ဟိုတခါရေး ဖူးတယ်။ ကွန်ပြူတာမှာ KeyLogger တွေ ရှိနေရင် ဘယ်လိုလုပ်မလဲဆိုတဲ့ အကြောင်း။ KeyLogger တွေက ကွန်ပြူတာမှာ ကိုယ်ရိုက်ထည့်တဲ့ Key မှန်သမျှကို မှတ်ထားတယ်။ အဲဒီကတစ်ဆင့် တခြားသူတွေက ကိုယ့်ရဲ့ အချက်အလက်၊ password တွေရသွားကြတယ်။ ကိုယ့်ကွန်ပြူတာဆို တော်သေးတယ်။ KeyLogger ရှိမရှိ အမြဲ စစ်နေလို့ ရတယ်။ Public ကွန်ပြူတာတွေ သွားသုံးလို့  အဲဒီကွန်ပြူတာတွေမှာ KeyLogger ရှိမရှိက ကိုယ်က မသိနိုင်ဘူး။ သိအောင်စစ်နေဖို့ လဲ အချိန်က မရ။ ဒီလိုအခါတွေမှာ Firefox Addon တစ်ခုဖြစ်တဲ့ KeyScrambler ကိုသွင်းပြီး သုံးလို့ ရတယ်။
KeyScrambler က Keyboard က ကျွန်မတို့ ရိုက်ထဲလိုက်တဲ့ စာလုံးတွေကို Kernel Driver Level မှာ encrypt လုပ်ပေးတယ်။ Firefox Browser ကို ရောက်မှာသာ decript ပြန်ပြီး လုပ်ယူပါတယ်။ Keylocker တွေ အလုပ်လုပ်ပုံက ကျွန်မတို့  ရိုက်ထည့်လိုက်တဲ့ စာလုံးတွေ Keyboard ကနေ Operation System ကို အသွားမှာ မှတ်ယူ သိမ်းထား လိုက်တာ။ ဒီတော့ KeyScrambler သုံးမယ်ဆိုရင် စက်ထဲမှာ KeyLogger ရှိနေတယ် ဆိုလည်း ကျွန်မတို့ ရိုက်ထည့်လိုက်တာတွေကို မရတော့ပဲ KeyScrambler က encrypt လုပ်ထားတာတွေကိုပဲ ဖမ်းယူရသွားပါ လိမ့်မယ်။ အတော်လေး အသုံးဝင်ပါတယ်။
စမ်းသုံးချင်တယ်ဆို
တစ်ခုရှိတယ်။ Website မှာရေးထားတဲ့ ကွန်မန့် တွေအရ Game ကစားတဲ့သူတွေ တချို့ မှာ ပြဿနာ ရှိတယ် သိရတယ်။ ကျွန်မကတွက်တော့ ဘာမှ ပြဿနာမရှိ အဆင်ပြေပါတယ်။ စမ်းသွင်း သုံးကြည့်ပြီး မကြိုက်လို့  ပြန်ဖျက်ချင်တယ်ဆိုရင် Firefox Browser မှာ တင်မကဘူး၊ Programs မှာပါ ဖျက်ရပါမယ်။
Other post to read :
ကျွန်တော် နှစ်သက်သော Firefox Add-ons များ by ဖူးနုသစ် (ZT)
3 comments:
Keylogger လို့ထင်ပါတယ်။
ခက်မြင့်မြင့် ပြောတာမှန်ပါတယ် KeyLogger ပါ။
KeyLogger တွေက အင်တာနက်ဆိုင်တွေမှာ သွားသုံးမှ မဟုတ်ပါ။ ကိုယ်ပိုင် ကွန်ပြူတာနဲ့ပဲ အန္တရာယ်ရှိတဲ့ တခြား WebSite တွေကို သွားရင်းနဲ့လည်း Installed လုပ် ခံရတတ်ပါတယ်။ Drive-by Installed လုပ်ခံရတတ်ပါတယ်။ အဲလို အန္တရာယ်ရှိတဲ့ Web Site တွေကို သွားမိရင် Trojan တွေ KeyLogger တွေ Inject လုပ်ခံရတတ်ပါတယ်။
FireFox တို့ Internet Explorer တို့ သုံးရင် အဲဒီ Web Site တွေ ရန်ကနေ ကာကွယ်လို့ ရတဲ့ Add-on တွေ အကြောင်း ကျနော် ရေးထားတာ ရှိပါတယ်။ သည်မှာ ဖတ်ကြည့်ပါ။
http://aungthange.blogspot.com/2009/02/blog-post_12.html
မိုးမခ မှာလည်း တင်ထားပါတယ်။
http://moemaka.blogspot.com/2009/02/aung-thar-nge-web-surf-security.html
နောက်ထပ် စိတ်ဝင်စားရင် ဒါတွေ ဖတ်ကြည့်ပါ။
http://aungthange.blogspot.com/2009/02/blog-post_06.html
အဆင်ပြေပါစေ
ဟုတ်တယ် ကျွန်မမှားရေးတာ :) အဲ့လိုပဲ ..
Post a Comment