြောင်းကို ပြောပြတာပါ။ မယူံဘူးဆို အောက်က ပုံတွေမှာ ကြည့်နိုင်တယ်။

ကျွန်မတို့ ရဲ့ အုပ်ချုပ်ရေး မြို့ တော်နာမည်ကို စာလုံးပေါင်းမှား နေလို့ များ မသိတာလားဆိုပြီး မျိုးစုံထည့်ပြီး စမ်းကြည့် ပါသေးတယ်။ Nay Pyi Taw လည်း မသိ၊ NayPyiTaw ဆိုလည်း မသိ၊ Nay Pyi Daw လည်း မသိ၊ NayPyiDaw ကိုလည်း မသိဘူး။ နေပြည်တော်လို့  မြန်မာလို ထည့်ရင် သိမလား ထပ်စမ်းကြည့် တော့လည်း မသိ။ ဒါနဲ့ .. နောက်ဆုံးမှာတော့ Google ဟာ မြန်မာနိုင်ငံ ရဲ့ မြို့ တော် အဖြစ် ရန်ကုန် မြို့ တစ်မြို့ ထဲကိုသာ သိရှိပြီး၊ နေပြည်တော် ဆိုတာကို ဘာမှန်း မသိကြောင်း လက်ခံလိုက်ရပါတော့တယ်။ Google လိုသေးတယ်....

Themes ကိုရွေးတဲ့ အခါ Location တစ်ကြိမ် ရွေးဖူးတယ်ဆို နောက်တခါ Themes ပြောင်းတဲ့အခါ အပေါ်ကလို Window လေး နဲ့  ထပ်မမေးတော့ပါဘူး။ အရင်ထည့်ထားတဲ့ Location ကိုပဲ Default ယူသွားပါတယ်။ အရင်ထည့်ထားတဲ့ Location ကို မကြိုက်လို့  နောက် တစ်ခုပြောင်းချင်တယ်ဆို ပြောင်းလို့ ရတဲ့ နည်းကတော့ ပြထားတဲ့ ပုံတွေရဲ့ အောက်ဆုံး နားမှာ Your location is set to Blah Blah. Changeဆိုတာလေး Change ကို Click လုပ်ပြောင်းနိုင်ပါတယ်။

ကိုယ့်ရဲ့ Gmail Themes ကို ပြောင်းချင်တယ်ဆို Themes tab under Settings မှာ ပြောင်းလို့ ရပါတယ်။ ဒါပေမယ့် တချို့ လူတွေရဲ့ Gmail မှာ အဲဒီ Themes ဆိုတဲ့ Tab တွေ့ ရမှာ မဟုတ်ပါဘူး။ ငါ့ Gmail ဘာဖြစ်တာလဲ၊ Browser တစ်ခုခု ဖြစ်တာလား၊ ဒါမှမဟုတ် ကျွန်မ မရသေးတာတွေ လျှောက်ပြောနေတယ်၊ မဟုတ်တာတွေ ရေးတယ်လို့ မထင်လိုက်ကြ ပါတယ်။ အခုအချိန်မှာ ဒီ Themes Feature ကို တချို့  Gmail တွေမှာပဲ ရပါသေးတယ်။ ကျွန်မမှာရှိတဲ့ Gmail နှစ်ကောင့်မှာ တစ်ကောင့်မှာပဲ Themes ပြောင်းလို့ ရပြီး တခြား တကောင့်မှာ မရသေးပါဘူး။ ကိုယ့် Gmail ကို ၀င်လိုက်ရင် Themes ပြောင်းလို့ ရတဲ့ Account ဆို ပုံစံလေး နည်းနည်း ကွာနေတယ်။ မရတဲ့ Account ဆိုရင်တော့ မူလပုံစံအတိုင်းပေါ့။
Gmail Account တိုင်းမှာ အဲဒီ Themes Feature မရသေးပါဘူးဆိုတဲ့ အကြောင်းကို Gmail Blog ပိုစ့်မှာလည်း ပြောထားပါတယ်။ ဒါပေမယ့် နောက် ရက်အနည်းငယ် အကြာမှာ Gmail Account တိုင်းမှာ အဲဒီ Themes Feature ရမယ်လို့  သိရပါတယ်။ ဒီတော့ အခု ကိုယ့်ရဲ့ Gmail မှာ Themes Features မရသေးဘူးဆို .. မကြာမီ လာမည် မျှော်....

Links: Official Gmail Blog: Spice up your inbox with colors and themes
Click here to Go Gmail --> Setting --> Themes
Customize the look and feel of your Gmail account

10 comments:

:P said...

ဆိုးတဲ့ ဂျီမေးလ်....:P:P:P
မကြာမီ လာမည်ကို မျှော်နေပါသည်။

Anonymous said...

ဟုတ်တယ် ကျနော့် ဂျီမေးအကောင့် ၂ခုမှာလည်း တခုမှာပဲ ပေါ်တယ်.နောက်တခုမှာမပေါ်ဘူးးး..
အခုတလော ဂူဂဲ တော်တော်သွက်နေတယ်နော်..
:D
နောက်ဘာတွေလာအုံးမလဲမသိဘူးး...

kay said...

ဒီဟာလေးဖတ်ပြီး ပြုံးမိတယ်။

shin said...

Ha Ha... Nay Pyi Daw is not a valid city...love it...

ThuHninSee said...

ဖတ်ပြီး ပြုံးမိသွားတယ်။
နောက် ဂျီမေးလ်မှာ Themeတွေ့လို့
ပျော်သွားတယ်။ Ninjaပုံလေးရွေးလိုက်တာ
ချစ်စရာလေးမို့ ကြည်နူးသွားတယ်။
:P

papara said...

Nay Pyi Taw is a valid city
Gmail is so cute and so love....

ကိုပေါ said...

ဘာဖြစ်လို့ Valid မဖြစ်တာလဲမသိဘူးနော်။ လူထုဆန္ဒခံယူပွဲရလဒ်လိုများလားမသိ။

Steve Evergreen said...

Traditionally Nay Pyi Taw is the place where Queen or King resides. But there is no such person in so-called Nay Pyi Taw. The intelligent google is aware that fact, saying not a valid city, I think.

မောင်ပိစိ said...

သဘောအရမ်းကျသွားဘီ.. ဒီဆိုဒ်ကလေး
အရမ်းကောင်းတယ်.. စီပုံးမတွေ့လို့ ဒီမှာပဲ အော်မယ်နော့်
tech, life, ကဗျာတွေ, စာပေ, သီချင်း တော်တော်စုံစုံလင်လင်နဲ့ မိုက်တယ်..
တော်တော်များများထိ ဖတ်သွားမိတယ်..
တခါမှ ခုလိုပြောဖူးတာမဟုတ်..
တကယ် ဘဘောကျလို့ ပြောမိသွားတာ..
have a nice day. :)
I will keep in touch.

Nay Nay Naing said...

နောက်တစ်ရက်မှာပဲ Gmail အကောင့်အားလုံး Themes ပြောင်းလို့ ရသွားတယ်။ နေပြည်တော်က ဘာလို့  valid မဖြစ်တာလဲ ဆိုတာ ကျွန်မ မသိဘူး.. မသိဘူး.. လုံးဝ လုံးဝ မသိဘူး...

အရမ်းကောင်တယ်ပြောသွားတဲ့ ကိုမောင်ပိစိ... အားပေးတာ ကျေးဇူးပါ။