Pages

April 15, 2009

ယိုးဒယားစာ



တုံယမ်းဟင်း ၁ ပွဲ ၊ ယိုးဒယား ငပိထောင်း ၁ ပွဲ ၊ သဘောင်္သီးထောင်း ၂ ပွဲ၊ ဖားအကျွတ်ကြော် ၂ ပွဲ၊ ကြက်အရေခွံကြော် ၃ ပွဲ (၄ ပွဲ) ၊ အသားသုတ် ၁ပွဲ ( ၀က်သား ထင်တယ်)၊ အရွက်ကြော် ၁ ပွဲ (ကန်စွန်းရွက်)

လဆန်းပိုင်းတုန်းက သူငယ်ချင်းတွေ နဲ့  Golden Mile မှာ ထိုင်းအစားအသောက်ကို ညစာအဖြစ် သွားစားတုန်း ရိုက်ထားတဲ့ပုံ။ စားနေကြ ဆိုင်။ မြန်မာ စာပွဲထိုးတွေရှိလို့  မြန်မာလို မှာလို့ ရတယ်ဆိုတဲ့ ဆိုင်မှာ။ အားလုံး ၆ ယောက် အ၀ စားတာ ၁၀၀ ကုန် ပါတယ်။ ဓာတ်ပုံထဲမှာ အကုန်တောင် မပါဘူး။ အတော် လေးစားပြီးမှ ဓာတ်ပုံရိုက်ဖို့  သတိရတယ်။ တစ်ပွဲချင်းလည်း မရိုက်နိုင်ဘူး၊ အမြန်ရိုက်၊ စားဖို့ က အရေးကြီးနေတယ်။

Diandin Leluk Thai Restaurant Pte Ltd
Address : 5001 Beach Road, #01-67 (01-71) Golden Mile Complex, Singapore, 199588
Tel: 6293 5101

ဒီဆိုင် သွားစားတိုင်း မှတ်တမ်း မတင်ဖြစ်ပေမယ့် တစ်ခါတလေတော့ ဒီလိုတွေ မှတ်ထားဖြစ်ခဲ့တယ်...
12-13 July 2008
14 Jan 2008

5 comments:

ကိုပေါ said...

သွားစားဦးမယ်။ ညွှန်းတဲ့လူ တ၀က်စိုက်ပါ။း-)

ခင်မင်းဇော် said...

နေနေ ..
ထိုင်းကို လာလည် ဒါ့ထက်ကောင်းတာတွေ ကျွေးမယ်..

Nay Nay Naing said...

Ko Paw .. တ၀က်ကျွေးမှာလား..

မခင်မင်းဇော် .. အစ်မ တကယ်လာလည်မှာ... အဲဒီ တစ်ခေါက်မှ မရောက်ဖူးသေးဘူး.. လာဖြစ်အောင် ကြိုးစားလိုက်အုံးမယ်။ လာလည်ဖြစ်တယ်ဆို အစ်မကို ကြိုပြောမယ်..

ကိုပေါ said...

ပိုက်ဆံတ၀က်စီစိုက်ပြီး ကိုယ်အလေးချိန်နဲ့ အချိုးကျ ဝေမျှစားကြတာပေါ့။း-)

Myo Kyaw Htun said...

ကိုပေါ ကောမန့် ဖတ်ပြီး ရီလိုက်ရတာ ဟားဟား