မဟန တင်ထားတဲ့ ပိတောက်ပန်းပုံတွေ၊
ကိုဖြိုး ရဲ့ ပိတောက်ပန်းပုံတွေကို ကြည့်ပြီး လတန်ခူးပေမို့  အစချီတဲ့ ပိတောက်ပန်း ကဗျာလေးကို သတိရသွားတယ်။ အဲဒီကဗျာလေးက ကျောင်းတုန်းက သင်ခဲ့ရတာဆိုတော့ ကဗျာတစ်ခုလုံးကို အလွတ်ဆိုလို့ ရပေမယ့် တစ်ချို့ စကားလုံးတွေ မှားသွားမှာ စိုးတာကြောင့် ဂူးဂဲလ်လုပ်ကြည့်လိုက်တဲ့ အခါ
မမေဓာဝီ တင်ထားတဲ့ ကဗျာလေးတွေကို သွားတွေ့ တယ်။ ဇော်ဂျီ ရေးတဲ့ ပိတောက်ပန်း ကဗျာထဲက စာသားတစ်ချို့ ကို သိပေမယ့် အဲဒီကဗျာကိုတော့ အလွတ် မရဘူး။ ကဗျာတွေရော၊ ပန်းတွေရော သဘောကျတာနဲ့  မှတ်ထားလိုက်ပါတယ်။ ပုံထဲက ပိတောက်ပန်းတွေက မြန်မာပြည်မှာ ပွင့်တဲ့ ပိတောက်ပန်းတွေတော့ မဟုတ်ဘူး။ ဒါပေမယ့် ဘယ်နေရာမှာပွင့်တဲ့ ပိတောက်ပန်း ဖြစ်ပါစေ... ပိတောက်ပန်း ဆိုတာနဲ့  ပိတောက်ပန်း မြင်တာနဲ့  ကိုယ့်တိုင်းပြည်ကိုပဲ သတိရမိပါတယ်။
Other Related Post :
National Flower: Burma Padauk!
3 comments:
ဘယ်နေရာ ရောက်ရောက်၊ ဘာတွေ ဖြစ်ဖြစ်၊ ဒီအချိန် ရောက်ရင် ဒူကဘာ့ စိတ်တွေ ဖေါက်ဖေါက် လာတယ် ပြောပြော၊ ရွာကိုတော့ လွမ်းစိတ်ခိုကြတာ ပါပဲလေ။ ငယ်က ကဗျာလေး ထပ်ဖတ်သွာတယ်။
ဒီအချိန်ရောက်ရင် ဖောက်တာ ကို ဒူကဘာ တစ်ယောက်တည်း ဟုတ်မယ် မထင်ဘူး။ အဖော်တွေ အများကြီးရှိမှာပါ။ ပြည်ပမှာရောက်နေတဲ့ လူအတော်များများ သင်္ကြန်အချိန်ဆို ဗမာပြည်ကို သာမန်အချိန်တွေထက်ပိုပြီး ပြန်ချင်ကြတယ်၊ ပိုလွမ်းကြပါတယ်။
ဒီဖက်မှာက ပန်းတောက်ပင်တွေ များတယ် ... လမ်းဘယ်ညာရှိတော့ ကြွေနေတဲ့အချိန်ဆိုရင် လမ်းကကားတွေပေါ်မှာ ဖုန်းနေတယ်.. အဲဒိချိန်တွေမှာ ဓါတ်ပုံ မရိုက်မိဘူး :D
Post a Comment