Pages

January 20, 2009

☺Photography is Hard Work

ဓာတ်ပုံကောင်းကောင်းလေးတွေ ရအောင် ရိုက်တယ်ဆိုတာ အရမ်း လွယ်တဲ့ အလုပ်တစ်ခုတော့ မဟုတ်ပါဘူး။ ဈေးကြီးကြီး နဲ့  functions တွေ အများကြီးပါတဲ့ Camera နဲ့  ရိုက်တယ်ဆိုယုံ တစ်ချက်တည်းနဲ့ ပုံကောင်းကောင်းတွေ မရနိုင်ပါဘူး။ အလင်းအမှောင်၊ ဓာတ်ပုံနဲ့  ပတ်သက်တဲ့ နည်းပညာပိုင်းဆိုင်ရာတွေကို သိရှိယုံ မကဘူး၊ ရသ၊ အလှအပတွေကိုလည်း မြင်တတ် ခံစားတတ်ရအုံးမယ်။ (တခြား အချက်တွေ ရှိနိုင်ပါသေးတယ်။)

နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ချက်က ပတ်ဝန်းကျင်ကို ရှက်နေတာ၊ ကြောက်နေတာမျိုး လုံးဝ မရှိရဘူး ဆိုတဲ့ အခက်ပါပဲ။ ဓာတ်ပုံရိုက်တဲ့ အချိန်မှာ ပုံကောင်းကောင်းတွေရဖို့ ကသာ အဓိက ဆိုတဲ့ စိတ်ဖြစ်နေရမယ်။ မရှက်မကြောက် လမ်းမပေါ်၊ လူတွေအကြားမှ ဓာတ်ပုံလှလှလေးတွေ ရအောင် ကြိုးစားနေတဲ့ ဓာတ်ပုံ ဆရာတစ်ဦးကို အမှတ်မထင် တွေ့ ခဲ့လို့ မှတ်တမ်း တင်ထားလိုက်ပါတယ်။




ဟိုတစ်နေ့ က ညနေပိုင်း အလုပ်ကအပြန် လမ်းလျှောက်လာရင်း အထက်ကရှု့ ခင်းတွေကို တွေ့ လိုက်ရတာပါ။ လမ်းလျှောက်လာရင်း ဖုန်းအမြန် ထုတ်ပြီး၊ မသိမသာ ခိုးရိုက်လိုက်ရတာ ဆိုတော့ အရမ်းတော့ မရှင်းလင်းဘူး။ ကျွန်မ နည်းနည်းလည်း ရှက်တတ်တော့ ပေါ်တင်ကြီး မရိုက်ရဲဘူးလေ။ မသိမသာလေးရိုက်ရတာ။ အပြောခံရမှာလဲ နည်းနည်း ကြောက်တယ်။ အပေါ်က ဓာတ်ပုံဆရာလို ရိုက်ဖို့ ဆိုတာ စိတ်ကူးလို့ တောင် မရဘူး။ ဒါကြာင့်လည်း ကျွန်မ ဓာတ်ပုံပညာကို စိတ်ဝင်စားသူလို့ တောင် နာမည်တတ်မရတာဖြစ်မယ်။ အဲဒီနေ့ က သုံးပုံပဲ ရိုက်လို့  မှီလိုက်တယ်။ လက်နည်းနည်း နှေးသွားလို့ နောက်ဆုံး လိုချင်တဲ့ အကွက်တစ်ကွက် မရိုက်လိုက်နိုင်ဘူး။ ဖုန်းဆိုတော့ သိတဲ့အတိုင်း နည်းနည်းနှေးတယ်။ ဒါပေမယ့် ကျွန်မသာ လက်မြန်မယ်ဆို အဲဒီအကွက်လေး ရိုက်လို့ ရနိုင် လောက်တယ်။ တစ်ညနေလုံး ရိုက်ယူ မထားလိုက်နိုင်တဲ့ မြင်ကွင်းလေး အကြောင်းတွေပြီး စိတ်မကောင်းဘူး။ ဓာတ်ပုံရိုက်တဲ့ အခါ လက်သွက်ရမယ် ဆိုတဲ့ အချက်ကို ဒီတစ်သက် မေ့နိုင်တော့မယ် မထင်ဘူး။

6 comments:

ATN said...

ဖုန်းနဲ့ ရိုက်ထားတာတောင် အတော်ကောင်းတဲ့ ဓါတ်ပုံတွေပဲဗျ...
ဖုန်းကောင်းတယ်လို့တော့ မပြောတော့ပါဘူး...း)
ရိုက်တဲ့သူက တော်လို့ပါ...း)

ThuHninSee said...

ဘေးမှာ နှောင့်ယှက်မှုရှိရင်ပိုဆိုးသေးတယ်။

JulyDream said...

နောက်ခံ ရှုခင်းလေးက မိုက်တယ်နော်...

:P said...

N2 ရိုက်တာလည်းလှပါတယ်.....၊
လက်နှေးလို့ လွတ်သွားတဲ့ နောက်ဆုံးတစ်ကွက်ကို သိချင်ပါသည်။

Myo Kyaw Htun said...

ဓါတ်ပုံထဲက အနှီ ဓါတ်ပုံဆရာ ဖုန်းနဲ့ ရိုက်တဲ့သူရှေ့ သေသင့်တယ်။ :P ဖုန်းနဲ့ရိုက်တဲ့ ပုံမိုလို့ပေါ့

Nay Nay Naing said...

ကိုအောင်သာငယ် >> ဖုန်းက 2 megapixels ပဲရှိတယ်။ ညနေပိုင်းဆိုတော့ ဓာတ်ပုံက နည်းနည်းမှောင်တယ် ဒါကို သူငယ်ချင်းတစ်ယောက်က အရောင် ကစားပေးထားတာ။ ရိုက်တဲ့သူတော်တယ်ပြောလို့  ကျေးဇူး .. :D

ThuHninSee >> ဓာတ်ပုံမရိုက်ရရင် လူရိုက်မယ် ပြောလိုက်လေ... ဒါဆို နှောင့်ယှက်တော့မှာ မဟုတ်ဘူး။

JulyDream >> နောက်ခံ ရှုခင်းလေးက မိုက်မှာပေါ့။ အဲဒီနေရာက နာမည်ကြီးနေရာပဲ..

sin dan lar>> ပြောချင်ပါတယ်။ တိုးတိုးတိတ်တိတ်ပေါ့.. :P

Myo Kyaw Htun>> ကိုဖြိုး.. သိတယ်မဟုတ်လား.. :D ဒီတစ်ပတ်အားရင် အစ်မတို့  ၃ ယောက် စကားပြောကြရအောင်. ကြွားစရာတွေရှိတယ်..