Pages

March 07, 2010

ဘယ်လိုလုပ်စားရင်ကောင်းမလဲ.....

မနေ့ ကတစ်နေကုန် အလုပ်ရှုပ်နေခဲ့တယ်။ ညပိုင်း အစ်ကိုကို ကြိုဖို့  လေဆိပ် သွားတယ်။ အစ်ကို့  အတွက် ငှါးထားတဲ့ နေရာလိုက်ပို့ တာ၊ ညစာစားတာနဲ့  အိမ်ပြန်ရောက်တဲ့ အချိန်က ည ၁ နာရီလောက် ရှိပြီ။ အထုတ်တွေ မဖွင့်နိုင်တော့ဘူး။ အဲဒီအထုတ်တွေထဲမှာ ကိုယ်မှာ လိုက်တာတွေ ပါတယ်ဆိုတာ ညနေပို်င်း အိမ်ကို ဖုန်းဆက်ကတည်းက အိမ်က ပြောလို့ သိနှင့်နေပြီသား။ ထည့်ပေးလိုက်တာတွေ ကိုယ်တစ်ယောက်တည်းဆို မသည်နိုင်မှာ သေချာတဲ့အတွက် အစ်ကိုတွေက အခန်းထဲ အရောက်ပို့ ပေးခဲ့ပါတယ်။ ဒါ တော်ယုံသင့်ယုံပဲ ထည့်ပေးလိုက်တာလို့  အမေက ပြောတာပဲ။

သရက်သီး အစိမ်း ၃ လုံးလည်း ထည့်ပေး လိုက်တယ်လို့ ပြောတယ်။ မရမ်းသီး အရင့်ကိုကတာ့ ထည့်ဖြစ်အောင် ထည့်ပေးလိုက်ပါလို့  အသေအချာမှာ ထားခဲ့တာပါ။ မရမ်းသီးအမှည့် ရရင်ရော ထည့်ပေး လိုက်ရမလား မေးတာ ကိုတော့ မထည့်ပေးပါနဲ့ လို့ ပြောဖြစ်ခဲ့တယ်။အသီး နှစ်ထုတ်ပါတယ်။ တစ်ထုတ်က သရက်သီးနဲ့  မရမ်းသီးအရင့်။
From Burmese Food
တခြား တစ်ထုတ်က မရမ်းသီး မနုမရင့်လေးတွေ။ မရမ်းသီး သိပ် မရင့်တာလေးတွေလည်း တစ်ခုခုပေါ့... မရမ်းသီးသုတ်၊ မရမ်းသီးထောင်း၊ မရမ်းသီးငါးပိချက်... ကိုယ်စားချင်တာ လုပ်စားနိုင်အောင် ဆိုပြီးတော့ ထည့်ပေးလိုက်ပါတယ်လို့  အမေက ပြောတယ်။
From Burmese Food
သရက်သီး၊ မရမ်းသီးတွေကို ဘယ်လို လုပ်စားရင်ကောင်းမလဲ။ငါးသလောက်ဥ နဲ့  ပုဇွန်ကို ရေခဲသေတာထဲ့ထည့်လိုက်တယ်၊ ကျန်တဲ့ အထုတ်တွေကတော့ သေချာ မရှင်းရသေးဘူး။ အကြော်အလှော် ၊ အခြောက်အခြမ်းတွေ ဆိုတော့ နောက်နေ့ မှ ရှင်းလို့ ရတယ်။

မရမ်းသီးဆို အစိမ်းကို ပိုကြိုက်တယ်။ အမှည့်ဆိုလည်း အချိုသီး ထက်စာရင် ချိုချဉ် အရသာကို ပိုနှစ်သက်တယ်။ ဒီနေ့  မရမ်းသီးအကြောင်း လိုက်ဖတ်ကြည့်တော့မှ မရမ်းသီးက အရှေ့ တောင်အာရှက အသီးလို့ သိရတယ်။ ဒါဆို အနောက်ပိုင်း နိုင်ငံမှာ နေတဲ့သူတွေ မရမ်းသီး အစိမ်းစားရဖို့  မလွယ်ဘူးပေါ့။ ဒါပေမယ့် ထိုင်းနိုင်ငံမှာ မရမ်းသီးကို တခြားနိုင်ငံတွေကို တင်ပို့ ဖို့  ထိုင်းအစိုးရရ စိုက်ပျိုးသူတွေကို အားပေး ကူညီနေတယ်လို့  ရေးထားတာတွေ့ လို့  ၀ယ်လို့ ရချင် ရနိုင်မယ်။ ဒါလည်း မရမ်းသီးအမှည့် (အချို ) တွေဖြစ်ဖို့ များမယ် ထင်တာပဲ။ ဒါနဲ့  အင်တာနက်ပေါ် လျှောက်ဖတ်ကြည့်မှ မရမ်းသီး တင်မကဘူး၊ မရမ်းရွက်နုကိုလည်း ဆလတ်လုပ်စားတဲ့ အခါ ထည့်စားတယ်။ ထူးထူးဆန်းဆန်း အဲလိုမျိုး ကြားလဲမကြားဖူးသလို တစ်ခါမှလည်း မစားဖူးဘူး။

ဘာရယ် မဟုတ်ပါဘူး။ စားခွင့်ရတုန်းလေး မှတ်တမ်းလေး ရေးထားတယ်ဆိုတဲ့ သဘောပါ။

Source : Wiki

Bouea macrophylla is commonly known in as the Marian plum, Gandaria, and Plum mango.

It is also known as
Ma-praang and Ma-yong (Thailand),
Ramania and Gandaria (Indonesia),
မရမ်းသီး Mayun-Thee (Burma), and
Kundang, Rembunia, and Setar (Malaysia).

7 comments:

Anonymous said...

ဒီမရမ်းသီးပို့စ်ကို ဖတ်ရတာ သိပ်သိပ်ကို မုန်းတွဲှ့ကြောင်း
အလွန်တရာမှ မနာလိုကြောင်း..
အသိပေးချင်ပါတယ်။
:D
မမွန်

စန္ဒကူး said...

့ဟူးဟူးးးးး မရမ်းသီးစားချင်လိုက်တာ..
ပုံကြည့်တာနဲ့တင်..စားချင်စိတ်တွေတစ်ဖွားဖွားဖြစ် လာတာ.. ငပိလေးနဲ့ထောင်းစားရသိပ်ကောင်းမယ်။ မစားရတာ နှစ်ချီနေပီ..

lwin said...

မရမ်းသီးတွေတွေ့ပြီးတတွေးတွေအကြိမ်ကြိမ်မျိုချလိုက်ရတယ်၊မစားရတာ၂၂နှစ်ရှိပြီနောက်လလောက်ဆိုရင်ကော၊
ရှိအုံးမှာလား...

Anonymous said...

နောက်လဆို ရန်ကုန်မှာ မရမ်းသီး ရှိနိုင်ပါတယ်။ အဲဒီအချိန်ဆို အမှည့်ရော အစိမ်းရော ပေါလောက်ပြီး။ အကင်းအနုလေးတွေတော့ ရှာရခက်မလား မသိဘူး။ သရက်သီး အစိမ်းတွေလည်း ပေါမယ် ထင်တယ်။

နွေးနေခြည် said...

အိမ်ကို မရမ်းသီးမှာဦးမှပဲး)

lwin said...

ကျေးဇူးတင်ပါတယ်၂၂နှစ်မှာပထမဆုံးပြန်မှာမို့ရင်ခုန်ရင်းနဲ့စားစရာမျိုးစုံစားဘို့စာရင်းပါပြုစုထားပါတယ်

waiyan said...

မရမ်းသီး