Pages

September 26, 2008

ရေလိုက် ငါးလိုက် - စိုင်းထီးဆိုင်

ဒီသီချင်းကို ငယ်ငယ်ကတည်းက ကြိုက်ခဲ့တယ်.. အခုလည်း ကြိုက်နေတုန်းပဲ...

ရေလိုက် ငါးလိုက် - စိုင်းထီးဆိုင်
အဆင်ပြေသလိုသာ နေလာခဲ့ တို့ မှာ အစဉ်အလာခိုင်မြဲလို့ 
ကြာလာတာ့ ချောင်းကို မြစ်ဖြစ်တော့မယ်
ရှင်သန်ရုံသာ ရှင်သွားရင် .. ဘ၀ရေတိမ်မှာနစ်မွန်းပေါ့
ကိုယ်နဲ့မင်းပြောင်းပြန်လုပ်ရဲ မှာလား

တော်ရုံတန်ရုံ သတ္တိသွေး တွေးယူရုံနဲ့ မရဘူးဟေ
ရင်ကမွေး လက်ကကျွေး ချစ်ပြီး မှ..
မောင်သာ ဖုံထူ ချောင်တစ်ခုမှာ
ပစ်ကာ ပေရေသံချေးတတ်
ပြန်ဖော်စမ်း တို့ ဟိုတုန်းကအိပ်မက်

နေခြည်ဝင်းသလို ရှင်းရှင်းပဲ လျှပ်ရောင်ပျက်သို့ တက်ကနဲ့ ပဲ
အဆင်းနဲ့ အချင်းနီးစပ်ရင်း ကွဲကွာလာ
နောက်သံသရာအထိ ဆက်လက်ပြီး
နောက်ဆို ဒီလိုဘယ်တော့မှ ရွှေချည်ကြိုးဆွဲရာ မကပါရစေနဲ့ 

ကြည်ဖြူစွာလေ လက်တွဲခဲ့ ခုလည်းပြေလည်နေဆဲပဲ..
ဒါပေမယ့် ချစ်ရုံနဲ့  မပြီးဘူးကွယ်
ကြင်နာစွာလေ ဆိုဖူးတဲ့.. ဂတိတွေပြန်လည်ကာကြားရင်
နာကျင်ခြင်း အသိတွေနဲ့  ရှက်နေမယ်
ဘယ်အရာလွန်တာ ဘယ်သူ့ အပြစ် .. မရရင် ကံသာပုံချလိုက်
အယုံလွန်သူကို ချော့ရင်တော့ ပျော့စမြဲပေါ့
တကယ်ဆို ကိုယ်ဟာ ယောက်ျားပါ..
အားမာန်တွေလည်း ပြည့်စွမ်းတုန်း ဆင်ခြေပေးတဲ့ လူစားမဟုတ်ရဘူး

ဒီတစ်ခါ နောက်မကျသေးဘူးဟေ့ ကိုယ့်မှာ ပြင်ဆင်ချိန်ရတုန်း
ကိုယ့်ရဲ့ နှလုံးသွေးတွေ စွေးစွေးနီစေ
နောင်ကိုကြုံလာမယ့် အခက်အခဲ ကြိတ်ကာ ရင်ဆိုင်ဖြေရှင်းမယ်
ရေလိုက်ငါးလိုက် ဘ၀မျိုးမကတော့ဘူး

နေခြည်ဝင်းသလို ရှင်းရှင်းပဲ လျှပ်ရောင်ပျက်သို့ တက်ကနဲ့ ပဲ
အဆင်းနဲ့ အချင်းနီးစပ်ရင်း ကွဲကွာလှ
နောက်သံသရာအထိ ဆက်လက်ပြီး
နောက်ဆို ဒီလိုဘယ်တော့မှ ရွှေချည်ကြိုးဆွဲရာ မကပါရစေနဲ့ 

ငယ်ငယ်တုန်းက ပထမဆုံး ကြိုက်ခဲ့တဲ့ အဆိုတော်ကို ပြောပါဆို စိုင်းထီးဆိုင်လို့ ပြောရမယ်။ ကျွန်မ အစ်ကိုက စိုင်းထီဆိုင် ကြိုက်တော့ ထွက်သမျှ အခွေဝယ်တယ်။ သူလုပ်သမျှ လိုက်လုပ်တတ်တဲ့ကျွန်မ သူနားထောင်သမျှ သီိချင်းအကုန် လိုက်နားထောင်တယ်။ အစ်ကိုလိုပဲ မိန်းကလေး ဆိုတဲ့ သီချင်းကို လုံးဝ နားမထောင်တာ အတော်အသက်ကြီးတဲ့ အထိပဲ။ ငယ်ငယ်တုန်းက စိုင်းထီဆိုင် သီချင်းအတော်များများကို ကြားသမျှ လိုက်အော်ဆိုနေကြပေါ့။ နောက်နည်းနည်း အသက်ကြီးလာတော့ သီချင်းဆို လုံးဝ မဆိုတော့ဘူး။ လိုက်တောင် မအော်တော့ဘူး။ သီချင်းလိုက်အော်မိတိုင်း အဖေက သမီး မဆိုရင် မုန့် ဖိုး ဘယ်လောက်ပေးရမလဲတဲ့. မောင်နှမတွေကလည်း တော်ပါတော့ ဆိုပြီး ၀ိုင်းအားပေးကြတယ်လေ။ အမေတစ်ယောက်တည်းကသာ ရီနေတယ်။ နောက်ပိုင်းလည်း တခါတလေ ယောင်ပြီး သီချင်းနည်းနည်း လိုက်ဆိုမိရင်.. အားပေးတဲ့ သူတွေ ရှိနေတယ်။ ဘယ်သူတွေလဲတော့ မပြောတော့ဘူး။

