Pages

September 03, 2008

My New Default Browser in Windows

ဒီနေ့ အတွက် Internet ပေါ်မှာ Hot အဖြစ်ဆုံး သတင်းကို ပြောပါဆို ဒီနေ့  (2 Sept 200) မှာ Google ကနေ new browser (Google Chrome) ထုတ်မယ် ဆိုတဲ့ သတင်းက Hot အဖြစ်ဆုံး လို့ ပြောရမယ် ထင်တယ်။ ဖတ်နေကြ Technical နဲ့  ဆိုင်တဲ့ Websites တိုင်းမှာ ဒီသတင်းကို တွေ့ နေရတယ်။ Google က Browser လောကထဲက ၀င်လာပြန်ပြီ။
Google ဆိုတာ နဲ့  လူတိုင်းက စိတ်ဝင်စားပြီးလာပဲလေ။ Google ရဲ့ products တွေဆို လူအများစုက နှစ်သက်ကြတယ်။ Google ဆိုတာ နဲ့  ကောင်းမှာပဲ ဆိုတဲ့ positive အမြင်တစ်ခု ဖြစ်အောင် လုပ်ထားနိုင်တယ်။ လူတွေ စိတ်ဝင်စားမှု့ ကို ရအောင်၊ လူတွေ နှစ်သက်အောင်၊ အသုံးပြုချင်လာအောင်လည်း Google က စွဲဆောင်နိုင်တယ်။ အခု Google Chrome ကို စပြီး လူတွေနဲ့  မိတ်ဆက်ပေးပုံကိုပဲ ကြည့်လေ။ ထူးထူးဆန်းဆန်း Comic Book ပုံစံနဲ့ ။

စာအုပ် ထဲမှာ Chrome ရဲ့ ရည်ရွယ်ချက်၊ ပါဝင်မယ့် Features တွေ နဲ့  တခြား Technical အကြောင်းအရာ တွေကို ရှင်းပြထားတယ်။ စာတွေကြီးပဲ ပျင်းတာနဲ့  ပြီးအောင် ဖတ်ဖြစ်မှာ မဟုတ်ဘူး။ ပုံလေးတွေနဲ့ ဆိုတော့ ဖတ်ဖြစ်သွားတယ်။ အဲဒီလို ဖတ်ဖြစ်သွားတော့ Chrome Browser ကို ပိုပြီး စိတ်ဝင်စားသွားတယ်။ အခု Google Chrome ထွက်တာနဲ့  ဒေါင်းလုတ်လုပ်ပြီး စမ်းသုံးဖြစ်တယ်။ တချို့  Features တွေကို စမ်းကြည့်ဖြစ်တယ်။ Features ဆိုလို့  Google က Firefox မှာပါတဲ့ ကောင်းတဲ့ Features တွေကို Chrome မှာလည်း ထည့်ထားတယ်လို့ ပြောထားတယ်။


Chromes မှာ စိတ်ဝင်စားဖို့ ကောင်းတာတွေ အများကြီးပဲ။ အသေးစိတ်ကိုတော့ စမ်းမကြည့်နိုင်သေးဘူး။ စိတ်ဝင်စားလွန်းလို့ သာ သန်းခေါင်းကျော် တရေးနိုးလာချိန်မှာ ပြန်မအိပ်သေးပဲ Chrome Browser ကို Download လုပ် သုံးနေတာမိတာ။ ပြန်အိပ်ရအုံးမယ်။ အခု သုံးကြည့်သလောက်တော့ မြန်တယ်၊ သုံးရတာ သဘောကျတာနဲ့  Default Browser အဖြစ် ပြောင်းထား လိုက်တယ်။ ဒါမှလဲ ဘာတွေ ကောင်းသလဲ ဘာတွေမှာ ပြဿနာရှိတယ် ဆိုတာ ပိုသိနိုင်မှာ။
ဒီနေ့  ထွက်တဲ့ OpenSource Google Chrome Browser က Windows User တွေ အတွက် Version (Beta) ပါ။ Windows OSes အကုန်မှာ သုံးလို့ မရဘူး၊ Windows Vista နဲ့  Window XP နှစ်မျိုးမှာပဲ သုံးလို့ ရတယ်။ Mac နဲ့  Linux users တွေအတွက် version က မထွက်သေးဘူး။ ဘယ်တော့ထွက်မလဲ သိချင်တယ် ဆိုရင် Chrome Download Page မှာ Sign Up လုပ်ပြီး သတင်းတွေ စောင့်ဖတ်ပါလို့ ပြောထားတယ်။ အဲဒီကိစ္စနဲ့  ပတ်သက်ပြီး Mac နဲ့  Linux Users တွေက Complain တက်နေတာတွေ ဖတ်လိုက်ရတယ်။ ဟုတ်တော့ ဟုတ်ပါတယ်။ Windows အတွက်ပဲ အရင်ထုတ်မယ့် အစား Windows , Mac, Linux user အားလုံးအတွက် တပြိုက်နက် သုံးလို့ ရအောင် ထုတ်ပေးရင် ပိုပြီး ကောင်းမယ် ထင်တယ်။ အခုဆို Linux သုံးနေတဲ့အချိန်တွေဆို Chrome သုံးမရတော့ဘူး။ Mac ကတော့ ကိစ္စမရှိဘူး။ ကိုယ့်မှာမှ Mac Computer မရှိတာ။ သိပ်မကြာခင်အချိန်မှာတော့ Mac နဲ့  Linux users တွေအတွက် Chrome Browser ထွက်လာမယ်လို့  မျှော်လင့်မိပါတယ်။

