Pages

January 05, 2009

☺ ဘာလဲ ဘယ်လဲ

အခု
ဘာဖြစ်နေလဲ။
လက်ရှိ ဘာတွေ လုပ်နေလဲ။
ဘာတွေ လုပ်သင့်လဲ နဲ့  ဘာတွေလုပ်နိုင်လဲ။
စဉ်းစားရင်း...


ကာလအပိုင်းအခြားတစ်ခုမှာ ဘာဖြစ်ချင်တယ်၊ ဘာဖြစ်အောင်လုပ်မယ် ဆိုတာမျိုး အသေအချာ စဉ်းစားဖို့ လိုအပ် နေပြီ။ ရည်မှန်းချက်တစ်ခု တိတိကျကျ မရှိဘူးဆိုရင် လူက ဘာမှ အားတတ်သရော ကြိုးစားပြီး မလုပ်ဖြစ်ဘူး။ ပျင်းနေတယ်။ ပျင်းရိခြင်း (၆) ပါးရှိတယ် လို့  ငယ်ငယ်က မှတ်ခဲ့ရတယ်။ အေးတော့လည်း အေးလို့ ၊ ပူတော့လည်း ပူလို့ ၊ မိုးချုပ်သွားလို့ ၊ စောနေသေးလို့ ၊ ဗိုက်ဆာနေလို့ ၊ ဗိုက်ပြည့်နေလို့ ။ ခုနောက်ပိုင်း အဲဒီ ၆ မျိုးလုံး ခဏခဏ သုံးနေ၊ ပြောနေမိ တယ်။ ဒါတွေတင်မကပါဘူး မလုပ်ချင်လို့  တခြားဟာတွေ အကြောင်းပြ ဆင်ခြေပေးတဲ့ နည်းတွေကလည်း အများကြီး ရှိသေးတယ်။

အသေအချာ ပြန်စဉ်းစားတော့ အလုပ်တစ်ခုကို လုပ်တော့မယ်ဆို ဒါလေးလုပ်လိုက်ရင် ငါပင်ပန်းသွားမှာ ဆိုပြီး ကိုယ့်ကိုကိုယ် ညှာနေမိတာက အဓိက အချက်ပါ။ ကိုယ့်ကိုကိုယ် လိုတာထက်ပိုပြီး သနားနေမိတယ်။ လူတွေကို တိုးတက်မှု့ မရှိ၊ ပျက်ဆီး ဆုံးရှုံးမှု့တွေသာ များစေတဲ့ အဓိက အကြောင်းက မိမိကိုယ်ကို သနားခြင်းပဲ ဖြစ်မယ် ထင်တယ်။ ခုနောက်ပိုင်း အိပ်ချိန်လည်း များနေတယ်။ ကျန်းမာရေးအတွက် အိပ်ရေး၀၀ အိပ်ရမယ် ဆိုပြီး အိပ်နေတာ တခါတလေ တစ်နေ့  ၈ နာရီမကဘူး။ တကယ်ဆို ၆ နာရီလောက်အိပ်ရင် လုံလောက်မယ်။ အခုဆို လိုတာထက် အတော်လေး ပိုနေပြီ။ အင်း... မလိုတာလျှော့ပြီး လိုအပ်တာတွေ လုပ်ဖြစ်အောင် ကြိုးစားဖို့ လိုတာ သေချာနေပြီ။ အလိုက်သင့် နေသာသလိုလေး နေပြီး၊ အီးလေးဆွဲ အပျင်းထူနေလို့  မဖြစ်ဘူး။

ကိုယ့်ကိုကိုယ်ပဲ ပြောင်းလဲ ရမှာပဲ။ ဒီအသက်အရွယ်မှာ ကိုယ့်ကို ဘာလုပ်သင့်တယ်၊ ဘာလုပ်ရမယ် ဆိုတာ ဘယ်သူမှ လာပြောနေမှာ မဟုတ်ဘူး။ သူများပြောမှ သိတယ်၊ လုပ်မယ်ဆိုတာမျိုးလည်း ဘာဖြစ်သင့်တော့ဘူး။ ကိုယ့်စိတ်ကို ကိုယ်အလိုလိုက်ပြီး နေလို့ မဖြစ်ဘူး။ လုပ်သင့်တာနဲ့  လုပ်ချင်တာတွေကို မျှတာအောင် ကိုယ့်အသိတရားနဲ့ ပဲ ထိန်းချုပ်ရမှာပဲ။ အချိန်တွေ ကြာလာ လေလေ ကွာခြားချက်တွေက ပိုပြီး သိသာလေလေ မဟုတ်လား..

5 comments:

မီယာ said...

ပျော်ပျော်နေပါ စိတ်ချမ်းသာဖို့ အရမ်းအရေးကြီးတယ် လို့ထင်တာပဲ

Nay Nay Naing said...

မမီယာ ပြောတာ မှန်ပါတယ်။ စိတ်ချမ်းသာဖို့ က အရေးအကြီးဆုံးတယ်။ အခု လက်ရှိ အခြေအနေမှာ စိတ်ချမ်းသာသလို နောင်လည်း စိတ်ချမ်းသာဖို့ လိုပါတယ်။

စိတ်ချ၊ ကျွန်မက ကိုယ့်ကိုကိုယ် စိတ်ညစ်အောင် အရမ်း pressure မပေးပါဘူး :"> စိတ်ချမ်းသာအောင်ပဲ နေတယ်။ အခု ဒီနှစ်ပိုင်းတွေမှာ ဘာမှမလုပ်ပဲ သက်တောင့်သက်သာ နေသာသလို အလိုက်သင့်လေး နေဖြစ်နေတာကို သတိထားမိလို့ ။ အခုနေ စိတ်ဆင်းရဲစရာ မရှိပေမယ့် နောက်ဆို အခုလို နေခဲ့တာတွေအတွက် စိတ်ညစ်ချင် ညစ်လာနိုင်တယ်။ ဒါကြောင့် အခုလို စဉ်းစားနေတာပါ။ လုပ်နိုင်တာတွေ လုပ်နေတယ်ဆို နောက်တစ်ချိန်မှာ ငါဒါတွေ မလုပ်ခဲ့လို့ ဆိုပြီး နောင်တ ရနေတာမျိုးဖြစ်ဖို့  အခွင့်အလမ်းနည်း သွားတာပေါ့။ လုပ်စရာရှိတာ၊ လုပ်သင့်တာကို ပျော်ပျော်ရွှင်ရွှင်နဲ့ သာ လုပ်ဖို့ ကြိုးစားမှာပါ။ ကွန့် မန့် ရေးပြောတာ ကျေးဇူးပါ။

Tin Zar said...

Dear Sister ,

This is my first comment since I have read your lovely stories.
The fact that I like about you is you share your feeling with others flankly.
The above article is actually the feeilng which I do consider sometime.Can you tell me what should we do to take an action for what we are thinking? If I have a chance I would like to have a conversation with you, (don't get me wrong sister, ) I just want to share my feeling too . If you want pls add my email account as shown below.
Best Regards,
Tin Zar

Nay Nay Naing said...

tin zar ရဲ့ အီးမေး မတွေ့ ဘူး။ ရေးဖို့ မေ့သွားတယ်ထင်တယ်။

Tin Zar said...

Dear Sister,
Thank you for taking account on me. I thought that you won't read my comment.
Perhaps I forgot how wonderful you are. My email address is "tzlmailname@gmail.com ".

I would be so happy if you can be my friend . :)

Yours truely,
Tin Zar