မနေ့ က ညနေပိုင်း စာလည်းပြန် ဖတ်ဖြစ်လိုက်သေးတယ်။ နိစ္စဓူဝ လုပ်နေကျအရာတွေ ထက် ထူးတာတွေ ပို လုပ်မိလို့  ကျန်းမာရေး ချူချာသွားတာလားလဲ မသိပါဘူး။
ဒီမှာ ခုရက်ပိုင်း နည်းနည်းအေးပြီး မိုးလည်း ရွာနေတယ်။ တနင်္ဂနွေနေ့ မနက်စောစောပိုင်းက မိုးရွာတာမှ သည်းသည်းမဲမဲပဲ။ လျှပ်စီးတွေလက် မိုးတွေချုန်း။ အဲလို မိုးရွာတယ်ဆို နိုးလာတာ များတယ်။ အသံနည်းနည်း ဆူတာနဲ့  နိုးတာပါပဲ။ နိုးပြီးရင်လည်း ချက်ချင်း ပြန်အိပ်လို့ မရ။ အအိပ်ဆက်တာ မကောင်းဘူး။ ဒါတောင် အရင်ကထက်စာရင် တိုးတက်လာတာ ဆိုရမယ်။ ခုနောက်ပိုင်း အသံနည်းနည်း ဆူတာလောက်ဆို အိပ်လို့ ရလာပြီ။
အစားအသောက်ပိုင်းက ဟိုး အရင်ကထက်စာရင် အများကြီးတိုးတက်တယ်။ အစာမှန်မှန် စားတတ်လာပြီ။ အိပ်တာတော့ လိုသေးတယ်။ အလုပ် ပင်ပန်းရင် အိပ်မရတာမျိုးက ရှိသေးတယ်။ အိမ်မှာဆို တခြားမောင်နှမတွေ နဲ့  ကျွန်မ ပြောင်းပြန်။ သူတို့ တွေက ဘယ်လို အချိန်မှာဖြစ်ဖြစ် အိပ်ပျော်အောင် အိပ်တတ်တယ်။ ထိုင်ရက်လည်း အိပ်တတ်တယ်။ ချက်ချင်းလည်း အိပ်ပျော်တယ်။ အိပ်တော့မယ်ဆို အိပ်ယာထဲဝင်သွား၊ ခနနေ သွားကြည့် တကယ့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီ။ စိတ်ရှုပ်၊ အလုပ်ရှုပ်နေလည်း အိပ်ရေးတော့ လုံးဝ မပျက်ဘူး။ အိပ်ပျော်တာပဲ။ အိပ်ပျော်နေတုန်း သွားနိုး၊ ပြီးရင်ူဆက်အိပ်လို့  ရတာပဲ။ ကျွန်မဆို ဒါမျိုး လုံးဝ မရဘူး။ ဘယ်လို၊ ဘယ်အခြေအနေမှာ ဖြစ်ဖြစ် အိပ်ပျော်အောင် အိပ်နိုင်တဲ့သူတွေကို အားကျတယ်။ အဲလို ဖြစ်ချင်တယ်။
အခြားအချိန်ဆို အိပ်မပျော်တာ သိပ်အကြောင်းမဟုတ်ပေမယ့် အလုပ်ပင်ပန်းရင် လူအတော် ခံရတယ်။ အခုတလော အလုပ်အတော် ပင်ပန်းတယ်။ အစားအသောက် စားဝင်နေတော့ အဆင်ပြေပါတယ်။ နည်းနည်း ပြန်ပိန်သွားပေမယ့် ဟိုးအရင်ကလောက်တော့ မပိန်သွားဘူး။ လူကြီးတွေ စိတ်ချမ်းသာနိုင်သေးတာပေါ့လေ။
5 comments:
Take good care of urself sis :)
နောက်တခေါက်ဆို ဖုန်မခါနဲ့  ဒလက်နဲ့  ရှေ့ အဖုံးကို ရေနဲ့ ဆေး။ နောက်အဖုံးကို ရေဆိုနဲ့ သုတ်။ ကျန်းမာရေးဂရုစိုက်နော်။ နေမြန်မြန်ကောင်းပါစေ။
ဟုတ်တယ်။ ဖုန်မခါနဲ့ ။တို့ဆိုရင် တစ်ကျပ်တန် အထုတ်ထဲက ရေစိုဝတ်တွေနဲ့သုတ်. ရေဆေးလုပ်တယ။် ဘာမီတွန်သောက်။ချောင်းဆိုးပျောက်ေးဆ၀ယ်သောက်။ ကုလားဆိုင် တရုတ်ဆိုင်မှာရောင်းတယ်။
နေနေ အမြဲ ရောက်တယ်။ ချောင်းဆိုး မကြာစေနဲ့။ အိပ်လို့ မရတာတော့ အကြံမပေးတတ်ဘူး :(
ပန်ကာ ဖုန်ခါတာ ပထမ အ၀တ်နဲ့ ခါလိုက်တာ။ ဖုန်တွေအများကြီးထွက်လာမှ မဖြစ်ပါဘူးဆို မခင်ဦးမေ နဲ့  ဆွိဆွိ ပြောသလို လုပ်လိုက်တယ်။ ဘေးနာလာ ကြိုပြောကြရောပေါ့။ အခုတော့ မှတ်မိသွားပြီ နောက်ဆို အ၀တ်စိုနဲ့ ပဲ တန်းသုတ်တော့မယ်။
မခင်ဦးမေ.. ဆေးမသောက်ဘူး။ ဆေးသောက်ရင် လူနုန်းတယ်။ ဖုန်တွေကုန်ရင် ချောင်းဆို ပျောက်သွားလိမ့်မယ် :D
Bro AK, Sweet နဲ့  မမီယာ.. ဂရုစိုက်ဖို့ ပြောတာ... စိုးရိမ်တာတွေအတွက် ကျေးဇူးတင်ပါတယ်။
အိပ်မပျော်တာ၊ အအိပ်နည်းတဲ့ပြဿနာ အတွက်တော့ စိတ်မပူပါနဲ့  .. ဘာမှ မဖြစ်လောက်ပါဘူး.. အဲလိုဖြစ်တာ ခုမှမှ မဟုတ်တာ... အရင်တုန်းက လောက်တောင် weight မကျတော့ဘူး။ အခုဆို အအိပ်နည်းတဲ့ အချိန် အစား ပိုစားပေးတော့ အဆင်ပြေပါတယ်။
Post a Comment