Pages

September 05, 2008

အချိန် နဲ့  နေရာ

ငါသိပ်ချစ်မိတဲ့ မင်းအနားကို ဘယ်လိုရောက်မလဲ မမြဲတမ်းတွေးလို့ ...

ဘယ်အချိန်ဆုံမှာလဲ (ဘယ်အချိန်ဆုံမှာလဲ)
ဘယ်နေရာမှာတွေ့မလဲ (ဘယ်နေရာမှာတွေ့မလဲ)


အချိန်နဲ့  နေရာ


မင်းပြောထားတဲ့အချိန်လေးတွေ ရောက်ဖို့
အဝေးကြီးထဲက မျှော်လင့်နေလို့
ခံစားချက်တွေ အလွန်အကျွံပါ အချစ်ရာ
နှလုံးသားထဲက တစ်ယောက်တည်းသူမို့
နေနဲ့ ညတို့ စိတ်ကူးယဉ်လို့
ကိုယ့်အတွေးထဲတောင် ပျော်တာပါ အချစ်ရာ

ဘယ်အချိန်ဆုံမှာလဲ ဘယ်နေရာမှာတွေ့မလဲ
ယုံကြည်သူရင်ထဲ မျှော်လင့်ချက်ကြီးလွန်းခဲ့
ဘယ်နေရာမှာတွေ့မလဲ ဘယ်အချိန်ဆုံမှာလဲ
မရေရာပေမယ့်လည်း မျှော်လင့်ချက်အများကြီးနဲ့

ဘယ်လိုဖြစ်ဖြစ် မင်းနဲ့တွေ့နိုင်ဖို့ဆိုရင်
ဘယ်နေရာရောက်ရောက် အမြဲ ကိုယ်ကြိုးစားသွားမှာပါ

ဘယ်အချိန်ဆုံမှာလဲ (ဘယ်အချိန်ဆုံမှာလဲ)
ဘယ်နေရာမှာတွေ့မလဲ (ဘယ်နေရာမှာတွေ့မလဲ)
ယုံကြည်သူရင်ထဲ မျှော်လင့်ချက်ကြီးလွန်းခဲ့
ဘယ်နေရာမှာတွေ့မလဲ (ဘယ်နေရာမှာတွေ့မလဲ)
ဘယ်အချိန်ဆုံမှာလဲ (ဘယ်အချိန်ဆုံမှာလဲ)
မရေရာပေမယ့်လည်း အိပ်မက်တို့အများကြီးနဲ့ ...


City FM Live Show (II) မှာ ပါတဲ့ မျိုးကျော့မြိုင်နဲ့  ကြည်လဲ့လဲ့ဦး သ်ီဆိုထားတဲ့ အချိန်နဲ့  နေရာ။ သီချင်းရေးသူက ဆောင်းဦးလှိုင်။ မျိုးကျော့မြိုင် နဲ့  ကြည်လဲ့လဲ့ဦး နှစ်ယောက် စုံတွဲ သီဆိုထားတဲ သီချင်းကို နားထောင်ရင်း ဒီသီချင်းကိုပဲ တခြားအဖွဲ့ တစ်ခု ဆိုထားတာ ရှိတယ်ဆိုတာ သတိရသွားတယ်။ သီချင်းက ကိုယ့်စီမှာ ရှိနေပေမယ့် ဘယ်သူတွေ ဆိုထားမှန်းမသိလို့  အတော်လိုက်ရှာ လိုက်ရတယ်။ ဟိုလူ့ မေး ဒီလူ့ မေးပေါ့။ နောက်ဆုံးမှ "ဟိုတုန်းကထက် ပိုချစ်မယ်" အခွေထဲမှာ ပါတာဖြစ်ပြီး အခွေကာဗာ အရဆို အဲဒီ အချိန်နဲ့ နေရာ သီချင်းကို မေနန်းခေါင် နဲ့  ရဝေ ဆိုထားတာမှန်း သိလိုက်ရတယ်။
အချိန် နဲ့ နေရာ (ဟိုတုန်းကထက် ပိုချစ်မယ်)

သေချာနားထောင်ကြည့်တော့ ဒီသီချင်းနှစ်ပုဒ်မှာ စာသား နည်းနည်းကွာတာ တွေ့ ရတယ်။ အဝေးကြီးက မျှော်လင့်နေလို့  .. အစောကြီးထဲက မျှော်လင့်နေလို့ ... နှစ်ခုလုံး တမျိုးစီ နားထောင်လို့ ကောင်းပါတယ်။ ဒါပေမယ့် မျိုးကျော့မြိုင်နဲ့  ကြည်လဲ့လဲ့ဦး ဆိုထားတာကို ပိုပြီးကြိုက်တယ်။

Credit to Ma May(EmotionalCorner)

Update: ရှိသမျှ ဗားရှင်း အားလုံး နှိုင်းယှဉ် နားထောင်ကြည့်လို့ ရအောင်လို့  ဆောင်းဦးလှိုင် ဆိုထားတဲ့ ဗားရှင်းကိုပါ တင်ပေးလိုက်ပါတယ်။ အချိန်နဲ့ နေရာ - ဆောင်းဦးလှိုင် ( "အဖြူရောင် သီချင်း" မှ)

5 comments:

မေ said...

စစခြင်းတုန်းက ဆောင်းဦးလှိုင် ဆိုထားတာ။ ပြန်မရှာကြည့်ရသေးလို့ တယောက်ထဲလား စုံတွဲလား မမှတ်မိတော့ဘူး။ အားလုံးထဲမှာ မျိုးကျော့မြိုင်တို့ ဆိုထားတာလေး အကောင်းဆုံးပဲ။ :)

Nay Nay Naing said...

ဆောင်းဦးလှိုင် ဆိုထားတာ မမှတ်မိဘူး။ မမှတ်မိဆို သူ့ သီချင်းတွေ သိပ်မှ မသိတာ။ မမေ ပြောလို့  လိုက်ရှာကြည့်လိုက်မှ "အဖြူရောင် သီချင်း" အခွေမှာ ပါတာမှန်း သိလိုက်ရတယ်။ အခု နားထောင်ကြည့်နေတာ မျိုးကျော့မြိုင်တို့  ဆိုထားတာကို ပိုကြိုက်တယ်။ မမေ တင်ပေးတဲ့ နေရာတွေကနေပြီး သီချင်းတွေ မမြဲ ဒေါင်းလုတ်လုပ်ဖြစ်တယ်။ ကျေးဇူးပါပဲ မမေ.. :)

Anonymous said...

ဟိုးတုန်းကထက်ပိုချစ်မယ် ဗားရှင်း ကိုခုမှ နားထောင်ဖူးတယ် မနေ၊
၂ ခုလုံးကြိုက်တယ်။ဒါလေးလဲ တမျိုးလေးပဲနော် ၊ ရှဲရှဲစစ်။

Anonymous said...

ဒီသီချင်းကို စစချင်းနားထောင်ဖူးတာ ဆောင်းဦးလှိုင်ဆိုတာ..
နောက်မျိုးကျော့မြိုင်ဆိုတာကိုနားထောင်ရတယ်.. အကုန်ကြိုက်တယ်..

ဟိုတုန်းကထက် ပိုချစ်မယ် version ကိုခုမှနားထောင်ဖူးတယ်.. ကျေးဇူး မနေ..း)

မိုးကြယ်

Nay Nay Naing said...

ညီမ ရှင်မင်း နဲ့  မိုးကြယ်..
သီချင်းလေးတွေ ကြိုက်တယ် သိရလို့  ၀မ်းသာပါတယ်။ အပင်ပန်းခံပြီး တင်ရကြိုးနပ်သွားတယ်။ ဒီသီချင်းတွေ upload လုပ်တာ အင်တာနက်ကွန်နက်ရှင်ပြတ်သွားလို့  အတော်လေး ကြိုးစားတင်လိုက်ရတာ။ မှတ်မှတ်ရရရပါပဲ။