မိုးမလင်းသေးဘူး အိပ်ဦး...
အိပ်လက်စနဲ့  အိပ်ဦး...
အခုတော့ အိပ်ဦး... အချစ်ဆုံး...

အိပ်လက်စနဲ့  အိပ်ဦး...
အခုတော့ အိပ်ဦး... အချစ်ဆုံး...

ခုရက်ပိုင်း နားထောင်ဖြစ်တဲ့ သီချင်းတွေထဲက အထက်မှာ ရေးထားတဲ့ စာသားတွေကို အရမ်းကို သဘောကျနေမိပါတယ်.. ချော့သိပ်နေသလိုပဲ။ စိတ်ပင်ပန်း လူပင်ပန်း ဖြစ်နေတာတွေကိုလည်း ပျောက်သွားစေတယ်။ အိပ်မပျော်နိုင်ဖြစ်နေရင် ဒီသီချင်းလေး နားထောင်လိုက် အိပ်လို့ ရသွားတယ်။ ဒီသီချင်းကို အရင်ကတည်းက ကြိုက်ပြီးသားပါ။ တခြားစာသားတွေလည်း ကောင်းတယ်။ ဆိုတာလည်း ကြိုက်တယ်။ တကယ်ဆို စိုင်းထီးဆိုင် ဆိုခဲ့တဲ့ သီချင်း အတော်များများ၊ စိုင်းခမ်းလိတ်ရေးတဲ့ သီချင်းစာသားတွေကို ကြိုက်တယ်ဆိုတာ အထူးထပ်ပြောဖို့ တောင် လိုမယ် မထင်ဘူး။
အိပ်မက်ကလှတယ် ဘ၀ကအရုပ်ဆိုးတယ်...
ယုံကြည်နေသူကို နှစ်သိမ့်ပါရစေ..
မိုးမလင်းသေးဘူး အိပ်ဦး

အိပ်မက်တွေထဲက ဘ၀မျိုး ဖန်ဆင်းဖို့ 
ကြင်နာသူ ကိုယ်တယောက် ကြိုးစားဆဲမှာ
အိပ်လက်စနဲ့  အိပ်ဦး...
ဒုက္ခဆိုတာ အကြွေးထားလို့ ရယင်
ဒီဘ၀ မင်းနဲ့ အတူတူ ပျော်ပြီး နောက်ဘ၀ကျမှ
ဒုက္ခတွေတစ်ယောက်တည်း စုခံလိုက်ချင်တယ်..
ကိုယ်ဒီလိုလူစားပါ မင်းသံသယတွေကို
ဘေးဖယ်ထားပါဦး တနေ့ နေ့ ကျယင်
ကိုယ်ဘာမှ မရှင်းပြပဲ နားလည်လို့ လာမယ်
အချစ်ဟာ အချစ်ရဲ့ သက်သေပဲ
အနမ်းနဲ့  ကိုယ်အနှိုးမှာ..
အိပ်မက်နဲ့  တို့ ဘ၀ တူညီနေတာကို .. မင်းတွေ့ ရမယ်.
အခုတော့ အိပ်ဦး... အချစ်ဆုံး...

ယုံကြည်နေသူကို နှစ်သိမ့်ပါရစေ..
မိုးမလင်းသေးဘူး အိပ်ဦး

အိပ်မက်တွေထဲက ဘ၀မျိုး ဖန်ဆင်းဖို့ 
ကြင်နာသူ ကိုယ်တယောက် ကြိုးစားဆဲမှာ
အိပ်လက်စနဲ့  အိပ်ဦး...
ဒုက္ခဆိုတာ အကြွေးထားလို့ ရယင်
ဒီဘ၀ မင်းနဲ့ အတူတူ ပျော်ပြီး နောက်ဘ၀ကျမှ
ဒုက္ခတွေတစ်ယောက်တည်း စုခံလိုက်ချင်တယ်..
ကိုယ်ဒီလိုလူစားပါ မင်းသံသယတွေကို
ဘေးဖယ်ထားပါဦး တနေ့ နေ့ ကျယင်
ကိုယ်ဘာမှ မရှင်းပြပဲ နားလည်လို့ လာမယ်
အချစ်ဟာ အချစ်ရဲ့ သက်သေပဲ
အနမ်းနဲ့  ကိုယ်အနှိုးမှာ..
အိပ်မက်နဲ့  တို့ ဘ၀ တူညီနေတာကို .. မင်းတွေ့ ရမယ်.
အခုတော့ အိပ်ဦး... အချစ်ဆုံး...

5 comments:
တို့လည်း စိုင်းခမ်းလိတ်ရဲ့ စာသားတော်တော်များများကို ကြိုက်ပါတယ်။
ပြောရင်းနဲ့အိပ်ချင်လာပြီ
မနက်စောစောထပြီး စာကျက်မလို့ နေနေ့ပို့စ်ကြည့်ပြီး ပြန်အိပ်တော့မယ်။
ကိုထီးဆိုင် သီချင်းတွေကို နှစ်သက်တဲ.သူတစ်ယောက်
ဖြစ်တဲ.အတွက် ဂုဏ်ယူပါတယ်။
http://kohteesaing.webs.com ကိုလာလည်ဖို.ဖိတ်ခေါ်ပါတယ်။
http://www.kohteesaing.webs.com
Post a Comment