Pages

January 02, 2009

Maximise Your Leave 2009 (Singapore)

မနှစ်က (၃၁ ဒီဇင်ဘာ ၂၀၀၈) စဉ်းစားထားတာ ဒီနှစ် ၂၀၀၉ မှာ ဘလော့ရေးတဲ့အခါ နှစ်သစ်ကူး ဆုတောင်းမဟုတ်ပဲ ပထမဆုံး ရေးမယ့် ပိုစ့်ကို ပီနန်မြန်မာကျောင်း အကြောင်း ဓာတ်ပုံတွေနဲ့ တင်မယ်ပေါ့။ ဖုန်းထဲကနေ ကွန်ပြူတာထဲကို ကူးတဲ့အဆင့်တော့ ပြီးသွားပြီ၊ ဒါပေမယ့် ပုံတွေက အများကြီးဆိုတော့ ဘယ်မှာ ဘယ်လို အဆင်ပြေအောင် တင်ရမလဲ စိတ်ကူးလို့ မရသေးဘူး။ စာရေးဖို့ လဲ အာရုံမရဘူး။ ဒီတော့ အရင် ဒီမှာ တင်ခဲ့ဖူးတဲ့ ၂၀၀၉ မှာ ဘယ်လို ခွင့်ယူရင် အကောင်းဆုံးဖြစ်မယ် ဆိုတာလေး ပြန်တင်လိုက်တယ်။ အားလပ်ရက်ဆိုတာ အရေးကြီးတဲ့ ကိစ္စတစ်ခုပဲ။

Read this doc on Scribd: Maximise Your Leave 2009 - Singapore

စင်္ကာပူမှာ ၂၀၀၉ အတွက် အားလပ်ရက် စုစုပေါင်း ၁၁ ရက် ရှိတယ်။ ထုံးစံအတိုင်း အားလပ်ရက်က တနင်္ဂနွေဆို ကပ်လျက်ရှိတဲ့ တနင်္လာနေ့ က အလုပ်ပိတ်ရက်။
အလုပ်မှာ 1st Quarter 2009 အတွက် ခွင့်တင်ခိုင်းနေပြီ။ ခွင့်ယူဖို့  မရှိဘူးလို့ တော့ ပြောလိုက်တယ်။ အလုပ်မှာ အရင်က ရှေ့ တစ်နှစ်စာ ခွင့်ကို နောက် တစ်နှစ်အထိယူသွားလို့ ရတယ်။ ၂၀၀၈ ကခွင့်တွေမ သုံးပဲ ၂၀၀၉ မှ နှစ် နှစ်စာ စုယူလို့ ရတယ်။ အခုတော့ ခွင့်နဲ့ ပတ်သက်ပြီး အပြောင်းအလဲတွေ ရှိမယ်လို့  သိရတယ်။ ဘာတွေဖြစ်မလဲ မသိဘူး။

၂၀၀၈ အတွင်း ကိစ္စရှိလို့  ခွင့်ယူတာ ၂-၃ ရက် လောက်ပဲ ရှိတယ်။ အဲဒီတွေကလည်း ၂၀၀၇ မှာ ကျန်နေတဲ့ ခွင့်ရက်တွေ။ နောက်ဆုံး အိမ်ပြန်တာ ၂၀၀၇ မတ်လက။ ၂ ပတ်ပဲ ကြာခဲ့တယ်။ ၂၀၀၈ ခုနှစ်မှာတော့ အိမ်ကို မပြန်ဖြစ်ခဲ့ဘူး။ ၂၀၀၉ မှာရော အိမ်ပြန် ဖြစ်မလား။ မသေချာသေးဘူး။ အခြေအနေအရပဲ။

3 comments:

khin oo may said...

better go back.. home is home.. keep in touch.. not for joy.. for in touch...to make parents happy...

Life is for Success said...

Hi,
I also heard before in the news about 2009 Holiday. At that time so many travel agency hope their business will be so good for 2009 because of so many holidays. But now current economy situation, their prediction is wrong already...

hope for the best
p.s today i saw on news, sg forecast for 2009 economy is -2%.

Nay Nay Naing said...

မခင်ဦးမေ >> ဟုတ်ကဲ့အစ်မ။ ဒီနှစ်တော့ ပြန်ဖြစ်မယ် ထင်ပါတယ်။ ကျွန်မ မပြန်ဖြစ်ပေမယ့် မိဘတွေ၊ မောင်နှမတွေ ဒီကိုလာတော့ တွေ့ ဖြစ်ပါတယ်။. :-)

Life is for Success >> အလုပ်မှာ April မတိုင်ခင် 2008 ကခွင့်တွေကို ရှင်းရမယ်လို့  အီးမေးရောက်လာတယ်။
စင်္ကာပူရဲ့ စီပွါးရေးခန့် မှန်းချက် သတင်းပေးတာကျေးဇူးပါ။ ကျွန်မ ဒီရက်ပိုင်း သတင်းတွေ သိပ်ပြီး မဖတ်ဖြစ်ဘူးဖြစ်နေတယ်။
၂၀၀၉ မှာ လုပ်ငန်းတွေ အစစအရာရာ အားလုံးအဆင်ပြေပါစေလို့ ပဲ ဆန္ဒပြု မျှော်လင့်နေရတယ်။