Pages

March 18, 2009

Rabbit Brand Seafood Delicacies

လုပ်စရာရှိတာလေးတွေ လုပ်ရင်း တစ်ဘက်က တစ်ခုခု ရေးမယ် စဉ်းစားတယ်။ ဟိုတို့ တိ ဒီတို့ တိ လုပ်ထားတာလေးတွေ အဆုံးသတ်ရင် ကောင်းမလား။ စမ်းကြည့်တယ်။ မဖြစ်ဘူး။ ဒါနဲ့  အစားအသောက် အကြောင်းပဲ ရေးဖြစ်သွားတယ်။ စားရတာ လွယ်သလို၊ ရေးရတာလဲ လွယ်တယ်။ အရသာရှိတဲ့ စာပေတွေ။

မနေ့ က စားဖြစ်တဲ့ နေ့ လယ်စာ။

တကယ်ဆို မနေ့  နေ့ လယ်က ထမင်းစားဖို့  စိတ်မပါခဲ့ဘူး။ ထမင်းစား မဆင်းပဲ နေမလို့ ၊ အလုပ်လူတွေက ဘယ်သူနဲ့ မှ ချိန်းထားတာ မရှိရင် သူတို့ နဲ့  အတူ လိုက်စားဆိုတာနဲ့  စားဖြစ်သွားတယ်။ အစားအသောက်ရွေးတဲ့ ကိုယ့်အကြောင်းသိနေတော့ ဘာစားချင်လည်း မေးရှာပါတယ်။သွားချင်တာသွား၊ စားချင်တာစား ဖြစ်တယ် ပြောလိုက်တော့ အဲဒီ ဆိုင်ကို သွားဖြစ်တယ်။ ဆိုင်နာမည်က "Rabbit Brand Seafood Delicacies"။

ကျွန်မ အတွက်တော့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းပဲ။ မဆိုးဘူး။ အစားအသောက်တွေက စားရတာ အဆင်ပြေတယ်။ အဲဒီမှာ ရတာတွေက Set Meal တွေ။ အစားအသောက်နဲ့ အတူ Drink + Dessert ပါပြီးသား။ အစားအသောက် စားပြီး တစ်ခုခုသောက်လေ့ရှိတဲ့ သူတွေအဖို့  အဆင်ပြေတယ်။

Set Meal အပြည့်အစုံ။ S$ 5.50 ပေးရတယ်။
no0dle + white fugus dessert + soup + chinese tea


ဒီနားက Food Court တွေမှာ S$3-4 နဲ့  စားဖို့  တစ်ခုခု ရနေတာ ထက်စာရင်တော့ နည်းနည်းများတယ် ပြောကြမလား။ Food Court မှာတော့ သောက်ဖို့ ဟာမပါတော့ ထပ်ဝယ်သောက်ရမှာပေါ့။ အလုပ်နားမှာ အဲလို ဆိုင်လေးတွေ အတော်များများ ရှိတယ်။ အခုဆိုင်က သူလို တခြားဆိုင်တွေနဲ့  နှိုင်းယှဉ်ကြည့်မယ်ဆို ဈေးသက်သာတယ် တောင်ပြောလို့  ရမယ်။ အဲလိုဆိုင်တွေမှာ စားရင် အဓိက`ကောင်းတဲ့ အချက်က အစားအသောက် အရသာတွေ။ Food Court မှာ စားရင် ကြုံနေကြ အမြဲတစ်မျိုးထဲ ဖြစ်နေတဲ့ အရသာတွေနဲ့  ကွဲထွက်နေတယ်။ အပြင်မှာပဲ စားလေ့ရှိတဲ့သူတွေ အတွက် ကောင်းတယ်။


ရေနွေးကို ဘီယာခွက်နဲ့  ထည့်သောက်တာ။ မနေ့ က ထမင်းစားပြီး ရေနွေး ၂ ခွက်လောက်သောက် ဖြစ်တယ်။ ရေနွေးကြမ်းနဲ့  ပန်းကန်သေးသေးလေးမှာ ထည့်ထားတဲ့ ငါးခြောက်ကြော်လို ဟာတွေက ကိုယ့်ဘာသာ ယူရတာယ်။ တစ်ခါထည့် မဟုတ်ဘူး၊ ကြိုက်သလောက် ထပ်ယူလို့ ရတယ်။ ရန်ကုန်က ငါးခြောက်ထောင်းကြော်လို ပဲ စပ်စပ်လေးနဲ့ စားလို့ ကောင်းတယ်။

Rabbit Brand Seafood Delicacies
11 Circular Road
Singapore 049367
Contact : 65570874

#02-114 Lucky Plaza
Singapore 238863
Contact : 67379722

WebSite : rabbitbrand.com.sg

Google ကြည့်တော့ Lucky Plaza မှာလည်း ဆိုင်ခွဲရှိတယ် သိရတယ်။ WebSite လည်းရှိတယ်။ ဘယ်ဈေးကြည့်လည်း ဘာတွေရလဲဆိုတာ စပ်စုကြည့်နိုင်ပါတယ်။ Menu ကြည့်ပြီးကြည့်တယ်ဆို သွားစာပေါ့နော်။

ဒါကတော့ တခြားတစ်ယောက် စားတဲ့ ဟင်း။

7 comments:

:P said...

