Pages

March 30, 2010

Diary in Pet Society (Facebook)

ဒီနေ့  ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့် လုပ်ရင်း Pet Society မှာ Diary ဆိုတဲ့ Feature တစ်ခု အသစ်တိုးနေတာ သတိထားမိ လိုက်တယ်။ ဖွင့်ကြည့်လိုက်တော့ အဲဒီ ဒိုင်ယာရီဟာ ကိုယ်ဘယ်တုန်းက Pet Society ကို စအသုံးပြုခဲ့တာလဲ၊ ကိုယ့်ရဲ့ လယ်ဗယ်က ဘယ်လောက် ရှိနေပြီလဲ၊ သူငယ်ချင်း ဘယ်နှစ်ယောက်ရှိလဲ ... စတဲ့ အချက်အလက် အရေအတွက်တွေကို ပြပေးတဲ့ နေရာမှန်း သိလို်က် ရတယ်။ တိုက်ဆိုင်တယ် ဆိုရမလား.... ဒီနေ့ ဟာ ကျွန်မ Pet Society ကို စပြီး အသုံးပြုခဲ့တာ ၁ နှစ်တင်းတင်း ပြည့်တဲ့နေ့  ပဲဆိုတာ တွေ့ လိုက်ရတယ်။

Hazard was born on the 30 March 2009


ဟုတ်မယ်။ လွန်ခဲ့တဲ့ နှစ် ၂၀၀၉ အီစတာပွဲတော် အချိန်ဝင်ကျင်က စတာပဲ။ အရင်က (fluff)Friend ဆော့တယ်။ fluffကို နေ့ စဉ် အမြဲမှန်မှန် ဆော့တာမဟုတ်ဘူး။ ပွဲတော်တစ်ခုခု ထူးခြားတာရှိမှ ဆော့တာ။ ထူးခြားတယ် ဆိုတာ သူများတွေစီ သွားလည်ရင် လက်ဆောင် လေးတွေရတာမျိုးကို ပြောတာပါ။ အီစတာပွဲ နီးတော့ fluff မှာ သူများ စီသွားလည်ရင် ကြက်ဥလေးတွေ၊ ပန်းလေးတွေ၊ ခြင်းလှလှလေးတွေ ရတာကို သဘောကျပြီး နေ့ တိုင်းဝင်ဆော့ ဖြစ်နေတုန်း သူငယ်ချင်းတွေက Pet Society မှာလည်း အပင်တွေ ၀င်တိုးရင် မိုးပေါ်က ဥတွေကျလာတယ်ဆိုပြီး သတင်းပေး၊ ဖိတ်ကြတာနဲ့  စိတ်ဝင်စားပြီး PS ကို join ဖြစ်သွားတယ်။

အကောင်လေး လုပ်တယ်၊ အိမ်ပြင်ထွက်ပြီး အပင်တွေတိုးတယ် ဒီလောက်ပဲ။ နောက်ပိုင်း ပွဲတော်အချိန်ပြီးတော့ ဆက်မဆော့ဖြစ်ဘူး။ ပျင်းတဲ့အခါတွေမှာတော့ PS ထဲဝင်ပြီး Paw Point ရအောင်၊ ပိုက်ဆံရအောင်တော့ သူငယ်ချင်းတွေ အိမ်လျှောက် လည်ဖြစ်တယ်။ ဘာမှတော့ မ၀ယ်ဖြစ်ဘူး။ အကောင်လေးကို လှတပတလေး ဖြစ်အောင် လုပ်တာ၊ အိမ်တွေ အလှဆင်တာမျိုးတွေ ကျွန်မမှ စိတ်မ၀င်စားတာ။ ရန်ကုန် အလည်ပြန်တာ ဘာညာနဲ့  လုံးဝ မ၀င်ဖြစ်သလောက်ဖြစ်သွားတယ်။ တစ်ရက် မထက်တို့ အိမ်သွားလည်ရင်း မထက်က ဒီ ပီအက်စ်က GMB ဖောက်နည်း၊ ဘယ်လိုတွေ ဆော့လို့ ရတယ်ဆိုတာ ပြောပြတာနဲ့  စိတ်ဝင်စားလို့  ပြန်ဆော့ဖြစ်သွားတယ်။ ဒီလိုမျိုးဆို သိပ်စိတ်ဝင်စားတယ်။

