Pages

March 24, 2010

ကူ ကူ ကူး......

ဆော့ဖြစ်တာ သိပ်မကြာသေးပါဘူး။ အရင်က လုံးဝ မဆော့ဘူး။ ခရီးသွားရင်း၊ ရထားစီးရင်း၊ ကားစီးရင်း တခြားသူတွေ ဆော့နေတာ မြင်ဖူးတယ်။ တချို့ က ဖုန်းနဲ့ ဆော့တယ်။ တချို့ က သတင်းစာ ဒါမှမဟုတ် မဂ္ဂဇင်း တစ်ခုခုပေါ်မှာ ပါလာတာလေးတွေကို ခဲတံ၊ ဖောင်တိန်လေးတွေနဲ ဟိုခြစ်ဒီခြစ် ဆော့တယ်။ တချို့ က Print လုပ်၊ Copy ကူးထားတဲ့ စာရွက်လေးတွေနဲ့ ၊ တခါဆို စာအုပ်လိုက် သည်းကြီးမဲကြီး ဆော့နေတဲ့သူမျိုး တောင်တွေ့ ဖူးသေးတယ်။ အင်တာနက်ပေါ်မှာလည်း တွေ့ ပါတယ်၊ ဒါပေမယ့် ဘာလို့ မှန်း မသိဘူး လုံးဝ မစမ်းကြည့်ဖြစ်ခဲ့ဘူး။

၂၀၀၉ နှစ်လည်ပိုင်းက ထင်တယ်၊ တစ်ရက် သူငယ်ချင်းတွေနဲ့ တွေ့ ပြီး အပြန်၊ ရထားပေါ်မှာ မပူးကောင် Print လုပ်ထားတဲ့ စာရွက်တစ်ခု ထုတ်ဆော့တာ တွေ့ မိမှ ဘယ်လိုဆော့ရလဲ မေးပြီး သူရှင်းပြလို့  ဆော့နည်း သိခဲ့တယ်။ ပုံမှန်ဆို ဂိမ်းဆို စိတ်ဝင်စားတယ်။ Puzzle ဆို ပိုစိတ်ဝင်စားတယ်၊ အဲဒီလို ကိန်းဂဏန်းတွေဆို စိတ်ဝင်စားဆုံး ဖြစ်ပေမယ့် မဆော့ဖြစ် ခဲ့ပြန်ဘူး။ လွန်ခဲ့တဲ့ ၁-၂ လလောက်က မပူး ရဲ့ သားလေး Justin ဓာတ်ပုံတွေ၊ video လေးတွေ ကြည့်ရင်း အဲဒီဂိမ်းကို ဖျက်ကနဲ သတိရသွားတယ်။ ကလေးလေးက ချစ်ဖို့ ကောင်းတယ်။ ဘာမှ မဆိုင်ပါဘူး၊ ဒါပေမယ့် ကလေးကတစ်ဆင့် သူအမေကို သတိရတယ်၊ ဒီကတစ်ဆင့် ဂိမ်းကို သတိရပြီး ဆော့ချင်စိတ် ပေါက်သွားပါတယ်။ iTune Store သွားပြီး Free ပေးတာလေး ရှိမလား လိုက်ရှာ၊ ဖုန်းထဲ Download လုပ်ထည့်ပြီး ဆော့ဖြစ်သွားပါတယ်။ ဂိမ်းနာမည် မသိလို့  Google လုပ်လိုက်ရသေးတယ်။

Sudoku and Garfield

Sudoku ရဲ့ အဓိပ္ပါယ်။
From Garfield


ဂိမ်းဆော့ နေတုန်း ဂါဖီးလို လာရှုပ်လို့ ကတော့ ကိုယ်လည်း အော်မိမှာပဲ။
From Garfield


From Garfield


From Garfield

တခါ အမ်စီယူဖို့  ဆေးခန်းသွားတုန်းက ဆရာဝန်က ပြောဖူးတယ်။ တစ်နေကုန် အလုပ်တွေများပြီး လူက အိပ်ချင်တယ်၊ ဒါပေမယ့် ဦးနှောက်က အိပ်ချိန်တန်လို့ မအိပ်၊ အိပ်လို့ မရဖြစ်နေရင် Sudoku လေးဆော့လိုက် အိပ်ချင်စိတ် ပေါ်သွားမယ်တဲ့။ သူက ၀ါသနာမပါလို့ ဖြစ်မယ်။ ကျွန်မ အတွက်ကတော့ အိပ်ခါနီး ဒီလိုတွက်ချက်ရတဲ့ ဂိမ်းမျိုးသွား ဆော့လိုက်ရင် တညလုံး အိပ်လိုက်ရမယ် မထင်ဘူး။

ဒီကာတွန်းထဲက လောက်တော့ မဆိုးပါဘူး။
From Garfield

ဒါလေးရေးရင် ဟိုးအရင် ကျောင်းတတ်တုန်းက အမြဲဆော့လေ့ရှိတဲ့ Yahoo က dominoes ဆိုတဲ့ ဂိမ်းလေးသတိရသွားပြန်ပြီ။ မဆော့ဖြစ်တာ နှစ်နဲ့ ချီကြာနေပြီ။ ဒီနေ့  အိမ်စောစောပြန်ပြီး ၁ နာရီလောက် အချိန်ပေး ဆော့လိုက်အုံးမယ်။

3 comments:

Ko Boyz said...

ဝေဒနာဟောင်းတွေ လာဆွပေးနေတာလား။

Rita said...

မြန်မာပြည်မှာနေတုန်းက ဆုဒိုခု ဆော့တယ်။ အင်တာနက် ဂျာနယ်မှာ ပါတဲ့ဟာ။ ဘေးမှာထားပြီးတော့တောင် အဲဒါကို မျက်နှာအပ်ပြီး မပြီးမချင်းဆော့တယ်။ ပြီးမှ လှည့်ကြည့်တယ်။ (သူငယ်ချင်းကို ပြောတာ)

၃/၄ လ ပါပဲ။ နောက်တော့လည်း ရိုးသွားပြန်ရော...

Thant said...

တို့လည်းဆော့ဖူးတယ်....ခေါင်းခြောက်သွားလို့ နောက်ခေါင်းမခြောက်တာတွေဘဲ ရွေးဆော့ဖြစ်တော့တယ်.... :D