Pages

January 21, 2009

Dream.. Dream..

ဒီနေ့  မနက် အိပ်ရာ ထထခြင်းလုပ်တဲ့ အလုပ်က ၄၄ ကြိမ်မြောက် အမေရိကန်သမ္မတခံယူပွဲမှာ အိုဘားမား ပြောတဲ့ မိန့် ခွန်းတွေကို လိုက်ရှာဖတ်ခြင်းပါပဲ။ အိုဘားမား စကားပြောတာကို ရွေးကောက်ပွဲရဲ့ အဖြေကိုသိပြီး ပထမဆုံး ချီကာဂိုမှာ ပြောတဲ့ မိန့် ခွန်း နားထောင်ပြီးကတည်းက အတော်လေး ကြိုက်တယ်။ မိန့် ခွန်း စာသားတွေ ဖတ်ပြီးမှ အသံဖိုင်ကို လိုက်ရှာ နားထောင် ဖြစ်တယ်။


ပြီးတော့ သတင်းတွေ အရ အိုဘားမား ကျမ်းကျိမ်တဲ့ အချိန်မှာ လွဲချော်မှု့ လေးတွေ ရှိတယ်ဆိုလား ဖတ်လိုက်ရလို့  အဲဒါလေးကို လိုက်ရှာကြည့်ဖြစ်တယ်။ တစ်ဆက်တည်း ပြောအပြီး မှာ ရွက်တဲ့ ကဗျာကိုလည်း လိုက်ရှာဖတ်ဖြစ်တယ်။ ကဗျာရွက်သံကိုလည်း နားထောင်ဖြစ်တယ်။

မနက်က အဲဒါတွေ လိုက်ရှာ အဖတ်ကောင်းတာနဲ့  အလုပ်ကို ၁၀ မိနစ်ကျော်လောက် နောက်ကျပြီးမှ ရောက်တယ်။ အလုပ်ရောက်တော့ အလုပ်ရှုပ်နေတာနဲ့  သတင်းတွေ ဆက်ပြီး မဖတ်ဖြစ်တော့ပဲ နေ့ လယ်စာ စားချိန်ကြမှာသာ ဒီသီချင်းလေး ရတာနဲ့  နားထောင်ဖြစ်တယ်။

R.Kelly -I Believe (Obama Tribute)

I believe
I believe
I believe
OH
I believe
I believe
I believe
OH OH I


When the mountain seems too high
And you don't have the courage nor the strength to climb
In a road you all 'lone in
But still you run though you can not see the finish line
And dark cloud are over you
Your sky's no longer blue
But you marched on straight ahead
And somehow you made it threw
Got to the mountain
And lead the path for me
Your victory made history and now I believe

I believe
I believe
I believe
OH
I believe
I believe
I believe
OH OH I


When it felt like you and we couldn't fight no more
On the ropes and it seemed like you was gonna' run out of breath
When the world was on your shoulders
And the walls were in your way
You leadily made it over
Threw it all you kept the faith
With the hope you set us free
You showed us how to dream
And now we can lift our voices and forever see
Now's the time to look ahead
And think of the heroes of the past
To celebrate this victory
Lets raise the flag cause I believe

I believe
I believe
I believe
OH
I believe
I believe
I believe
OH OH I

And when they tried to keep you down
You kept up your head
Never lose inside
You believed in what was right
You endured to the end
Walked threw the strongest wind
And when our hope was dying
You brought us healing
And now I got something
To tell my children I believe

ပြီးတော့ အဲဒီနေ့ နဲ့  ပတ်သက်တဲ့ သတင်းတွေ လိုက်ဖတ်ဖြစ်ပြန်တယ်။ သူတို့ နိုင်ငံမှာ လူအများစုဟာ အရမ်း ပျော်နေကြတယ်။ ပြုပြင်ပြောင်းလဲမှု့ တွေ လုပ်ပေးနိုင်မယ့်သူဆိုတဲ့ ယုံကြည်ချက်နဲ့  အိုဘားမားကို သူနိုင်ငံသူ/ နိုင်ငံသားတွေသာမက လူအများက နှစ်သက်ကြတယ်။ ကြိုဆိုကြတယ်။ သမ္မတအဖြစ် ရွေးချယ်ခံရမှု့ အတွက် ၀မ်းမြောက်ကြတယ်။

အားလုံးသိတဲ့အတိုင်း အိုဘားမားက အမေရိကန်နိုင်ငံရဲ့ ပထမဆုံး လူမည်း သမ္မတ။ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့  လူအများ ထင်ခဲ့တဲ့ အိပ်မက်တစ်ခု သူတို့ နိုင်ငံမှာ တကယ်ဖြစ်လာခဲ့ပြီလေ။ ကျွန်မ တို့ ရဲ့ ပျော်ရမယ့်နေ့ .. ကျွန်မတို့ ရဲ့ အိပ်မက်ရော ဘယ်တော့ဖြစ်လာမလဲ.. ဆိုတာ... တွေးရင်း ...