Pet Society မှာ အဓိက စုထားဖြစ်တာက အရုပ်လေးတွေပါပဲ။ အဲဒီထဲက ရှားရှားပါးပါးပစ်စည်းလေးတွေနဲ့  အရုပ်လေးတွေ သဘောကျတယ်။ Pet Society မှာ အရုပ်စုရတာ လူသက်သာတယ်။ ဖုန်တတ်မှာ မစိုးရိမ်ရဘူး။ Pet Society စပေါ်ကတည်းက ခုချိန်ထိ ပိုက်ဆံနဲ့  ပေးဝယ်ရတဲ့ အရုပ်တွေကလွဲရင် တခြား ထွက်ခဲ့သမျှ အရုပ်အကုန်ရှိတယ်။



ဒါက ၂၀၀၉ နိုဝင်ဘာက ကိုယ့်စီမှာရှိနေတဲ့  အရုပ်တွေကို စီပြီး သူများတွေမြင်အောင်ပြထားတာ။
နောက်ပိုင်း အရုပ်တွေ ထပ်ထပ်စုပေမယ့် အဲ့ဒီလိုတော့ မစီကြွားဖြစ်သေးဘူး။
ဖြုတ်ရ တတ်ရတာ စိတ်မရှည်လို့ ။


အများဆုံး သိမ်းထားနိုင်တဲ့ (Hotel City Plushie) ၉ ၉ ခု စီထားရင် ဘယ်လိုနေ မလဲသိချင်လို့ စမ်ထားတာ။


ဒါက ပြီးခဲ့တဲ့ အပတ်က ပျင်းလို့  အသစ်ရတဲ့ အပင်လေးတွေ စီကြည့်ဖြစ်ခဲ့တယ်။



ဒါက မနေ့ ညက မအိပ်ခင် တစ်ချက်စမ်းထားတာ။ ကြက်ဥတွေ မိုးပေါ်က ကျလာတယ်။

ခုနောက်ပိုင်း နေ့ စဉ်ဆော့တာမျိုး မဟုတ်ပေမယ့် တစ်ပတ် ၂ ခါ ၃ ခါတော့ ၀င်ဖြစ်တယ်။ တနင်္လာနေ့ တိုင်း အသစ်တင်လေ့ရှိတဲ့ "This Week Special Items" ဆိုတာမျိုးတွေ ၀င်ဝယ်တာပါ။ နောက်စိတ်ကူးပေါက်ရင် အခန်းဆင်တာမျိုး မဟုတ်ပဲ (အပေါ်က ပုံတွေလို) ပစ်စည်း ခပ်သေးသေးလေးတွေကို ဟိုလျှောက်ထည့် ဒီလျှောက်ထည့် လုပ်တတ်ပါသေးတယ်။ ဒီလောက်ပါပဲ။ အဲ... တခါတလေ သူငယ်ချင်းတွေ အကူအညီလိုရင်လည်း (ဂိမ်းထဲမှာ) ရှာဖွေကူညီပါတယ်။

Other Related Posts:
To Have Fun in Pet Society
Happy New Year - 2010
X'mas at Pet Society

5 comments:

Ko Boyz said...

မဆော့ဘူး။ မသိဘူး။

ShwunMi- said...

awww..
သင်ပေးပါလား sis (ခုမှ :D)

Rita said...

ကိုဘ လိုပဲ။

fb မှာ ဘာ activity မှကို မရှိတာပါ။

Thant said...

ခုနမှ PS ကပြန်လာတာ...အဲဒီDiary ဆိုတာကို သတိမထားခဲ့မိဘူး... :D
( သန့်တော့ Ruby အဖော်ရအောင်လို့ ၃ကောင်ထပ်ဝယ်ပေးထားတာ အခု နေ့တိုင်းအစာသွားကျွေးနေရတယ်....)

Anonymous said...

သမီးထက် သုံးပတ်လောက်ငယ်တယ်။ ဒိုင်ယာရီမှာ ဘယ်ကဘယ်လို ဖြစ်နေလဲမသိဘူး။ အထီးဖြစ်နေလို့ လန့်သွားတာပဲ။ပြန်ပြောင်းလိုက်ရတယ်။
မမွန်