Pages

March 03, 2009

03 March 2009

မနေ့ က ခေါင်းကိုက်တာ နဲ့  စောစောအိပ်ဖြစ်တယ်...
ဖုန်းသံတစ်ခုကြောင့် လန့် နိုးလာတယ်.. ခေါင်းကိုက်တာက မသက်သာဘူး...
လန့် နိုးတဲ့ အရှိန်နဲ့ ဆိုတော့ ပိုဆိုးသွားသလိုပဲ.. နာရီကြည့်တော့ ၁၂း၃၀ ကျော်နေပြီ..
ဒီအချိန်ကြီး ဘယ်သူဖုန်းခေါ်လဲဆို နဂိုမရှည်တဲ့စိတ်.. ပိုတိုသွားတယ်..
ဖုန်းကိုကြည့်လိုက်တော့ နာမည် မဟုတ်ပဲ နံပါတ်တစ်ခု ပေါ်နေတယ်..
oversea နံပါတ်တစ်ခု .... ဒါနဲ့  ဖုန်းပြန်ဖြေလိုက်တယ်..
..... လိုချင်တာရှိရင် မှာနိုင်အောင် ဖုန်းဆက်တာတဲ့..
အဲဒီမှ ဖုန်းနံပါတ်ကို ပြန်ကြည့်ဖြစ်တယ်.. +၉၅ ဆိုတော့ ရန်ကုန်ကပေါ့
အဲဒီစကား မတိုင်ခင် ရှေ့ မှာ ၃-၄ ခွန်း ပြောရှာ ပါတယ်..
မူးနေတဲ့ ခေါင်း၊ အိပ်ချင်နေတဲ့ စိတ်နဲ့ ဆိုတော့ သေချာမကြားလိုက်ဘူး..
ထထိုင်ပြီး နားထောင်မှ ဘယ်သူဆိုတာ အသံမှတ်မိတော့တယ်..
အား.. ရတယ်.. အားနာစရာ.. ကိစ္စမရှိပါဘူး.. လုပ်ရတော့တာပေါ့..
တကယ်လည်း အားနာပါတယ်..
ဖုန်းမှာပေါ်နေတဲ့ နံပါတ်ကို ရွက်ပြပြီး နံပါတ်မှန်လား... နောက်ပြန်ခေါ်မယ်ပြောဖြစ်တယ်..
လိုချင်တာလဲ ၀ယ်လာပေးရအုံးမယ်.. ဖုန်းခတွေလည်း ကုန်အုံးမယ်ဆို ပိုပြီးအားနာစရာ..

ရန်ကုန်က ဘာမှာစရာရှိလဲဆို ဘာမှထွေထွေထူးထူး မှာစရာ မရှိဘူး..
ဒါပေမယ့် ခုလို သတိတရရှိတယ် သိရတာ၊ မှတ်မှတ်ရရ မေးတယ် ဆိုတာတွေ အတွက် ကျေးဇူးအတော်တင်နေပြီ...

ဟိုတလော အိမ်နဲ့ ဖုန်းပြောဖြစ်တုန်းက... တခြားသူငယ်ချင်းတစ်ယောက်ကလည်း အိမ်ကို ဖုန်းဆက်ပြီး ရန်ကုန် ပြန်ရောက်နေပါတယ်၊ ထည့်ပေးချင်တာရှိရင် ထည့်ပေးပါ မေးလာတယ် ဆိုတဲ့အကြောင်း အမေက ပြန်ပြောပြတယ်။ အဲဒီ သူငယ်ချင်းကိုလည်း သတိတရ မေးခဲ့တာ အတွက် ကျေးဇူးတင်ပါတယ်။ အပြင်မှာဆို ထွေထွေထူးထူး မပြောဖြစ်ဘူး။ ဒါပေမယ့် သူငယ်ချင်းတွေ အားလုံးရဲ့ ဂရုတစိုက်ရှိတာတွေ၊ သတိတရရှိတာတွေ၊ ကူညီကြတာတွေ အကုန်လုံးကို သတိထားမိခဲ့သလို စိတ်ထဲမှာလည်း အမြဲ အမှတ်ရနေပါတယ်...

No comments: