Pages

October 20, 2009

Maximize Holiday 2010 - Singapore

ဒါကြည့်ဖို့  စောနေသေးလား။ မစောတော့ ပါဘူး။
အောက်တိုဘာ ကုန်လို့  နိုဝင်ဘာ၊ ဒီဇင်ဘာပြီးရင် ၂၀၁၀ ရောက်တော့မှာပဲ။

၂၀၁၀ မှာ အားလပ်ရက် ၁၁ ရက် ရှိတယ် ဆိုပေမယ့်...

စနေကျတာ နှစ်ရက်ဆိုတော့ စနေ အလုပ်လုပ်ရတဲ့သူတွေ အတွက် ၂ ရက် နစ်နာတယ်။ ကိုယ်တွေအတွက်တော့ (နောက်နှစ်လည်း ဒီအလုပ်မှာ ဆက်လုပ်ဖြစ်နေမယ်ဆို) Annual Leave မှာ ၂ ရက်တိုး သွားမယ်။

Labour DaySaturday 1-May-2010
Christmas Day Monday 25-Dec-2010

ထူးထူးခြားခြားပြောရမလား။ ၂၀၁၀ မှာ သောကြာ နဲ့  တနင်္လာနေ့  ပိတ်ရက်ကျတာ (၃ ရက်ဆက်ပိတ်တာ) အားလုံး ၆ ရက်တောင် ရှိနေတယ်။
New Year's Day Friday 1-Jan-2010
Good Friday Friday 2-Apr-2010
Vesak Day Friday 28-May-2010
National Day Monday 9-Aug-2010
Hari Raya Puasa Friday 10-Sep-2010
Deepavali Friday 5-Nov-2010

Deepavali က မသေချာသေးဘူး။ ပြောင်းချင်ပြောင်းသွားနိုင်သေးတယ်။ ဒီနှစ်လို ပြောင်းတဲ့နေစနေ ကျမယ်ဆို တချို့ တွေအတွက် ဟောလီးဒေး ၁ ရက်လျှော့သွားပြန်မယ်။ အဲဒီရက်ပိုင်းတွေ အနီးအနား ခရီတိုသွားချင်သူတွေ ခွင့်ယူလို့ ကောင်းမယ်။ ၂ ရက်လောက်ခွင့်ယူပြီး ၅ ရက်ခရီးထွက်တာမျိုးလုပ်လို့ ရတာပေါ့။

တရုတ်နှစ်ကူးက ၄ ရက် ဆက် ပိတ်မယ်။
အဲဒီ အချိန်ဆို တရုတ်တွေ အိမ်ပြန်ကျလေသည်။
Chinese New YearSunday* 14-Feb-2010
Monday 15-Feb-2010

၂၀၁၀ ခုနှစ်ထဲမှာ စနေ၊တနင်္ဂနွေနဲ့ ကပ်ရက်မဟုတ်ပဲ အားလပ်ရက် ကြားရက်ကျတာဆိုလို့ Hari Raya Haji တစ်ရက်ပဲရှိတယ်။
Hari Raya Haji Wednesday 17-Nov-2010

Hari Raya Haji က နိုဝင်ဘာ ၁၇။
ဗုဒ္ဓဟူးကျတယ် ဆိုတော့ ကြာသာပတေး၊ သောကြာ ဆက်ယူမယ်ဆို အားလုံး ၅ ရက်ရမှာ။ နိုဝင်ဘာဆိုတော့ ရာသီဥတုကလည်း သာယာ၊ ခရီးထွက်လို့ ကောင်းတာပေါ့။ အဲဒီအချိန် မြန်မာပြည်ပြန်လည်း ခရီးထွက်ရ အဆင်ပြေတဲ့ ရာသီမျိုး။

Singapore Public Holidays For The Year 2010



အားလပ်ရက်တွေအကြောင်းတွေးရင်း ၂၀၀၉ တုန်းက StraitsTimes သတင်းစာက Maximise Your Leave 2009 ဆိုတဲ့ Cut-And-Keep Guide ကိုပြန်သတိရပြီး ၂၀၁၀ အတွက် အားလပ်ရက်တွေကို ကိုယ့်ဘာသာ သေချာလေ့လာကြည့် လိုက်တာ။
၂၀၀၉ အတွက်ဆို နိုဝင်ဘာမှာ အလုပ် အားရက် တစ်ရက်နဲ့  ဒီဇင်ဘာမှာ တစ်ရက် နှစ်ရက် ကျန်သေးတယ်။ အခုနှစ်ဆန်းပိုင်းလောက်က ရန်ကုန်ပြန်ဖြစ်သွားတဲ့ အတွက် ဒီနှစ်ကုန်ပိုင်းမှာ ထပ်ပြန်ဖြစ်မယ် မထင်ဘူး။

Source : Public Holidays 2010 - MOM

October 19, 2009

Life Is ....

Life is About Choices and the Decisions We Make
By
Kim and Charels Petty

Source : PopularArticles.com



Thanks for this artical

October 16, 2009

Happy Deepavali!

Wish Happy Deepavali to All Hindu Friends!!



မနက်ဖြန် Deepavali။ အားလပ်ရက်။

အားလပ်ရက်က စနေနေ ကျတယ် ဆိုတော့ တချို့ အလုပ်တွေက ဒီနေ့  (သောကြာနေ့ ) ပိတ်တယ်။ တချို့ အလုပ်တွေက တနင်္လာနေ့  ပိတ်မယ်တဲ့။ တချို့ အလုပ်တွေက Annual Leave မှာ တစ်ရက်ပေါင်း ပေးတယ်။ တချို့ အလုပ်တွေကတော့ ဘာမှ မပေး၊ မပိတ် ဘူး။

ကျွန်မတို့ အလုပ်ကတော့ Annual Leave မှာ ၁ ရက် ပေါင်း ပေးတယ်။ ဒီနှစ် ၂၀၀၉ ထဲမှာ Public Holiday စနေ နေ့  ကျတာ နှစ်ရက် ( အခု Deppavali နဲ့  Vesak Day ) ရှိတဲ့အတွက် Annual Leave မှာ ၂ ရက်တိုး ရထားတယ်။

ဟိုးအရင်က ၂၀၀၉ Deepavali ဟာ နိုဝင်ဘာ ၁၅ တနင်္ဂနွေနေ့ ။ ကပ်ရက် တနင်္လာနေ့ က အလုပ်အားလုံးပိတ်ရမယ် ဆိုပြီး ပြောထားတာ။ နောက်မှ ဘာကြောင့်ဆိုလား ပြောင်းသွားတာလေ။ အခုလို ရွှေ့ သွားတာ စနေ အားလပ်ရက်ကျရင် အစား ပြန်ပိတ်ပေးလေ့မရှိတဲ့ နေရာမှာ လုပ်ရသူတွေအဖို့  အားလပ်ရက် ၁ ရက် နစ်နာသွားတယ်။ ကျွန်မတို့  အတွက်ကတော့ မထူးပါဘူး။ ပိုကောင်းတယ် တောင်ပြောရမလား။ Annual Leave တစ်ရက်တိုးတော့ ခွင့်ယူရတာ ပိုကောင်းသွားတယ်။ ကုပ္မဏီဘက်က ကြည့်လည်း ကောင်းမယ် ထင်တယ်။ အားလုံးကို တစ်ရက် ပိတ်ပေးစရာ မလိုတော့ဘူး။

ဒီနေ့  သောကြာနေ့ ...
ဒီနေ့  အလုပ်မှာ ဟိန္ဒူဘာသာဝင်တွေက နေ့ တစ်ဝက်ပဲ လုပ်ဖို့ လိုတယ်။
ဒီနေ့  အလုပ်မှာ ဟိန္ဒူဘာသာဝင် ကုလားမလေးတွေ ဆာရီတွေနဲ့  ကိုယ်ရောင်ကိုယ်ဝါ တောက်တောက်ပပ၊ ပြောင်ပြောင်လက်လက်၊ ထိန်ထိန်လင်းလင်း၊ ပန်းတွေနဲ့ ပါဝေပြီး သိပ်လှနေကြတယ်။ (တကယ်ဆို ပုံနဲ့  သက်သေပြချင်တာ၊ ဓာတ်ပုံရိုက်ချင်ပါတယ် သွားပြောဖို့  မရဲလို့ ..)
...
ဒီနေ့  နေ့ လည်စာကို တစ်ယောက်တည်း ဒန်ပေါက်သွား စားလိုက်တယ်။

ကြက်သားကြော်ပူပူလေး နဲ့  စားကောင်းတယ်။ အဆီအနှစ်တွေ ထည့် မစားဘူး။
From Lunch

October 09, 2009

"န" for နေ

ဒီတစ်ခါ မြန်မာလို .... ပျော်နေကြတာ...

1. What is your name : နေ
2. A four Letter Word : နေရာတကာ
3. A boy's Name : နဒီ
4. A girl's Name : နေခြည်
5. An occupation : နောက်ပိုး (ဒါမှမဟုတ်) နတ်ဆရာ ( နတ်ကတော် လည်းရှိသေးတယ် :D )
6. A color : နီ
7. Something you'll wear : နားကပ်
8. A food : နံပြား
9. Something found in the bathroom : နံရံ
10. A place : နတ်မောက်
11. A reason for being late : နေမကောင်းလို့ 
12. Something you'd shout : နိုးပြီ!!!!
13. A movie title : နွေဦးကံ့ကော်
14. Something you drink : နို့ 
15. A musical group : နိုး
16. An animal : နဂါး
17. A street name : နနတ်တောလမ်း
18. A type of car : နွားလှည်း (မြန်မာလိုဆိုတော့...)
19. The title of a song : နားနားပြီးပြော
20. A verb : နှိပ်

October 07, 2009

"N" for NAY

အလုပ်မှာ။ အိမ်မပြန်ရသေးဘူး။ ၆ နာရီ ကနေ ၇ နာရီ အထိ ... အချိန် ၁ နာရီ အားတယ်။ ညစာလည်း သွားစားချင်စိတ်မရှိတာ နဲ့  Facebook's Notes မှာ မပူး ရေးထားတာလေး ဖြေကြည့်ဖြစ်တယ်။

"N" for NAY


1. What is your name : Nay
2. A four Letter Word : None
3. A boy's Name : Nathan
4. A girl's Name : Nicole
5. An occupation : Novelist
6. A color : Navy Blue
7. Something you'll wear : Necklace
8. A food : Noodles
9. Something found in the bathroom :Natural water
10. A place : Ngapali
11. A reason for being late : Not wake up early!
12. Something you'd shout : No !!!!!
13. A movie title : Notting Hill
14. Something you drink : Nestle
15. A musical group : Nickelback
16. An animal : Nightingales
17. A street name : Northfield
18. A type of car : Nissan
19. The title of a song : No Matter What
20. A verb : Negotiate

October 06, 2009

သီချင်းများအကြောင်း....

ဒီနေ့  သီချင်းတွေပြန် နားထောင်ကြည့်တယ်။ သီချင်းတစ်ပုဒ်နားထောင်မရတာနဲ့  နည်းနည်း လိုက်ကြည့်တော့ တချို့ သီချင်းတွေပါ နားထောင်လို့  မရတော့ကြောင်း တွေ့ လိုက် ရတယ်။ ဘာကြောင့်လည်းဆို သီချင်းတင်ထားတဲ့ လင့်တွေအလုပ် မလုပ်တော့ဘူး။ အကုန်လုံးတော့ မဟုတ်ပါဘူး။

ဒီနေရာမှာ အမ်ပီသရီဖိုင်တွေ တိုက်ရိုက် နားထောင်လို့ ရအောင် အင်တာနက်ပေါ် တင်တဲ့အခါ ဖိုင်ဒမ်း ကို သုံးလေ့ရှိတယ်။ အဲဒီမှာက တိုက်ရိုက်လင့် (Hotlinking) ပေးတဲ့ အတွက် သီချင်းတွေကို နားထောင်လို့ ရသလို လိုချင်တယ်ဆို လွယ်လွယ်ကူကူ ဒေါင်းလုပ်လုပ်လို့ လည်း ရတယ်ဆိုတော့ အသုံးဝင်တယ်လေ။ ဒါပေမယ့် အကောင့်တစ်ကောင့်ကို 1G ပဲ သိမ်းလို့ ရပြီး တစ်လကို 5G Bandwidth ပဲ အသုံးပြုလို့ ရတဲ့ အတွက် သီချင်းတွေကို အကောင့်တစ်ခုထဲမှာ စုမတင်ပဲ အကောင့်တွေ ခွဲတင်လေ့ရှိ ခဲ့တဲ့အတွက် ကျွန်မမှာ အကောင့် တော်တော်များ ရှိနေတယ်။ အဲဒါက ပြဿနာ။

အဲဒီက အကောင့်တွေကို မ၀င်တာကြာရင် ပိတ်သွားတတ်တဲ့အတွက် Login လုပ်လုပ် ပေး ရတယ်။ အခုလတွေမှာ အလုပ်များနေတာနဲ့  တချို့  အကောင့်တွေကို မ၀င်ဖြစ်ဘူး။ မေ့သွားတယ်ပေါ့။ စသုံးကတည်းက ၂ နှစ်ကျော်အတွင်း ပထမအကြိမ် မေ့ခြင်းပဲ။ ခုနောက်ပိုင်းက အဓိက သုံးတဲ့ အကောင့်တွေလောက်ပဲ ၀င်ဖြစ်ခဲ့တယ်။ ဒီနေ့  ပြန်ဝင်တော့မှ တချို့ အကောင့်တွေ ပိတ်ကုန်တာ သိလိုက်ရတာ။ အဲဒီမှာတွေ တင်ထားတဲ့ file တွေ အကုန်မရှိတော့ဘူး။ ထပ်စစ်ကြည့်တော့ တစ်ကောင့်တစ်ခုက suspend လုပ်ခံရတာတွေ့ ရတယ်။ အဲဒီအကောင့်မှာ တင်တဲ့သီချင်းတွေမှာ အင်္ဂလိပ်သီချင်းတွေ များသွားလို့ လားမသိဘူး။ ပုံမှန်ဆို အကောင့်တစ်ခုမှာ အင်္ဂလိပ် သီချင်းတွေကြီးပဲ တင်ထားတာမျိုး မဖြစ်အောင် မြန်မာသီချင်းတွေများများနဲ့  မျှတင်လေ့ ရှိတာ၊ အခု နောက်ပိုင်းတော့ အလုပ်ရှုပ်တာနဲ့  တစ်ခုခုဆို Total Space ဘယ်လောက် သုံးပြီးပြီလဲ ဆိုတာလောက်ကိုပဲကြည့်ပြီး အဆင်ပြေတဲ့ အကောင့်မှာ တင်ဖြစ်ခဲ့တယ်လေ။

ပျက်သွားတဲ့ သီချင်းတွေတော့ အားလုံးတော့ ပြန်တင်အားမယ် မထင်ဘူး။ တချို့  သီချင်းတွေ လိုချင်တယ် တောင်းဆိုလာတာ ရှိတဲ့အခါမှာ ပြန်တင်ပေးနိုင်အောင် ကြိုးစားကြည့်မယ်။ သီချင်းတွေကို Hotlink နဲ့ တင်ရတာကို ကြိုက်ပေမယ့် နောက်ပိုင်း တခြားနည်း ပြောင်းတင်ရင်ကောင်း မလား၊ စဉ်းစား ကြည့်အုံးမယ်။ အဆင်ပြေသလိုပေါ့။

October 05, 2009

ဝက်ခြေထောက်အစပ်

စားချင်လို့ ပါ။ ဒါမျို ချက်တာ တစ်ခါမှ မစားဖူးဘူး။ အခုအောက်ကပုံက မကြည်လို့  သေချာကြည့်ချင်တယ်ဆို ဒီနေရာမှာ ကြည့်။ ကြိုက်တတ်တယ်ဆို စားချင်စရာ။ ၀က်ခြေထောက်လို့ သာ ရေးလိုက်တာ အသားသိပ်မပါသလို ဆိုတော့ ၀က်လက် ဖြစ်မလား မသိဘူး။ ဘာပဲဖြစ်ဖြစ် စားချင်တယ်။
From Food

ပုံမှန် ၀က်ခြေထောက်ဆို စွပ်ပြုတ်ပဲ စားဖူးတယ်။ စားတဲ့အခါတိုင်း အဆီအခေါက် နည်းနည်း၊ အသားများများ ပါတဲ့ အတုံးရွေးစားတယ်။ အိမ်မှာ စားရင် လုနေစရာတော့ မလိုဘူး၊ တခြားမောင်နှမတွေက အဆီအခေါက် ပိုကြိုက်ကြတယ်။ နောက်ဆိုလည်း လုစရာ လိုမှာ မဟုတ်ပါဘူး။

ဝက်ခြေထောက်စွပ်ပြုတ် အပြင်ဆိုင်မှာ တစ်ခါမှတော့ မစားဖူးဘူး။ ရန်ကုန်မှာဆို အိမ်မှာက ၀က်ခြေထောက် စွပ်ပြုတ် မကြာခန ချက်ပေးတယ်။ ဒီတော့ မကြာခန စားရတယ်။ အခုတော့ မစားရတော့ဘူး။ အိမ်မှာတုန်းက စားရတာ ဆိတ်စွပ်၊ ၀က်ခြေထောက်စွပ်။ ဆိတ်စွပ်ထက်စာရင် ၀က်ခြေထောက် ပိုကြိုက်တယ်။ ဟိုတလော ပြန်တုန်းကလည်း စားရသေးတယ်။ ပြန်တိုင်း အမြဲစား ရပါတယ်။ ဒီတစ်ခေါက် ပြန်တဲ့ အချိန်မှာတော့ အိမ်မှာ ချက်ပေးမယ့်သူ မရှိလို့  ကြီးမေတို့ အိမ်က ချက်ပြီး လာပို့ ပေးခဲ့တယ်။ စားလို့ ကောင်းတယ်။ မှတ်မှတ်ရရ ဆို အဲဒီနေ့ က တနေကုန် အိမ်မှာ၊ အပြင်မှာ စားသမျှ ၀က်သားတွေကြီးပဲ။

ရန်ကုန်က ၀က်ခြေထောက်စွပ်ပြုတ်

မှတ်ချက် ။ အဲ့ဒီလို ဟင်းတွေ အမြဲ စားမယ်ဆို ၀ လာလိမ့်မယ်။

October 01, 2009

1st October 2009

ဒီနေ့ မနက်စာ။ ပုံမှန် မနက်စာဆို မုန့် တစ်ခုလောက်၊ ဒါမှမဟုတ် ဖျော်ရည် တစ်ခုခုလောက် ခပ်လွယ်လွယ် စားသောက်ဖြစ်တာ မနေ့ က တစ်နေကုန် ပင်ပန်းတာရယ် ညက အိပ်ရေးပျက်တာရယ်ကြောင့် စားမှ အားရှိမှာဆို မနက်စာ သွားစားလိုက်တယ်။



လ တစ်လနဲ့  တစ်လ အကူးအပြောင်းမှာ မအိပ်ပဲ အလုပ်လုပ်ရင်း ကြိုဆိုနေတာ။ ညက ၁း၃၀ လောက်မှ အိမ်ပြန် ရောက်တယ်။ အိပ်တဲ့ အချိန်က မနက် ၃ နာရီ။ ညဦးပိုင်း Deployment အပြီး Production မှာ Testing လုပ်တဲ့အချိန် error တစ်ခုတွေ့ ကြောင်း အကြောင်းကြားလာတယ်။ Mobile (offline) မှာ အဲဒီပြဿနာ မရှိဘူး၊ Online မှာပဲတွေ့ တယ် ဆိုတာကြောင့် UAT နဲ့  SIT ကို ပြန်စစ်ဖို့ ပြောရတယ်။ အဲဒီ Environments တွေမှာလဲ error ရှိနေတာတွေ့ ကြ ရတယ်။ ဒါဆို Developement/Deployment Team ရဲ့ အမှား မဟုတ်။ ဒါနဲ့  သူတို့ တွေအချင်းချင်း ဘာကြောင့် SIT/UAT Testing တုန်းက မတွေ့ တာလဲ ဆိုပြီး ကကျိကကျိ တွေဖြစ်ကုန်ရော။ ပြဿနာက ထင်ထင်ရှားရှားကြီး၊ လုံးဝ မစမ်းသပ်ခဲ့လို့ သာ ဒါကို မမြင်ကြတာပဲ ရှိမယ်။ နောက်နေ့  မီတင်မှာ သက်ဆိုင်သူတွေ ရှင်းကြရတော့မယ်...

ကိုယ်တွေအတွက် အရေးအကြီးဆုံးက ညတွင်းချင်း အဲဒီပြဿနာ အပြီးရှင်းဖို့ ။ ဒီတိုင်း Release လုပ်လိုက် နောက်ရက်မှာ Ad-hoc Deployemnt ထပ်လုပ်မယ်ဆိုပြီးထားလို့ ရတဲ့ ခပ်သေးသေး မထင်မရှား error မျိုးလည်း မဟုတ်။ သက်ဆိုင်တဲ့ Developer ရော၊ တခြား သူတွေရော ဘယ်လိုရှင်းလို့ ရမယ်ဆိုတာ အဖြေရှာရင်း SIT မှာ စမ်းကြ၊ နောက်ဆုံး ၁၁ နာရီကျော် လောက်မှာ SIT မှာ အဆင်ပြေသွားတယ်။ UAT ကိုကျော်ပြီး Production တန်း Deployment ပြန်လုပ် ပြန်စမ်းနဲ့  အားလုံးပြန်လို့ ရပြီဆိုတဲ့အချိန်က ည ၁ နာရီကျော်။ ညက တခြား ပြဿနာသေးသေးမွှားမွှားလေးတွေ အများကြီးကြုံရသေးတယ်။ အရမ်း Tight Schedule ဖြစ်နေတော့ လူတွေလည်း ပင်ပန်းပြီး လစ်ဟသွားတာလေးတွေ ရှိကုန်ကြတာပေါ့။ အခု အောက်တိုဘာလ အတွင်း ၇ ရက်နေ့  ည မှာ တစ်ခါ၊ ၁၄ ရက်နေ့  ည မှာ တစ်ခါ Production Deployment တွေရှိ သေးတယ်။ လက်ရှိအနေအထားအရတော့ အဲဒီ နှစ်ရက်လုံး အချိန်ပိုနေပေးရမယ့် အနေအထားရှိနေတယ်။

ဒီနေ့  နေ့ လယ် ၂ နာရီကနေ ၄ နာရီ အထိ Training၊ ၄:၃၀ ကနေ ၆း၀၀ နာရီ အထိက မီတင်ရှိတယ်။ အိပ်ရေးမ၀တာနဲ့ တော့ ပြဿနာပဲ။

September 29, 2009

Fairytale



"Fairytale" by Alexander Rybak

Years ago, when I was younger
I kinda liked a girl I knew
She was mine and we were sweethearts
That was then but then it's true

I'm in love with a fairytale, even though it hurts
'Cause I don't care if I loose my mind
I'm already cursed

Every day we start a fighting
Every night we fell in love
No one else could make me sadder
But no one else could lift me high above

I don't know, what I was doing
When suddenly, we fell apart
Now a days, I cannot find her
But when I do, we'll get a brand new start

I'm in love with a fairytale, even though it hurts
'Cause I don't care, if I loose my mind
I'm already cursed


Thanks for the song....

September 28, 2009

အရင်လိုပါပဲ...

အရင်လိုပါပဲ။
အလုပ်များတဲ့ အခါများ၊ အတွေးများတဲ့ အခါများ၊ အလုပ်မများ အတွေးမပွါးတဲ့ အချိန်တွေကျပြန်တော့ စာနာစိတ်နဲ့  အနားပေး။ ကိုယ်၊ စိတ် နှစ်မျိုးလုံး။ အလွန်ပိုရင် မကောင်းတဲ့ အရာတွေမှာ ကိုယ့်ကိုကိုယ် သနားတဲ့စိတ်က ထိပ်ဆုံးမှာ ရှိတယ်ဆိုပေမယ့် နည်းနည်းတော့လည်း ရှိဖို့ လိုတယ်။ ;) မပိုစေနဲ့  လိုသလောက်လေး။

တစ်ပတ် ၅ ရက် - တစ်ရက် ၉-၁၀ နာရီလောက် အလုပ်လုပ်။ အိမ်ပြန်ရောက်တော့ ထမင်းစား၊ ကွန်ပြူတာ ကလိရင်းတိုက်ရင်းကြည့်ရင်းစဉ်းစားရင်းပြော။ တစ်ခါတလေ စာဖတ်။ ရေမိုးချိုး.. သန်းခေါင်ကျော်မှာ အိပ်ရာဝင်။ ပုံမှန်လို နေဖြစ်တယ်။ အကြောင်းကိစ္စရှိတဲ့အခါ သူငယ်ချင်းတွေနဲ့ တွေ့ ။ တစ်ပတ် နှစ်ရက်ရတဲ့ အားလပ်ရက်တွေမှာကြတော့ အပြင်မထွက်ဖြစ်သလောက်ပဲ။

သီချင်းကို အရင်ကထက် ပိုနားထောင်ဖြစ်တယ်။ လေ့လာမယ်၊ ဖတ်ကြည့်မယ် ဆုံးဖြတ်ထားတဲ့ စာတွေ အစပျိုးသလို နည်းနည်းခြင်းစီ ဖတ်ဖြစ်နေတယ်။ ပျိုးနေတာ နည်းနည်းကြာပြီ။ မလိုဘူးထင်တာတွေ သိပ်မလုပ်ဖြစ်ဘူး။့် ဂိမ်းတော့ ဆော့တယ် :"> အလွန်အကျွံမဟုတ်ရင် ဖြစ်တာပဲ။ ကွန်ပြူတာနဲ့  နည်းနည်း ခွါခွါနေဖြစ်တဲ့ အချိန်တွေလည်း ရှိလာတယ်။ အများကြီး ထူးခြားတာ မရှိပါဘူး...

ဒါနဲ့  ဒီနေ့  လာမယ့် ၃၀ ရက်နေ့  အတွက် UAT Sign Off လုပ်ပြီးဆိုတော့ အလုပ် နည်းနည်းပါးတယ်...

September 20, 2009

Have You Ever Really Loved A Woman?

When you love a woman
You tell her, that she's really wanted
When you love a woman you tell her that she's the one
'Cuz she needs somebody
To tell her that it's gonna last forever
So tell me have you ever really
Really, really ever loved a woman?





To really love a woman, to understand her
You gotta know her deep inside
Hear every thought, see every dream
An' give her wings when she wants to fly
Then when you find yourself lyin' helpless in her arms
You know you really love a woman

When you love a woman
You tell her, that she's really wanted
When you love a woman you tell her that she's the one
'Cuz she needs somebody
To tell her that it's gonna last forever
So tell me have you ever really
Really, really ever loved a woman?
Yeah

To really love a woman, let her hold you
Til' you know how she needs to be touched
You've gotta breathe her, really taste her
Til' you can feel her in your blood
An' when you can see your unborn children in her eyes
You know you really love a woman

When you love a woman
You tell her that she's really wanted
When you love a woman you tell her that she's the one
'Cuz she needs somebody
To tell her that you'll always be together
So tell me have you ever really
Really, really ever loved a woman?

Oh
You've got to give her some faith, hold her tight
A little tenderness, you gotta treat her right
She will be there for you, takin' good care of you
You really gotta love your woman, ya

And when you find yourself lyin' helpless in her arms
You know you really love a woman

When you love a woman
You tell her that she's really wanted
When you love a woman you tell her that she's the one
'Cuz she needs somebody
To tell her that it's gonna last forever
So tell me have you ever really
Really, really ever loved a woman?
Yeah

Just tell me have you ever really
Really, really, ever loved a woman?
Oh
Just tell me have you ever really
Really, really, ever loved a woman?

September 18, 2009

အရင်အတိုင်းရန်ကုန်

မနေ့ ညက ရန်ကုန်ပြန်တုန်းက ရိုက်ထားတဲ့ပုံတွေ ကြည့်ဖြစ်တယ်။ အဲဒီတုန်းက အပြင်သွားတိုင်း မြင်မြင်သမျှ ဓာတ်ပုံတွေ ရိုက်ဖြစ်ခဲ့တယ်။ ပြန်ကြည့်ရင်း ရန်ကုန်ကို သတိရတယ်။ မနက်နိုးတော့ ဒီသီချင်းလေးနားထောင် ဖြစ်ခဲ့ပြန်တယ်။ ပိုပြီး သတိရသွားတယ်...

ဘာတွေ ဘယ်လိုပဲ ပြောင်းပြောင်း၊ ပြောင်းတယ် ပြောပြော...
...

လူတိုင်းက မင်းကိုချစ်တော့ ချစ်ကြမယ်..
ပြန်အဆင်ပြေမှာပါ စိတ်မကောင်းမဖြစ်နဲ့ ကွယ်
မင်းမပြစ်မဟုတ်ခဲ့တာ ငါတို့ နားလည်...
ရန်ကုန်မြို့ကြီးရယ်.. မငိုလိုက်နဲ့ ..




Thanks for the youtube link

September 10, 2009

Miss Independent

Kelly Clarkson - Miss Independent

Miss independent
Miss self-sufficient
Miss keep your distance, mmmm

Miss unafraid
Miss out of my way
Miss don't let a man interfere, no

Miss on her own
Miss almost grown
Miss never let a man help her off her throne

So, by keeping her heart protected
She'll never, ever feel rejected
Little miss apprehensive
Said ooh, she fell in love

What is this feeling taking over?
Thinking no one could open the door
Surprise, it's time, to feel what's real
What happened to miss independent's no longer need to be defensive?
Goodbye, old you, when love, is true

Misguided heart
Miss play it smart
Miss if you wanna use that line, you better not start, no

But she miscalculated
She didn't wanna end up jaded
And this miss decided not to miss out on true love

So, by changing a misconception
She went in a new direction
And found inside, she felt a connection
She fell in love


What is this feeling taking over?
Thinking no one could open the door
Surprise, it's time, to feel what's real
What happened to miss independent's no longer need to be defensive?
Goodbye, old you, when love, is true (when love, is true)

When miss independent walked away
No time for love that came her way
She looked in the mirror and thought today
What happened to miss no longer afraid?
It took some time for her to see
How beautiful love could truly be
No more talk of why can't that be me
I'm so glad I've finally seen

What is this feeling taking over?
Thinking no one could open the door
Surprise, it's time, to feel what's real
What happened to miss independent's no longer need to be defensive?
Goodbye, old you, when love, is true (when love, is true)

Miss independent


-----
Thanks alot....

Burmese Breakfast

ပဲပြုတ် နဲ့  နံပြား
From Burmese Food

ဒီမနက် စားလိုက်ရတဲ့ နံနက်စာ မဟုတ်ပါဘူး။
အခု စားချင်နေတဲ့ ၊
တစ်ခါက စားခဲ့ဖူးတဲ့..
နံနက်စာ။

September 09, 2009

To be careful about what you post ..

President Obama warned American teenagers on Tuesday of the dangers of putting too much personal information on Internet social networking sites..

*** *** *** *** ***

Taking part in a question-and-answer session with a group of 14- and 15-year-old school students, Obama was asked by one pupil for some advice on becoming U.S. president.

"Well, let me give you some very practical tips. First of all, I want everybody here to be careful about what you post on Facebook, because in the YouTube age, whatever you do, it will be pulled up again later somewhere in your life" Obama said.

"And when you're young, you make mistakes and you do some stupid stuff....


Read More...

-----
Thanks for sharing it..

Hainanese Chicken Rice

Chicken Rice နာမည်ကြီးတယ် ဆိုပြီး အလုပ်ကသူငယ်ချင်း ခေါ်သွားလို့ သွားစားဖြစ်တယ်။ ကြက်သားရဲ့ သဘာဝ အရသာကို ခံစားလိုသူတွေ အဲဒီက Chicken Rice ကို ကြိုက်ကြတယ်လို့  ပြောပါတယ်။

အဲဒီဆိုင်က နာမည်အတော်ကြီးတာတော့ သေချာတယ်။ ရှေ့ မှာ ဘယ်စာစောင်မှာ ဘယ်လိုပါတယ်ဆိုတာ ကပ်ထားတယ်။ နောက်ပြီး ကြက်သားမှာဖို့  စောင့်နေတဲ့သူတွေ နည်းတဲ့ လူတန်းကြီး မဟုတ်ဘူး။ နှစ်ခါ သွားစားဖူးတယ်။ စားတိုင်း မိနစ် ၂၀-၃၀ လောက်တော့ တန်းစီခဲ့ရတယ်။ နေ့ လယ်ထမင်းစားချိန်ဆိုတော့ လူပိုများတာလည်း ဖြစ်မယ်။

အဲဒီမှာ ၀မှာစိုးလို့  ဖြစ်ဖြစ်၊ တခြားအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကြက်အရေခွံ မစားချင်ဘူးဆို မှာတဲ့အချိန်မှာ Skin ဖယ်ပေးပါဆိုပြီးမှာလို့ လည်း ရတယ်။

Tian Tian Hainanese Chicken Rice


Hainanese Chicken


Vegetable with Oyster Sause


Bean Sprout with Cuttlefish


ကျွန်မ အနေနဲ့ ကတော့ အရမ်း မကြိုက်ဘူး။ နဂိုဓာတ်ခံကိုက အဲဒီလို အဖြူရောင် ကြက်စီထမင်းတွေဆို မကြိုက်တတ်လို့ လဲဖြစ်တယ်။ အတူသွားစားတဲ့ သူငယ်ချင်းတချို့ ကတော့ ကောင်းတယ် ပြောကြတာပဲ။ တချို့ ကလည်း သိပ်မထူးပါဘူးတဲ့။ စိတ်ဝင်စားတယ်၊ လမ်းကြုံတယ်ဆို သွားစားကြည့်ပေါ့။

Tian Tian Hainanese Chicken Rice
Stall 10 ,
Maxwell Road Food Centre
Open 11 am to 8 pm,
everyday except Monday.



Very Long Q

ဟိုး ၂ ပတ်ကျော်က သွားစားဖြစ်တာ။ ပထမ ဓာတ်ပုံရိုက်ပြီး ဘလော့ရေးဖို့ စိတ်ကူး မရှိခဲ့ဘူး။ ဒါပေမယ့် တန်းနေရတာ လည်းကြာ၊ ကိုယ့်ရှေ့ မှာ တန်းစီနေတဲ့ သူတွေလည်း ကမ်မရာတွေနဲ့  တဖြတ်ဖြတ် ဓာတ်ပုံရိုက်နေတာတွေ့ လို့  ကိုယ်လည်း ရိုက်ယူထားလိုက်တယ်။

အဲဒီ Maxwell Food Court က ရှာရ လွယ်ပါတယ်။ သူ့ ရှေ့ မှာ ကို TZA သူ့ ဘလော့မှာ တစ်ခါ ရေးခဲဖူးတဲ့ တရုတ် အဆောက်အအုံကြီး ရှိတယ်။

September 08, 2009

2 Days of TOIL

T.O.I.L

၂၉-၀၈-၂၀၀၉ (စနေ နေ့ ) မှာ နေ့ တစ်ဝက် နဲ့ 
၃၁-၀၈-၂၀၀၉ (တနင်္လာနေ့ ) ည အလုပ်လုပ်ရတဲ့ အတွက်

Time-Off-In-Lieu - 2 Days

ခွင့် ၂ ရက် အစား ပြန်ယူလို့ ကြောင်း အကြောင်းကြား လာပါတယ်။

သြဂတ်စ် ၃၁ ရက် ညက အလုပ်လုပ်ရတာ စက်တင်ဘာ ၁ ရက်နေ့  နေ့ လည် ၁၂ လောက်မှ ပြီးတယ်။ ထမင်းသွားစား ဘာညာနဲ့  အိမ်ပြန်ရောက်တော့ နေ့ လယ် ၂ နာရီလောက်ရှိပြီ။ မထူးပါဘူး ညနေ ၆ နာရီမှ ပြန်ပါတော့ဆို ပြောမလာပါဘူး။ ပြောလာရင်လည်း အားလုံးက ပြဿနာပြန်ရှာတော့မှာ သိနေတယ် ထင်ပါတယ်။ အလုပ်အနေနဲ့ ဆို ဒီလောက် ဆက်တိုက် တစ်ခါမှ မလုပ်ဖူးဘူး။ အလွန်ဆုံး လုပ်ဖူးတာ မနက် ၂ နာရီ - ၃ နာရီ။ ပထမဆုံး အလုပ်တုန်းက Server Down လို့  ၃ -၄ နာရီထ အလုပ်လုပ် မနက် အလုပ်ဆက်သွား ဆိုတာမျိုးတွေလည်း ရှိခဲ့ဖူး ပါတယ်။အင်း... ကျောင်းတတ်တုန်းက ကိုယ့်ဘာသာ နေ့ မအိပ် ညမအိပ် စာလုပ်ရတဲ့ အချိန်တွေတော့ ရှိဖူးတာပေါ့လေ။ ကျောင်းနဲ့  အလုပ်နဲ့  တူတာမှ မဟုတ်တာ။

အဲဒီနေ့ က အလုပ်လုပ်ရတာ အရမ်း ပင်ပန်းလားဆို သိပ်မပင်ပန်းပါဘူး။ တစ်ညလုံး Program ထိုင်ရေးနေရတာ မဟုတ်တော့ ဦးနှောက်လည်း မခြောက်ဖူး။ ပြဿနာက ကိုယ့်ပြဿနာလည်း မဟုတ်တော့ စိတ်လည်း မရှုပ်ရဘူး။ ဒါပေမယ့် တစ်ချိန်လုံး ထိုင်နေရတဲ့ အတွက် ညောင်းတာ၊ နှုန်းတာလောက် တော့ရှိတယ်။ နောက်တစ်နေ့  တခြားသူတွေ မျက်လုံးတွေနီရဲပြီး တ၀ါးဝါးသန်းနေတဲ့ အချိန် ကိုယ်က အေးအေးဆေးဆေးပဲ။ ဒီလိုကြတော့လည်း အအိပ်မမက်တာ၊ အိပ်ပျက်ခံနိုင်တာ၊ ပေပေတေတေ နေတတ်တာ အတော်လေး ကောင်းသားလို့  တွေးမိပါရဲ့။ မန်နေဂျာကတော့ ပြောတယ်။ ငယ်သေးလို့  ဒီလို ခံနိုင်တာတဲ့။ သူတို့ အရွယ်ဆို ခံနိုင်တော့မှာ မဟုတ်ဘူးတဲ့။ ဖြစ်နိုင်ပါတယ်။ အခုတောင် ဟိုးအရင် ၇-၈နှစ်ကျော် ကျောင်းတတ်တုန်းကလောက်လို အိပ်ပျက်ခံ ပေတေ မနေနိုင်တော့ဘူး။

အခု ခွင့် ၂ ရက် ယူခွင့် ရတာ အတော်ပဲ ဖြစ်သွားတယ်။ လုပ်စရာလေးတွေရှိလို့  ခွင့်ယူဖို့  စဉ်းစားနေတာ၊ ခုတော့ Annual Leave ထဲက ယူသုံးဖို့  မလိုတော့ဘူး။ ဒါနဲ့  လာမယ့် တစ်ပတ်ကျော် တနင်္ဂလာနေ့  (၂၁-၀၉-၀၉) က Holiday ပဲ။ ၃ ရက် အားမယ်။ တနင်္ဂနွေက Hari Raya (၂၀-၀၉-၀၉) မို့  တနင်္လာ ပိတ်တာ။ ပြောသာ ပြောတာ ဒီနိုင်ငံမှာ အားလပ်ရက်တွေစွတ်ရလည်း အလုပ်မသွားရတာသာရှိတာ တခြားဘာမှ ထူးထူးခြားခြား လုပ်စရာလည်း မရှိဘူး။ ခရီးသွားဆိုရင်လည်း ကိုယ်နဲ့ အတူသွားမယ့်သူက မရှိ။ မိသားစုတွေ ချစ်တဲ့သူတွေ အနားမှာ ရှိရင်တော့ ကောင်းမှာပေါ့။ ခုတော့ ပျင်းစရာ ကောင်းတာ။ ရုပ်ရှင်ကြည့်လို့  မပြောနဲ့  .. ရိုးနေပြီ။ စာဖတ်လို့  လည်း မပြောနဲ့ ။ အဲဒါက ပိုတောင် ပျင်းဖို့ ကောင်းသေး။ အင်း.. ရေးရင်တောင် ပျင်းလာပြီ။ တော်ပြီ။ အလုပ် ဆက်လုပ် လိုက်အုံးမယ်။

September 07, 2009

07 Sept 2009

ဒီနေ့  နေလို့  မကောင်းဘူး။ လည်ချောင်းတွေယားပြီး ချောင်းပြန်ဆိုးနေတယ်။ ဒီ မနက်စာနဲ့  နေ့ လည်စာ စားလို့  မ၀င်ဘူး။ အခု ဗိုက်ဆာနေတယ်။ စားချင်စိတ်လည်း သိပ်မရှိဘူး။ အတော်ခံ ရခက်တာပဲ။ ဒီနေ့ အလုပ် အရမ်း မရှုပ်လို့  တော်သေးတယ်။

မနေ့ က အခန်းရှင်း လိုက်ခြင်းရဲ့ အကျိုးဆက်ရလာဒ် ဖြစ်မယ် ထင်တယ်။ ပစ္စည်းတွေ နေရာရွှေ့ တာ တင်မကဘူး ရှိသမျှ ပစ္စည်း ဖုန်ခါတယ်။ ကျန်တဲ့ နေရာတွေက ဖုန်သိပ် မရှိပါဘူး။ ဒါပေမယ့် အခန်းထောင့်မှာ ရှိတဲ့ ပန်ကာကို ဖုန်သွား ခါလိုက်မိတယ်။ အဲယားကွန်းပဲ သုံးတော့ အဲဒီ ပန်ကာကို လုံးဝ မဖွင့်ဖြစ်ဘူး။ ထောင့်မှာ ရှိနေတော့ လူလည်း မရောက်ဘူး။ မနေ့ ကမှ ကြည့်တော့ ဖုန်တွေတက်နေတာတွေ့ တာနဲ့  သန့် ရှင်းရေး လုပ်လိုက်တယ်။ ပန်ကာလေးတော့ သန့် သွားပါရဲ့ အဲဒီက ဖုန်မှုန့် တွေတော့ လည်ချောင်းထဲ ဘယ်လောက်ဝင်သွားလည်း မသိဘူး။

မနေ့ က ညနေပိုင်း စာလည်းပြန် ဖတ်ဖြစ်လိုက်သေးတယ်။ နိစ္စဓူဝ လုပ်နေကျအရာတွေ ထက် ထူးတာတွေ ပို လုပ်မိလို့  ကျန်းမာရေး ချူချာသွားတာလားလဲ မသိပါဘူး။

ဒီမှာ ခုရက်ပိုင်း နည်းနည်းအေးပြီး မိုးလည်း ရွာနေတယ်။ တနင်္ဂနွေနေ့ မနက်စောစောပိုင်းက မိုးရွာတာမှ သည်းသည်းမဲမဲပဲ။ လျှပ်စီးတွေလက် မိုးတွေချုန်း။ အဲလို မိုးရွာတယ်ဆို နိုးလာတာ များတယ်။ အသံနည်းနည်း ဆူတာနဲ့  နိုးတာပါပဲ။ နိုးပြီးရင်လည်း ချက်ချင်း ပြန်အိပ်လို့ မရ။ အအိပ်ဆက်တာ မကောင်းဘူး။ ဒါတောင် အရင်ကထက်စာရင် တိုးတက်လာတာ ဆိုရမယ်။ ခုနောက်ပိုင်း အသံနည်းနည်း ဆူတာလောက်ဆို အိပ်လို့ ရလာပြီ။

အစားအသောက်ပိုင်းက ဟိုး အရင်ကထက်စာရင် အများကြီးတိုးတက်တယ်။ အစာမှန်မှန် စားတတ်လာပြီ။ အိပ်တာတော့ လိုသေးတယ်။ အလုပ် ပင်ပန်းရင် အိပ်မရတာမျိုးက ရှိသေးတယ်။ အိမ်မှာဆို တခြားမောင်နှမတွေ နဲ့  ကျွန်မ ပြောင်းပြန်။ သူတို့ တွေက ဘယ်လို အချိန်မှာဖြစ်ဖြစ် အိပ်ပျော်အောင် အိပ်တတ်တယ်။ ထိုင်ရက်လည်း အိပ်တတ်တယ်။ ချက်ချင်းလည်း အိပ်ပျော်တယ်။ အိပ်တော့မယ်ဆို အိပ်ယာထဲဝင်သွား၊ ခနနေ သွားကြည့် တကယ့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီ။ စိတ်ရှုပ်၊ အလုပ်ရှုပ်နေလည်း အိပ်ရေးတော့ လုံးဝ မပျက်ဘူး။ အိပ်ပျော်တာပဲ။ အိပ်ပျော်နေတုန်း သွားနိုး၊ ပြီးရင်ူဆက်အိပ်လို့  ရတာပဲ။ ကျွန်မဆို ဒါမျိုး လုံးဝ မရဘူး။ ဘယ်လို၊ ဘယ်အခြေအနေမှာ ဖြစ်ဖြစ် အိပ်ပျော်အောင် အိပ်နိုင်တဲ့သူတွေကို အားကျတယ်။ အဲလို ဖြစ်ချင်တယ်။

အခြားအချိန်ဆို အိပ်မပျော်တာ သိပ်အကြောင်းမဟုတ်ပေမယ့် အလုပ်ပင်ပန်းရင် လူအတော် ခံရတယ်။ အခုတလော အလုပ်အတော် ပင်ပန်းတယ်။ အစားအသောက် စားဝင်နေတော့ အဆင်ပြေပါတယ်။ နည်းနည်း ပြန်ပိန်သွားပေမယ့် ဟိုးအရင်ကလောက်တော့ မပိန်သွားဘူး။ လူကြီးတွေ စိတ်ချမ်းသာနိုင်သေးတာပေါ့လေ။

September 06, 2009

In Love With....

In Love With ..


29th August 2009

and

Mac



*******

Enjoy!

Speaker ၀ယ်ဖြစ်တာ ပြီးခဲ့တဲ့ စနေ နေ့ က။ Snow leopard ၀ယ်ရင်း တခါတည်းဝယ်ဖြစ်သွားတာ။ ပြီးခဲ့တဲ့ တစ်ပတ်လုံး အလုပ်တွေ ရှုပ်နေတာနဲ့  ခုအားလပ်ရက်မှ သေချာ နားထောင်ဖြစ်တော့တယ်။ အားလုံး နေသားတကျ ထားဖို့  ရှုပ်နေတဲ့ အခန်းကိုလည်း ရှင်းရသေးတယ်လေ။ ခုတော့ အားလုံး နေရာတကျဖြစ်သွားပြီ။

အခန်းရှင်းပြီးတာနဲ့  ရေမိုးချိုး အေးအေးဆေးဆေး သီချင်းနားထောင်ရင်း စာဖတ်ဖြစ်တယ်။ အရမ်း အရမ်းကို ကျေနပ် သဘောကျနေပါတယ်။