အခု ဒီသီချင်း ဒီမှာတင်မယ် စိတ်ကူးမှ အသေအချာလိုက်နားထောင်ပြီး ချရေးတဲ့ အခါမှ ကိုယ်ငယ်ငယ်က ဆိုခဲ့တာတွေက နည်းနည်းလွဲနေတယ်ဆိုတာ သိလိုက်ရမယ်။ အခုရေးသမျှလည်း ဘယ်လောက်မှန်မလဲ မသိဘူး။ မှားတာတွေ့ ရင် ပြင်ပေးခဲ့ပါ။ ကျေးဇူးတင်ပါတယ်။ ဟိုတစ်ခါပြောဖူးသလို သီချင်းဆိုသံကို နားထောင်ပြီး လိုက်ချရေးရတဲ့ အထဲမှာ စိုင်းထီဆိုင်ဆိုတဲ့ သီချင်းတွေက အခက်ဆုံးပဲ။ ကိုယ်ကပဲညံ့ တာလားမသိ... သီချင်းစာသား အတိအကျကို နားမလည်ခဲ့တာလား၊ ဂရုတစိုက် နားမထောင်ခဲ့တာလား... ဘာကြောင့်မှန်းတော့ မသိဘူး.. ဒီအတိုင်း နားထောင်နေတုန်းကတော့ ဟုတ်နေသလိုပဲ။

6 comments:

Anonymous said...

:) ဟုတ်တယ်ဗျ ။ မှားတယ်ရယ်လည်း မဟုတ်ဘူး ။ နည်းနည်းလေးတွေ လွဲနေတာလေးတွေပါ ။ သီချင်းနားထောင်ရင်းနဲ့ စာသားလေးတွေ သေချာ ပြန်လိုက်ဖတ်ကြည့်ရင် တွေ့ပါလိမ့်မယ် ။ ဒီသီချင်းလေးအတွက် ကျေးဇူးပါ ။

Anonymous said...

ကောင်းတယ် အရမ်းကြိုက်တယ်။ စာသားတွေက
အဓိပ္ပာယ် ရှိတယ်။

Anonymous said...

ငယ်တုန်းက သူ့သီချင်းနားမထောင်ပဲ မအိပ်ခဲ့တဲ့ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ဖူးတာ ခုတော့ အိပ်မက်လိုဖြစ်နေပြီ သီချင်းတွေနဲ့ ဝေးခဲ့တာ ခု ပြန်ဖတ်ရလို့ ကျေးဇူးတင်ပါတယ် ကိုယ်နဲ့မင်းပြောင်းပြန်လုပ်ရဲမှာလား လို့ မှတ်မိနေတယ်
နေခြည်ဝင်းသို့ ရှင်းရှင်းပဲ လျှပ်ရောင်ပြက်သို့လက်ကနဲပဲ ပါ
စာလုံးပေါင်းမှားတာလေးတွေက ရုပ်ဆိုးနေလို့ ထောက်ပြရင် စိတ်မဆိုးဘူးထင်ပါတယ် ရှင်သန်ရုံ တော်ရုံ ဖုံထူ ချောင်းကိုပစ် လို့ စာလုံးပေါင်းပါတယ်

JulyDream said...

ကျွန်တော် အဲဒီသီချင်းကို ဒီ Post မှာ ရေးဖူးတယ်။ မနေ ရေးထားတာနဲ့ သီချင်းစာသား သိပ်မတူဘူးခင်ဗျ။ မနေနဲ့တော့ အကြိုက်ချင်း တူပါတယ်။

Nay Nay Naing said...

ပြင်ပေးသလို ဆိုခဲ့ဖူးတယ် ထင်တယ်.. ဒါပေမယ့် နားထောင်ကြည့်တော့ တမျိုးကြားနေလို့ ကြားတဲ့အတိုင်းရေးလိုက်တာ...
စားလုံးပေါင်းပြင်တာကို စိတ်မဆိုးပါဘူး.. ကျေးဇူးတောင် တင်ပါသေးတယ်.. ကျွန်မက စာရေးရင် သတိထားမိရင် နည်းနည်းတော်သေးတယ်.. ဒီတိုင်းသာ ချရေးလိုက်လို့ ရတော့ စာလုံးပေါင်းက မှားသလားမမေးနဲ့  :-)..

Anonymous၊ မုဒိတာ နဲ့  ဒီနေရာမှာ သီချင်းကြိုက်တာချင်းတူသွားတဲ့ Link ပေးခဲ့တဲ့ JulyDream.. ကိုလည်း ကျေးဇူးတင်ပါတယ်။ JulyDream ရဲ့လင့်ကိုလည်း သွားကြည့်ဖြစ်တယ်။ :-) အခု အတော်လေး အိပ်ငိုက်နေလို့  အိပ်တော့မယ်.. ကောင်းသောညပါ။

khin oo may said...

အမေရိကား က တို.သူငယ်ချင်း က လည်း သိတ် ကြိုက်တာ. ..သူအမြဲ ဖွင်.တော. အမေရိကား မှာ မွေးတဲ့ သား ပိစိ လေး က စိုင်းထီးဆိုင် သီချင်း ကို ဆို ညည်းတတ်တယ်။ ဂျိတ်းဖော သ……….ဂျိန်းဖောသူ ……….ဆိုပြီး….