နေနေစားတာမျိုးပဲ ကြိုက်မယ်ထင်တယ်...။
ဒီမှာက အပြင်ကအစာတွေကို မကြိုက်တတ်၊ မစားတတ်သေးဘူးဖြစ်နေတယ်..။ အပြင်မှာစားရတိုင်း ဗိုက်မဝပဲ မကြိုက်တော့လို့ ထားခဲ့ရပေါင်းများပြီ

nyimuyar said...

၅ ကျပ်ခွဲ ဈေးမကြီးဘူးလားဗျာ။

nyimuyar said...

၅ ကျပ်ခွဲ ဈေးမကြီးဘူးလားဗျာ။ စားလို့ တော့ ကောင်းမဲ့ပုံပါပဲ

Nay Nay Naing said...

နေနေလည်း အစားအသောက်ဆို အပြင်စာ မကြိုက်ဘူး။ အိမ်က ချက်တာမဟုတ်ရင် ချက်ထားတာကြာပြီး ပူပူနွေးနွေးမရှိ၊ အေးနေတဲ့ အစားအသောက်တွေ စားလို့  မ၀င်တာများတယ်။
ဒီရောက်ခါစကဆို Food Court/Hawker မှာ ချက်ပြီးသား ဟာတွေကို သွားစားရင် အတော်များများကို စားလို့  မ၀င်၊ မြိုချလို့ မရ ပြို့ တတ်လာတဲ့ အဆင့်။ ချက်ပုံချက်နည်း၊ ဟင်းအနံ့  အရမ်းရွေးတယ်။ ခုနောက်ပိုင်း တချို့  Food Court/Hawker က ချက်ပြီးသား အစားအသောက်တွေကို နည်းနည်း စားတတ်လာတယ်။ ဒါတောင် စားဖို့ မပြောနဲ့  လုံးဝ မကြည့်နိုင်တာမျိုးတွေ ရှိသေးတယ်။ အလုပ်နားမှာရှိတဲ့ FoodCourt တစ်ချို့ က အစားအစာတွေဆို စားလို့  လုံးဝ မရဘူး။ သူများတွေတောင် စားနိုင်တာ ငါလည်း စားနိုင်ရမှာပေါ့ဆို စမ်းပြီး သွားသွားစားတာ မအောင်မြင်သေးဘူး။
FoodCourt သွားလို့  ဘာမှရွေးစရာ မရှိတော့ဘူးဆို ခပ်ရှင်းရှင်း ChickenRice ပဲစားလိုက်တယ်။ လွန်ခဲ့တဲ့ ၂-၃ နှစ်လောက်က အလုပ်နားမှာ ကိုယ်စားလို့ ရတာ မရှိလို့  ChickenRice ကိုပဲ နေ့ လယ်စာ အဖြစ် လအတော်ကြာကြာ စားဖူးတယ်။ ကောင်းလို့ လားဆို အဲဒီ ChickenRice ကလည်း သိပ်မကောင်းလှပါဘူး။ ဒါပေမယ့် စားလို့ ဝင်သေးတယ်လေ။

Nay Nay Naing said...

ကို NyiMuYar ..
တခြားနေရာတွေ နဲ့ ယှဉ်ရင် ဈေးကြီးမယ် ထင်တယ်။
ဒီနားတ၀ိုက်မှာရှိတဲ့ ဆိုင်တွေက ဈေးကိုကြီးတယ်။ အနီးမဝေးက FoodCourt တွေမှာ သွားစားလည်း အစားအသောက် နဲ့  အအေးနဲ့ ဆို S$5 အောက်နဲ့ ရတာ ရှားတယ်။
ဈေးနည်းနည်းသက်သာတဲ့ FoodCourt တစ်ခုတော့ ရှိတယ်။ ဒါလည်း ၃-၄ ဒေါ်လာတော့ အနည်းဆုံးပဲ။

MrDBA said...

စာကောင်းမယ့်ပုံဘဲနော်။ စားကြပါ။ တို့ကတော့ ရုံးကင်တင်းမှာ ၂ကျပ်ခွဲတန်ကလွဲလို့ စားစရာမရှိ။
ဆင်ဆင် ..နောက်တစ်ခါအပြင်မှာစားရင် ကိုဒီဘီကိုခေါ်နော် ဆင်ဆင်မကုန်မှာကိုကြိုပေးထား ..

khin oo may said...

အတော်ကို စားနိုင်သောက်နိုင်နော်။ ပြောတော့အမ်အာတီ ကဒ်ထဲမှာ တစ်ဆယ်ထည့်ဘို့မနည်းပြောရတယ်