တုံယမ်းဟင်း ၁ ပွဲ ၊ ယိုးဒယား ငပိထောင်း ၁ ပွဲ ၊ သဘောင်္သီးထောင်း ၂ ပွဲ၊ ဖားအကျွတ်ကြော် ၂ ပွဲ၊ ကြက်အရေခွံကြော် ၃ ပွဲ (၄ ပွဲ) ၊ အသားသုတ် ၁ပွဲ ( ၀က်သား ထင်တယ်)၊ အရွက်ကြော် ၁ ပွဲ (ကန်စွန်းရွက်)
လဆန်းပိုင်းတုန်းက သူငယ်ချင်းတွေ နဲ့  Golden Mile မှာ ထိုင်းအစားအသောက်ကို ညစာအဖြစ် သွားစားတုန်း ရိုက်ထားတဲ့ပုံ။ စားနေကြ ဆိုင်။ မြန်မာ စာပွဲထိုးတွေရှိလို့  မြန်မာလို မှာလို့ ရတယ်ဆိုတဲ့ ဆိုင်မှာ။ အားလုံး ၆ ယောက် အ၀ စားတာ ၁၀၀ ကုန် ပါတယ်။ ဓာတ်ပုံထဲမှာ အကုန်တောင် မပါဘူး။ အတော် လေးစားပြီးမှ ဓာတ်ပုံရိုက်ဖို့  သတိရတယ်။ တစ်ပွဲချင်းလည်း မရိုက်နိုင်ဘူး၊ အမြန်ရိုက်၊ စားဖို့ က အရေးကြီးနေတယ်။
Diandin Leluk Thai Restaurant Pte Ltd
Address : 5001 Beach Road, #01-67 (01-71) Golden Mile Complex, Singapore, 199588
Tel: 6293 5101
Address : 5001 Beach Road, #01-67 (01-71) Golden Mile Complex, Singapore, 199588
Tel: 6293 5101
ဒီဆိုင် သွားစားတိုင်း မှတ်တမ်း မတင်ဖြစ်ပေမယ့် တစ်ခါတလေတော့ ဒီလိုတွေ မှတ်ထားဖြစ်ခဲ့တယ်...
12-13 July 2008
14 Jan 2008
5 comments:
သွားစားဦးမယ်။ ညွှန်းတဲ့လူ တ၀က်စိုက်ပါ။း-)
နေနေ ..
ထိုင်းကို လာလည် ဒါ့ထက်ကောင်းတာတွေ ကျွေးမယ်..
Ko Paw .. တ၀က်ကျွေးမှာလား..
မခင်မင်းဇော် .. အစ်မ တကယ်လာလည်မှာ... အဲဒီ တစ်ခေါက်မှ မရောက်ဖူးသေးဘူး.. လာဖြစ်အောင် ကြိုးစားလိုက်အုံးမယ်။ လာလည်ဖြစ်တယ်ဆို အစ်မကို ကြိုပြောမယ်..
ပိုက်ဆံတ၀က်စီစိုက်ပြီး ကိုယ်အလေးချိန်နဲ့ အချိုးကျ ဝေမျှစားကြတာပေါ့။း-)
ကိုပေါ ကောမန့် ဖတ်ပြီး ရီလိုက်ရတာ ဟားဟား
Post a Comment