Chrome Browser ကို သုံးပြီး မြန်မာဆိုဒ်တွေ လျှောက်ကြည့်ဖြစ်တယ်။ မြန်မာစာကို ကောင်းကောင်း မြင်ရတာတွေ့  ရတယ်။ Blogger မှာ Post ရေးတဲ့ Browser ကနေ တစ်ခါတည်း မြန်မာလို ရေးချင်တယ် ဒီအတိုင်း မရဘူး။ Options --> Minor Tweaks --> Change Font and Language Settings မှာ သွားပြီး ZawGyi ပြောင်းလိုက်ရင် ရေးလို့ ရတယ်။ ဒါပေမယ့် ရေးရတာ အဆင်မပြေမှု့ လေးတွေတော့ ရှိတယ်။ အခုထွက်တာက Beta version ပဲရှိသေးတယ် ဆိုတော့ နောက်ပိုင်းမှာ ပိုအဆင်ပြေလာဖို့ ပဲ ရှိတယ်လို့  ယုံကြည်ရပါတယ်။

Blog ကို Chrome Browser နဲ့  ကြည့်ပြီး SiteMeter မှာ သွားကြည့်လိုက်တော့ ဒီလို တွေပြပါတယ်။ Chromer Browser တည်ဆောက်ရာမှာ အခြေခံထားတဲ့ Components တွေထဲမှာ Apple's WebKit လဲ ပါတာကြောင့် Browser နေရာမှာ Safair 1.3 လို မြင်နေရတာ ဖြစ်မယ် ထင်တယ်။ Opeation System မှာ ဘာကြောင့် Macintoch WinXP လို့  ပြနေတာလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပဲ။

အရင်ကဆို Google က ထုတ်တဲ့ Application တွေထဲမှာ Google Search Enginer, Gmail, Gtalk , Google Reader, Picasa ကို နေ့ စဉ် သုံးဖြစ်နေခဲ့တယ်။ နောက်ပိုင်းတော့ Chrome Browser ကိုပါ နေ့ စဉ် အမြဲ အသုံးပြုဖြစ်တဲ့ စာရင်းထဲ ထည့်ရတော့မယ်လို့  ထင်နေမိတယ်။

5 comments:

ကလိုစေးထူး said...

အကိုတော့ (နားလည်လို့တော့ မဟုတ်) ဒေါင်းလော့လုပ်ပစ်လိုက်ပြီ။ :D ကျေးဇူးတင်စကား လာပြောရင်းနဲ့ စာပါ ဖတ်သွားတာ ညီမ...။ :)

မေ said...

အစ်မရဲ့ StatCounter မှာတော့ Chrome 0.2 လို့ လာပြတယ် :)

Anonymous said...

မနေဘလော့ခ်မှာတွေ့လို့ စမ်းသုံးကြည့်တာ..
google serach box မှာ မြန်မာလိုရိုက်ရင် လေးထောင့်တုန်းတွေပဲမြင်ရတယ်..
မေးလ်ထဲမှာလဲ ခေါင်းစဉ်က လေးထောင့်လေးတွေဖြစ်နေတယ်..
မနေ အတွေ့အကြုံလေး ရေးပါအုံး..

အားပေးလျှက်..
မိုးကြယ်

Nay Nay Naing said...

ကလိုစေးထူး >> အစ်ကို ဘလော့ကို ရောက်တုန်း မေးထားတာလေး တွေ့ တာနဲ့  သိတာလေး ရေးပေးခဲ့တာပါ။ :) အဆင်ပြေမယ် မျှော်လင့်ပါတယ်။

မမေ >> Sitemeter က အဲလိုပဲ။ တချို့ ဟာတွေကို အမှန်မတိုင်းမပြဘူး။ Window Vista ကိုလည်း ခုအချိန်အထိ Window NT လို့  ပဲပြတယ်။ သုံးရလဲ လွယ်တယ်၊ သုံးတာလည်း အတော်ကြာပြီဆိုတော့ မဖြုတ်ပဲ ဆက်သုံးဖြစ်နေတာ။

တခြားဟာတွေမှာ ဘယ်လိုတွေ ပြလဲ သိချင်တာနဲ့ မနေ့ ညက Clicky သွင်းပြီး စမ်းကြည့်လိုက်သေးတယ်။ အဲ့ဒီမှာလည်း Google Chrome 0.2 လို့ ပြတယ်။ StatCounter နဲ့  မစမ်းကြည့်ဖြစ်လိုက်ဘူး။ သတင်းပေးတာ ကျေးဇူးပဲ မမေ။ :).. StatCounter မှာ အကောင့်တော့လုပ်ထားဖူးတယ်။ အချိန်ရမှ ပြန်စမ်းကြည့်အုံးမယ်။

Nay Nay Naing said...

မိုးကြယ်>> ကျွန်မ အလုပ်မှာ သုံးတဲ့ OS ကို လက်ရှိ Google Chrome က support မလုပ်ဘူးလေ။ ဒီတော့ အိမ်ရောက်တဲ့ အချိန်မှပဲ Chrome ကို စမ်းကြည့်လို့  ရတယ်။ ဒါလဲ Linux သုံးနေတဲ့ အချိန်ဆို စမ်းမရပြန်ဘူး။ ခုရက်ပိုင်းက WeekDays ဆိုတော့ အိမ်မှာရှိတဲ့ အချိန်က နည်းနေတယ်။

ကျွန်မ သုံးရင်း သတိထားမိတာလေးတွေ ရှိရင် ရေးပါမယ်။ နည်းနည်း အချိန်ပေး စမ်းပြီးမှ ရေးဖြစ်မယ် ထင်တယ်။ တကယ်လို့  ကျွန်မ မရေးဖြစ်တောင် တခြား ဘလော့တွေမှာလည်း Chrome အကြောင်းရေးတာတွေ ဖတ်မိတယ်ဆို ဒီမှာ ပြန်ပြီး သတင်းပေးမယ်။ :)