Related Post : Martin Luther King, Jr.'s "I Have a Dream"

7 comments:

JulyDream said...

အဲဒီပွဲကို ညက ထိုင်ကြည့်လိုက်တာ အိပ်ရာ မထနိုင်တော့လို့ ရုံးမှာ နေ့ဝက်ခွင့် ယူလိုက်ရတယ်။

ခင်မင်းဇော် said...

အမလဲ တညလုံးထိုင်စောင့်ကြည့်ခဲ့တယ်။
မဖြစ်နိုင်ဘူးလို့ ထင်ထားတာတွေတောင် ဖြစ်လာခဲ့တာပဲ။
ဖြစ်ကိုဖြစ်လာမယ်လို့ ခံယူထားတာတွေအတွက်ကတော့
တနေ့ရောက်ကိုလာမှာပါ နေနေရေ။
အဲဒီနေ့အတွက် လူတိုင်းမှာတော့ တာဝန်ရှိနေတာပါပဲ။

Anonymous said...

သတင်းကြည့်ရတာ ကျောင်းတောင် နောက်ကျတယ်။ သူပေးတဲ့ ဒုက္ခ။
မမွန်

Anonymous said...

youth ball မှာ အိုဘာမားနဲ့  သူ့ မိန်းမ က တာကြည့်လိုက်သေးလား..မိုက်တယ်နော် :D
အရင်သမ္မတတွေရော အဲလို ကဖူးလားမသိဘူး

Anonymous said...

ဘာပဲဖြစ်ဖြစ်နေနေရေ

လောကမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး...

မဖြစ်သေးတာပဲ ရှိတယ်... အချိန်တော့ စောင့်ရမဲ့သဘောပဲ.

မသေသေးခင်တော့ မြင်ကောင်းပါရဲ့....

စာရေးဖို့ သိပ်စိတ်မပါသေးဘူး.....
တနေ့တော့ ပါကောင်းပါရဲ့....
စိတ်ကူးထဲမှာတော့ ရေးနေမိတယ်.... အတွေးစိတ်ကူးတွေ.... (နိုင်ငံရေးပါ)...

မီယာ said...

တီဗီကြည့်ပြီး စိတ်ကူးတွေ ယဉ်နေမိတယ်။ တိုင်ပေးတာကို လိုက်ဆိုရင်း ထစ်တာတွေ့လိုက်တယ်။ ဘယ်လောက်များ စိတ်လှုပ်ရှားနေမလဲလို့ နော်။ သူ့ပုခုံးပေါ်ကျလာမယ့် တာဝန်တွေအတွက် ဆုတောင်းပေးနေမိတယ်။

Nay Nay Naing said...

NMA နဲ့  မခင်မင်ဇော်ကို လေးစားတယ်။ မအိပ်ဘဲကြည့်နိုင်ကြ တယ်ဆိုလို့ ပါ။ ကျွန်မတော့ အိပ်တာပဲ။ မနက် နိုးမှကြည့်တာ။

မခင်မင်းဇော်.. နေနေလည်း ဖြစ်ချင်တဲ့ စိတ်ဆန္ဒသာရှိတယ် တာဝန်ကို မယူရဲ၊ မယူနိုင်၊ မယူဖြစ်ဘူး။ ကိုယ်လိုလူတွေ နေလို့  ဖြစ်နိုင်တာက မဖြစ်ပဲ ကြာနေတာ ထင်ပါတယ် အစ်မရယ်။

မမွန် >> အမေရိကားက မမိုက်လိုက်တာလို့ တောင် ပြောဖြစ်တယ်။ ဒီလိုနေ့ မှာ အလုပ်တွေ ကျောင်းတွေ အကုန်ပိတ်သင့်တယ်။ မဲထဲ့တည့်နေလဲ မပိတ်ဘူး။ စလုံးမှာသာဆို တစ်ရက်ရက်တော့ ဒီအတွက်ပိတ်မှာပဲ။

ကို jurassic >> မကြည့်ရသေးဘူး။ ကိုယ်က မကတတ်ဘူးဆိုတော့ ကတာကို စိတ်ဝင်တစားမကြည့်ဖြစ်ဘူး။ အစအဆုံး ထိုင်ကြည့်နေတာလဲမဟုတ်ဘူးလေ။ မိုက်တယ်ဆို ရှာကြည့်ပါအုံးမယ်။

ရောင်စုံ >> မျှော်နေပါတယ်။

မီယာ >> ဟုတ်ပါ့။ စကားမစပ် မီယာနေတဲ့မြို့  သိသလိုပဲ။ လူကိုတော့ မသိဘူးထင်ပါတယ်။ :D